【 နိုင်ငံတကာ 】တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတဘိုင်ဒင် ဖုန်းဖြင့် ဆွေးနွေး

【 နိုင်ငံတကာ 】တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတဘိုင်ဒင် ဖုန်းဖြင့် ဆွေးနွေး

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ တောင်းဆိုမှုကြောင့် ဇူလိုင်လ ၂၈ ရက်နေ့ညတွင် ဖုန်းဖြင့်ဆက်သွယ်ပြောကြားခဲ့ကြပါတယ်။ သမ္မတနှစ်ဦးတို့သည် ပွင့်လင်းစွာ ဆက်သွယ်ပြီး တရုတ်- အမေရိကန်ဆက်ဆံရေးနှင့် အပြန်အလှန် အကျိုးတူကိစ္စများကို အမြင်ဖလှယ်ခဲ့ကြပါတယ်။ 
ယနေ့ကမ္ဘာတွင် မတည်ငြိမ်သော လမ်းကြောင်းများနှင့် အသွင်ကူးပြောင်းမှုများဖြစ်နေကြောင်း သမ္မတရှီက ထောက်ပြပြီး တိုးတက်မှုနှင့်လုံခြုံမှု ချို့တဲ့ခြင်းသည် မကြာမီကျရောက်တော့မည်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ အပြောင်းအလဲများနှင့် ဖရိုဖရဲဖြစ်မှုများကို ရင်ဆိုင်နေရသောကြောင့် နိုင်ငံတကာအသိုက်အဝန်းနှင့် ကမ္ဘာတဝှမ်းမှ ပြည်သူများသည် ငြိမ်းချမ်းရေးနှင့် လုံခြုံရေး၊ တိုးတက်မှုနှင့် ချမ်းသာကြွယ်ဝခြင်းကို မြှင့်တင်ရာတွင် တရုတ်နှင့် အမေရိကန်တို့ ဦးဆောင်ခြင်းကို  မျှော်လင့်နေကြောင်းပြောခဲ့ပါတယ်။ ထိုကိစ္စသည် အဓိက အင်အားကြီးနိုင်ငံ ၂ ခုအနေဖြင့် တရုတ်နှင့်အမေရိကန်ပြည်ထောင်စုတို့၏ ဝတ္တရားဖြစ်ကြောင်းလည်း ရှီက ပြောခဲ့ပါတယ်။ 
တရုတ်-အမေရိကန် ဆက်ဆံရေးကို သေနင်္ဂဗျူဟာ အားပြိုင်မှုအရ ဖွင့်ဆိုချဉ်းကပ်ခြင်း၊ အခြေခံပြိုင်ဘက်နှင့် ရေရှည်တွင် အပြင်းထန်ဆုံး ပြိုင်ဘက်အဖြစ်မြင်ခြင်းသည် တရုတ်-အမေရိကန်ဆက်ဆံရေးကို နားလည်မှုလွဲမှားခြင်းနှင့် တရုတ်နိုင်ငံတိုးတက်မှုကို မှားယွင်းဖွင့်ဆိုခြင်းဖြစ်ပြီး ၂ နိုင်ငံပြည်သူများနှင့် နိုင်ငံတကာ အသိုက်အဝန်းကိုပါ နားလည်မှုလွဲစေမည်ဖြစ်ကြောင်း သမ္မတရှီက အလေးထားပြောခဲ့ပါတယ်။ 
နှစ်နိုင်ငံလုံးသည် အဆင့်အသီးသီးတွင် ဆက်သွယ်မှုထားရှိပြီး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် လက်ရှိရှိပြီးသား လမ်းကြောင်းများကို အကောင်းဆုံး အသုံးချရမည်ဖြစ်ကြောင်း သူက ပြောပါတယ်။ ကမ္ဘာ့စီးပွားရေးရင်ဆိုင်နေရသည့် စိန်ခေါ်မှုအများအပြားကို အသိအမှတ်ပြုပြီး တရုတ်နှင့်အမေရိကန် ပြည်ထောင်စုတို့သည် မက်ခရိုစီးပွားရေးမူဝါဒများညှိနှိုင်းခြင်း၊ ကမ္ဘာ့စက်မှုနှင့် ကုန်စည်ဖြန့်ချိရေး လမ်းကြောင်းများ တည်ငြိမ်ရေးနှင့် ကမ္ဘာ့ရိက္ခာနှင့်လောင်စာလုံလောက်ရေး စသည့်အရေးပါသော ပြဿနာများတွင် ဆက်ဆံရေးထိန်းသိမ်းထားရန်လိုကြောင်း ပြောပါတယ်။ 
အခြေခံ ဥပဒေသများကို ဆန့်ကျင်ပြီး အချိတ်အဆက်ဖြတ်ခြင်း သို့မဟုတ် ကုန်စည်ဖြန့်ချိရေး ကွင်းဆက်များကို ဖြတ်တောက်ခြင်းသည် အမေရိကန်စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုမည်မဟုတ်ကြောင်း ရှီက ပြောပါတယ်။ နှစ်ဘက်လုံးသည် ကမ္ဘာ့ပြဿနာဒေသများတွင် တင်းမာမှုလျှော့ချရေး၊ ကိုဗစ်နိုင်တင်းကို ကမ္ဘာတွင် အစောဆုံး ကင်းစင်စေရေး၊ ရပ်တန့်ဖောင်းပွ စီးပွားပျက်ကပ်လျှော့ချရေးတို့အတွက် အတူလုပ်ကိုင်ရန်လိုပြီး နိုင်ငံတကာဥပဒေအရ ကုလသမဂ္ဂနှင့် နိုင်ငံတကာစနစ်ကို ဗဟိုပြူသော ကမ္ဘာစနစ်ကို ဆုတ်ကိုင်ရန်လိုကြောင်း အလေးထားပြောခဲ့ပါတယ်။ 
သမ္မတရှီသည် ထိုင်ဝမ်ပြဿနာနှင့်ပတ်သက်သည့် တရုတ်၏အဓိကသဘောထားကိုလည်း ရှင်းပြခဲ့ပါတယ်။  ထိုင်ဝမ်၏ သမိုင်းဆိုင်ရာ အသေးစိတ်ပြဿနာများသည် ရှင်းလင်ကြောင်း ရှီက မီးမောင်းထိုးပြပြီး အလားတူစွာပင် ထိုင်ဝမ်ရေလက်ကြားတဘက်တချက်ဆီမှ အခြေအနေနှင့် အချက်အလက်များသည် တစ်ခုတည်းသော တရုတ် နိုင်ငံနှင့်သာ သက်ဆိုင်ကြောင်းပြောခဲ့ပါတယ်။ တရုတ်-အမေရိကန် ပူးတွဲကြေညာချက် ၃ စောင်တွင် နှစ်ဘက်ကပြုလုပ်ခဲ့သည် နိုင်ငံရေးကတိကဝတ်များပါဝင်ပြီး တရုတ်တစ်နိုင်ငံတည်း မူဝါဒသည် တရုတ်အမေရိကန်ဆက်ဆံရေး၏ အုတ်မြစ်ဖြစ်ကြောင်း ပြောပါတယ်။ ထိုင်ဝမ်လွတ်လပ်ရေး ခွဲထွက်ရေးလှုပ်ရှားမှုများနှင့် ပြည်ပအင်အားစုများ ဝင်ရောက်စွက်ဖက်ခြင်းကို တရုတ်က အခိုင်အမာဆန့်ကျင်ကြောင်းနှင့် ထိုင်ဝမ်လွတ်လပ်ရေးအင်အားစုများကို အခွင့်အရေး မည်သည့်ပုံစံမျှ မည်သည့်အခါမျှ ပေးမည်မဟုတ်ကြောင်း ပြောပါတယ်။ တရုတ်နိုင်ငံနှင့် တရုတ်ပြည်သူများ၏ ထိုင်ဝမ် ပြဿနာအပေါ်အမြင်သည် တစ်သမတ်တည်းရှိပြီး တရုတ်နိုင်ငံအချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို ပြတ်ပြတ်သားသားကာကွယ်ခြင်းသည် တရုတ်ပြည်သူ ၁.၄ ဘီလီယံ၏ ခိုင်မာသော ဆန္ဒဖြစ်ကြောင်း ရှီကပြောပါတယ်။ 
အများပြည်သူအမြင်ကို အာခံမရကြောင်း ရှီက ပြောပါတယ်။ မီးနှင့်ကစားသူသည် မီးနှင့်သေရမည်။ အမေရိကန် ပြည်ထောင်စုသည် ထိုကိစ္စကို ရှင်းရှင်းလင်းလင်းမြင်မည်ဟုမျှော်လင့်သည်။ အမေရိကန် ပြည်ထောင်စုသည် တရုတ်တစ်နိုင်ငံတည်းမူကိုလေးစားသင့်ပြီး ပူးတွဲကြေညာချက်သုံးစောင်ကို စကားနှင့်သာမက လက်တွေ့ဖြင့်ပါ အကောင်အထည်ဖေါ်သင့်ကြောင်း ရှီက ပြောခဲ့ပါတယ်။ 
သမ္မတဘိုင်ဒင်ကလည်း ကမ္ဘာသည် အရေးကြီးသည့် အခြေအနေရောက်နေကြောင်းပြောပါတယ်။ တရုတ်- အမေရိကန် ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံပြည်သူများကိုသာမက ကမ္ဘာ့ပြည်သူများကိုလည်း အကျိုးရှိစေမည်။ အပြန်အလှန်နားလည်မှုတိုးတက်စေရန်နှင့် နားလည်မှုလွဲခြင်းနှင့် အတွက် အချက်မှားခြင်း မဖြစ်စေရန် တရုတ်နှင့် ဆက်သွယ်ရေးလမ်းကြောင်းကို ဖွင့်ထားရန် အမေရိကန်ပြည်ထောင်စုက မျှော်လင့်ပြီး နှစ်နိုင်ငံအကျိုးစီးပွားတူသောကိစ္စများတွင် ပူးပေါင်းဆောင်ရွက်ပြီး တစ်ချိန်တည်းတွင် သဘောထားကွဲလွဲမှုများကို စနစ်တကျဖြေရှင်းရမည်ဟု ဘိုင်ဒင်က ပြောခဲ့ပါတယ်။ 
အမေရိကန်ပြည်ထောင်စု၏ တရုတ်တစ်နိုင်ငံတည်းမူသည် မပြောင်းလဲကြောင်းနှင့် ပြောင်းလဲမည်မဟုတ်ကြောင်း၊ အမေရိကန် ပြည်ထောင်စုသည် ထိုင်ဝမ်လွတ်လပ်ရေးကို မထောက်ခံကြောင်း ဘိုင်ဒင်က ပြောခဲ့ပါတယ်။ 
သမ္မတ ၂ ဦးသည် ယူကရိန်းကိစ္စကိုလည်း အမြင်ချင်းဖလှယ်ခဲ့ပါတယ်။ ရှီက တရုတ်၏ မူရှိသော သဘောထားကို ထပ်လောင်းပြောကြားခဲ့ပါတယ်။
သမ္မတ ၂ ဦးလုံးက ယခုဖုန်းဖြင့်ဆက်သွယ်မှုသည် ပွင့်လင်းနက်ရှိုင်းကြောင်းပြောခဲ့ပါတယ်။ ၎င်းတို့ ၂ ဦးဆက်လက် ထိတွေ့ဆက်ဆံရန်နှင့် အစိုးရ ၂ ခုအကြား ဆက်သွယ်ရန်နှင့် ပူးပေါင်းဆောင်ရွက်ရန် ညွှန်ကြားမည်ဖြစ်ကြောင်း ကတိပြုခဲ့ကြပါတယ်။ 
 
Linko
 
Ref:CMG
 
ပေကျင်း၊ ဇူလိုင် ၂၉