【 နိုင်ငံတကာ 】ကမ္ဘာ့ဈေးကွက်များ အီရန်ရေနံနှင့်ဓာတ်ငွေ့လိုအပ်နေကြောင်း ရေနံဝန်ကြီးပြော

【 နိုင်ငံတကာ 】ကမ္ဘာ့ဈေးကွက်များ အီရန်ရေနံနှင့်ဓာတ်ငွေ့လိုအပ်နေကြောင်း ရေနံဝန်ကြီးပြော

ကမ္ဘာ့ဈေးကွက်များသည် ယခုနှစ် ဆောင်းရာသီအတွက် အီရန်ရေနံနှင့်သဘာဝဓာတ်ငွေ့ လိုအပ်နေကြောင်း အီရန်ရေနံဝန်ကြီး ဂျာဗတ် အော်ဂျီက ဗီယင်နာတွင် အီရန်နျူကလီးယားအစီအစဉ်ဆွေးနွေးပွဲများအတွက် စုဝေးနေသော သံတမန်များကို ပြောကြားလိုက်ပါတယ်။

အစိုးရသတင်းစာမျက်နှာဖြစ်သော IRNA ကလည်း အိုပက်နှင့်ဆွေးနွေးဖက်နိုင်ငံများအစည်းအဝေးမှ သီးခြား အစည်းအဝေးတစ်ခုတွင် အော်ဂျီက “ဒီနှစ်ဆောင်းရာသီဟာ ဥရောပနဲ့ ကမ္ဘာအတွက် အရမ်းအရေးကြီးပြီး သူတို့အနေနဲ့ပြင်ဆင်ထားသင့်တယ်” ဟု ပြောခဲ့ကြောင်း ဖေါ်ပြခဲ့ပါတယ်။

၂၀၁၅ ခုနှစ်တွင် JCPOA  ဟုခေါ်သည့် အီရန် နျူကလီးယား သဘောတူစာချုပ်မှ သမ္မတ ဒေါ်နယ်ထရမ့် နုတ်ထွက်ပြီးနောက် အပြင်းထန်ဆုံးဖိအားပေးသော အချိန်မှစတင်ပြီးနောက် ၂၀၁၈ ခုနှစ်တွင် အီရန်ရေနံတင်ပို့ခြင်းကို ပိတ်ဆို့အရေးယူထားပါတယ်။ ထိုဆွေးနွေးပွဲများကို ၂၀၂၁ ခုနှစ် ဧပြီလမှစတင်ပြီး ပြန်လည်အသက်သွင်းရန် ကြိုးစားနေသော်လည်း အောင်မြင်ခြင်း မရှိသေးပေ။

ထိုအရေးယူပိတ်ဆို့မှုများကြောင့် အီရန်၏ ရေနံတင်ပို့မှုသည် ၂၀၁၉ ခုနှစ်တွင် တစ်နေ့လျှင် စည်ပေါင်း ၃ သိန်း အထိကျ ဆင်းသွားသော်လည်း နျူကလီးယား ဆွေးနွေးပွဲများ ပြန်လည်စတင်ပြီးနောက် တင်ပို့မှုမှာ တစ်နေ့လျှင် စည်ပေါင်း တစ်သန်းအထိ ပြန်လည်မြင့်မားလာသည်။ နျူကလီးယား ဆွေးနွေးပွဲများ အောင်မြင်ပြီး အမေရိကန် ပြည်ထောင်စုက အရေးယူမှုများ ရုပ်သိမ်းလိုက်ပါက အီရန်သည် တစ်နေ့လျှင် စည်ပေါင်း ၂ သန်းအထိ တင်ပို့နိုင်မှာဖြစ်ပါတယ်။

သို့သော်အီရန်သည် ကမ္ဘာတွင် ဒုတိယအကြီးမားဆုံး ဓာတ်ငွေ့သိုက်များရှိသော်လည်း ကမ္ဘာ့ဈေးကွက်သို့ ဓာတ်ငွေ့ အများအပြား တင်ပို့နိုင်ခြင်းမရှိပေ။ နည်းပညာရင်းနှီးမြှုပ်နှံမှု  လိုအပ်သောကြောင့် ဓာတ်ငွေ့ထုတ်လုပ်မှု ကျဆင်းနေပြီး ပြည်တွင်း သုံးစွဲမှုကလည်း မြင့်မားနေပါတယ်။ အရေးယူပိတ်ဆို့မှုအများစုကို ရုပ်သိမ်းလိုက်ပါက အနာဂတ်တွင် ထုတ်လုပ်မှုတိုးမြှင့်ရေးတွက် အနောက်နိုင်ငံများမှ ပူးပေါင်းဆောင်ရွက်သူများကို ရှာဖွေနိုင်မည်ဖြစ်ပါတယ်။

ကမ္ဘာ့ဈေးကွက်သို့ အီရန်ရေနံများ ပြန်လည်ရောက်ရှိရေးသည် အရေးပါကြောင်း အော်ဂျီပြောကြားပြီး စွမ်းအင် အရေးယူပိတ်ဆို့မှုနှင့်ပတ်သက်သည့် အီရန်၏ သဘောထားကို ထပ်မံအတည်ပြု ပြောကြားလိုက်ပါတယ်။ သို့သော်အီရန်သည် နျူကလီးယား အစီအစဉ်ကို တိုးချဲ့နေပြီး လက်နက်ထုတ်လုပ်နိုင်သည့် စွမ်းရည်ရှိကြောင်းပြောခဲ့ပါတယ်။

Linko

Ref: Caspian News

ဗီယင်နာ ၊ ဩဂုတ် ၄