【 နိုင်ငံတကာ 】ဘုံအနာဂတ်ရှိသော လူ့အဖွဲ့အစည်းကိုအားပေးရန် တရုတ်နှင့်အင်ဒိုနီးရှားသဘောတူ

【 နိုင်ငံတကာ 】ဘုံအနာဂတ်ရှိသော လူ့အဖွဲ့အစည်းကိုအားပေးရန် တရုတ်နှင့်အင်ဒိုနီးရှားသဘောတူ 

ယခုလအစောပိုင်းတွင် ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားလမ်း၏ ပင်မလမ်းကြောင်းတွင် သံလမ်းများကိုတည်ငြိမ်စေမည့် ဝန်ဖိအားများကို ချထားလိုက်သောကြောင့် ရပ်ဝန်းနှင့် လမ်းအစီအစဉ် (BRI) စီမံကိန်းအတွက် ခိုင်မာသောအုတ်မြစ်များချကာ တရုတ်နှင့် အင်ဒိုနီးရှားအကြား လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို ပြသနေပြီဖြစ်ပါတယ်။

တစ်နာရီလျှင် ကီလိုမီတာ ၃၅၀ အထိမောင်းနှင်ရန် ပုံစံထုတ်ထားသော ထိုရထားလမ်းသည် တရုတ်နည်းပညာနှင့် တည်ဆောက်နေပြီး ထိုရထားလမ်းသည် ဂျကာတာနှင့် အင်ဒိုနီးရှားတွင် စတုတ္ထအကြီးဆုံးမြို့ဖြစ်သော ဘန်ဒေါင်းအကြား သွားလာမှုကြာချိန်ကို ၃ နာရီမှ ၄၀ မိနစ်သို့ လျှော့ချပေးမည်ဖြစ်ပါတယ်။ အင်ဒိုနီးရှားသမ္မတဂျိုကို ဝီဒိုဒိုနှင့် ပေကျင်းတွင်တွေ့ဆုံစဉ်အတွင်း အင်္ဂါနေ့က တရုတ်သမ္မတ ရှီကျင့်ဖျင်က ဂျကာတာ-ဘန်ဒေါင်းရထားလမ်းအပါအဝင် အဓိကကျသည့် ၂ နိုင်ငံပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများသည် အဆင်ပြေချောမွေ့မည်ဟု မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။

တချိန်တည်းတွင် ဝီဒိုဒိုကလည်း ထိုစီမံကိန်းသည် ၂ နိုင်ငံချစ်ကြည်ရေးတွင် သမိုင်းမှတ်တိုင်ဖြစ်ကြောင်းပြောပါတယ်။ နှစ်နိုင်ငံခေါင်းဆောင်များ၏ လမ်းညွှန်မှုအောက်တွင် တရုတ်နှင့် အင်ဒိုနီးရှားတို့သည် ဘုံအနာဂတ်ရှိသော တရုတ်-အင်ဒိုနီးရှား လူမှုအဖွဲ့အစည်းကို တည်ဆောက်နေခြင်းဖြစ်ပြီး ၂ နိုင်ငံဆက်ဆံရေးပုံစံသည် နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့်ရေကြောင်း ပူးပေါင်းဆောင်ရွက်မှု ၄ ဘီးမောင်းပုံစံကို ဖေါ်ပြနေပါတယ်။

“တရုတ်နဲ့အင်ဒိုနီးရှားဟာ ဖွံ့ဖြိုးမှုအဆင့်တူပြီး အကျိုးစီးပွားချင်းက ဆက်စပ်နေကြသလို တူညီတဲ့ အတွေးအခေါ်နဲ့ ဖွံ့ဖြိုးရေးလမ်းကြောင်းကိုလိုက်နေပြီး အရမ်းနီးကပ်စွာ ဆက်စပ်နေတဲ့ အနာဂတ်ကို မျှဝေပိုင်ဆိုင်ကြတယ်” ဟု ရှီကပြောပြီး ဘုံရည်မှန်းချက်ရှိသော တရုတ်-အင်ဒိုနီးရှား လူမှုအသိုက်အဝန်း တည်ဆောက်ရေးသည် နှစ်နိုင်ငံပြည်သူမျာ၏ ဘုံရည်မှန်းချက်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ခိုင်မာသော တရုတ်အင်ဒိုနီးရှားဆက်ဆံရေးသည် ၂ နိုင်ငံဘုံအကျိုးစီးပွားကိုသာမက ဒေသတွင်းနှင့် ကမ္ဘာ့တည်ငြိမ်ရေးအတွက် အပြုသဘောဆောင်ပြီး ကြီးမားသည့် သက်ရောက်မှုရှိကြောင်းလည်းရှီက ပြောခဲ့ပါတယ်။

Linko

Ref:CMG

ပေကျင်း၊ ဇူလိုင် ၂၇