【 နိုင်ငံတကာ 】 တာလီဘန်တို့ အာဏာရယူပြီးနောက် အာဖဂန်သို့ သံအဖွဲ့စေလွှတ်သည့် ပထမဆုံးနိုင်ငံ တရုတ်ဖြစ်လာ

【 နိုင်ငံတကာ 】 တာလီဘန်တို့ အာဏာရယူပြီးနောက် အာဖဂန်သို့ သံအဖွဲ့စေလွှတ်သည့် ပထမဆုံးနိုင်ငံ တရုတ်ဖြစ်လာ

ပေကျင်း၊ စက်တင်ဘာ - ၁၄

မကြာသေးမီက ခန့်အပ်ခံလိုက်ရသော အာဖဂန်နစ္စတန်ဆိုင်ရာ တရုတ်သံအမတ် ကျောက်ရှန်သည် ဗုဒ္ဓဟူးနေ့၌ တာလီဘန်ဝန်ကြီးချုပ်ထံရောက်ရှိခြင်း အကြောင်းကြား တွေ့ဆုံခဲ့ပြီး တာလီဘန်တို့ သြဂုတ်လ ၂၀၂၁ ခုနှစ်၌ အာဏာသိမ်းယူပြီးနောက် ပထမဆုံး သံတမန်ဆက်ဆံရေး ဖြစ်လာခဲ့ပါတယ်။   

“အာဖဂန်နစ္စတန်ဆိုင်ရာ တရုတ်သံအမတ်အနေနဲ့ တာဝန်ထမ်းဆောင်ရတဲ့အတွက် အင်မတန်ဂုဏ်ယူမိပါတယ်” ဟု တရုတ်သံအမတ်က ဆိုပါတယ်။တရုတ်ခေါင်းဆောင်များ၏ တန်ဖိုးထားမှုများကိုလည်း ဖော်ပြခဲ့ပြီး နှုတ်ဆက်ဆုတောင်းခြင်းများလည်း ပြုလုပ်ခဲ့ပါတယ်။

တရုတ်သည် ကောင်းမွန်သော အိမ်နီးချင်းဖြစ်သည့်အလျောက် အာဖဂန်နစ္စတန်၏ အမှီအခိုကင်းရေး၊ နယ်မြေဂုဏ်သိက္ခာနှင့် ဆုံးဖြတ်ချက်များ လွတ်လပ်စွာချမှတ်နိုင်ရေးတို့ကို လေးစားကြောင်းလည်း ဆိုပါတယ်။တာလီဘန်အုပ်ချုပ်ရေးအောက်တွင် အကျင့်ပျက်ခြစားမှုများ၊ ရာဇဝတ်မှုနှင့် မူးယစ်ဆေးမှုများကို တိုက်ဖျက်ရာ၌ တိုးတက်မှုများ များစွာရရှိခဲ့ပြီး စီးပွားရေးနှင့် လုံခြုံရေးကောင်းမွန်မှုများ ဖြစ်စေခဲ့သည်ဟု ဆိုပါတယ်။

နှစ်နိုင်ငံအနေဖြင့် နိုင်ငံရေး၊ စီးပွားရေးနှင့် အခြားနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။

တာလီဘန်အုပ်ချုပ်ရေးကို ဦးစွာအသိအမှတ်ပြုခဲ့သော နိုင်ငံများအနက် တရုတ်နှင့် ရုရှားအပါအဝင်ဖြစ်ပြီး အာဖဂန်နှင့် ဆက်ဆံရေးကို နက်ရှိုင်းစေရန် မပျက်တိုက်တွန်းခဲ့ကြခြင်းလည်းဖြစ်ပါတယ်။တရုတ်သည် အာဖဂန်နစ္စတန်တွင် ဒေါ်လာသန်းချီ မြှုပ်နှံခဲ့ပါတယ်။

အာဖဂန်အတွက် နှစ်စဉ်ရရှိသော အကူအညီများကို အနောက်နိုင်ငံများက ရပ်တန့်လိုက်ပြီးနောက် ရင်းနှီးမြှုပ်နှံမှုများကို အပူတပြင်းလိုအပ်နေခြင်းဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် တရုတ်နိုင်ငံတစ်ခုတည်းက အာဖဂန်မြောက်ပိုင်း၌ ရေနံတူးဖော်သိုလှောင်ရေးလုပ်ရန် ဒေါ်လာ သန်း ၄၅၀ တန် စာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။

ဧပြီလတွင်လည်း အာဖဂန်၏ လစ်သီယန် သိုလှောင်မှုများကို ကောင်းမွန်တိုးတက်စေရန် တရုတ်ကုမ္ပဏီတစ်ခုက လက်လွှဲလုပ်ဆောင်ရေးအတွက် ဆွေးနွေးခဲ့ကြပါတယ်။

တရုတ်သည် ပြီးခဲ့သောနှစ်များ၌ ပါကစ္စတန်ရှိ တာလီဘန်များ၏ အကြမ်းဖက်မှုကိုခံခဲ့ရသော်လည်း တာလီဘန်တို့အား တရုတ်က မိတ်ဆွေအဖြစ် ဖော်ပြခဲ့ပြီး ပေကျင်း၏ ပြည်တွင်းရေး၌ ဝင်ရောက်နှောက်ယှက်မည်မဟုတ်ကြောင်းနှင့် နယ်မြေခြိမ်းခြောက်ခြင်းများရှိမည်မဟုတ်ကြောင်း ကတိကဝတ်ပြုခဲ့ပါတယ်။

Linko
Ref - Wion