【 နိုင်ငံတကာ 】 တရုတ်နိုင်ငံ၏ ကျေးလက်ကားလမ်း ဖောက်လုပ်မှုသည် ထင်ရှားသော တိုးတက်မှုရလဒ်များရရှိ

【 နိုင်ငံတကာ 】 တရုတ်နိုင်ငံ၏ ကျေးလက်ကားလမ်း ဖောက်လုပ်မှုသည် ထင်ရှားသော တိုးတက်မှုရလဒ်များရရှိ

ပေကျင်း၊ မတ် - ၁၈
 
ပြီးခဲ့သည့် နှစ်များအတွင်း “ကျေးလက်ကားလမ်းများ” အရည်အသွေးမြင့် ဖွံ့ဖြိုးရေးကို ဆက်တိုက်မြှင့်တင်ခြင်းဖြင့် တရုတ်နိုင်ငံ၏ ကျေးလက်ကားလမ်းများ ဖောက်လုပ်ရာတွင် ထင်ရှားသော ရလဒ်များ ရရှိခဲ့ပါတယ်။
 
လက်ရှိ တစ်ပြည်လုံးရှိ အခြေအနေပြည့်စုံသော မြို့ရွာတိုင်းတွင် asphalt ကားလမ်းများ ရှိလာကြပါတယ်။
 
ပြီးခဲ့သည့် ၁၀ နှစ်အတွင်း ကျေးလက် ကားလမ်းများ ကီလိုမီတာ ၂.၅ သန်းကို အသစ် ဖောက်လုပ် (သို့) ပြုပြင်မွမ်းမံ ဖောက်လုပ်ခဲ့ပြီး ယမန်နှစ်ကုန်ပိုင်းအထိ ကျေးလက်ကားလမ်း၏ စုစုပေါင်းခရီးအကွာအဝေးသည် ကီလိုမီတာ ၄ သန်း ၆ သိန်းအထိရှိလာခဲ့သည်ဟု China Media Group သတင်းအရ သိရပါတယ်။