【 နိုင်ငံတကာ အနုပညာ 】 ကာရာ ဒယ်လ်ဗင်း၏ ဒေါ်လာ ၇ သန်းတန်အိမ် မီးလောင်သည့်အကြောင်းအရင်း မိဘများ ထုတ်ဖော်ပြောဆို

【 နိုင်ငံတကာ အနုပညာ 】 ကာရာ ဒယ်လ်ဗင်း၏ ဒေါ်လာ ၇ သန်းတန်အိမ် မီးလောင်သည့်အကြောင်းအရင်း မိဘများ ထုတ်ဖော်ပြောဆို

လော့စ်အိန်ဂျလိစ်၊ မတ် - ၁၉

ရုပ်ရှင်မင်းသမီး ကာရာ ဒယ်လ်ဗင်း၏ ဒေါ်လာ ၇ သန်းတန် အိမ်ကို မီးလောင်ပျက်စီးစေသည့် အကြောင်းအရင်းကို သူ၏မိဘများ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ယခင်က ဖော်ပြခဲ့သည့်အတိုင်း ထိုရုပ်ရှင်မင်းသမီး၏ လော့စ်အိန်ဂျလိစ်နေအိမ် မီးလောင်ပြီး လုံးဝပြာကျသွားပါတယ်။မီးလောင်သည့်အချိန်တွင် ကာရာသည် နေအိမ်တွင်မရှိဘဲ လန်ဒန်တွင် Cabaret ဂီတဖျော်ဖြေပွဲ ပြုလုပ်နေပါတယ်။

Only Murders In The Building ဇာတ်ကားမှ မင်းသမီး ကာရာသည် ထိုကြောက်မက်ဖွယ် မီးလောင်မှုအကြောင်း သူ၏ Instagram တွင် ရေးသားခဲ့ပါတယ်။

သူသည် သူ၏ ပါရှန်းကြောင် ၂ ကောင်၏ ဓာတ်ပုံတစ်ပုံကိုလည်း တင်ပြီး သူ၏ အဖိုးတန်သော ကလေးများ ဘေးကင်းကြောင်း ပရိသတ်များကို ပြသခဲ့ပါတယ်။

“သူတို့လေးတွေ အသက်ရှင် လွတ်မြောက်ကြတယ်။မီးသတ်သမားတွေရဲ့ ကျေးဇူးကြောင့်ပေါ့” ဟု သူမက ရေးသားခဲ့ပါတယ်။

“ကျမရဲ့အသည်းနှလုံးတွေ ဒီနေ့ကြေကွဲရတယ်။မယုံနိုင်လောက်အောင်ပါပဲ။ဘဝဟာ မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲသွားနိုင်တယ်။အမြတ်တနိုးထားခဲ့တဲ့ ပိုင်ဆိုင်မှုတွေ” ဟု သူဆက်လက်ရေးသားခဲ့ပြီး သူမ၏ အိမ်ပြင်ပတွင် မီးသတ်ကားအများအပြား ရပ်ထားသည့် ဗီဒီယိုများကို တင်ခဲ့ပါတယ်။

သူမ၏ မိဘများက မီးလောင်ရသည့် အကြောင်းရင်းကို ဖော်ထုတ်ပြောဆိုခဲ့ပါတယ်။သတင်းထောက်များက မေးသောအခါ သူ၏ဖခင်က လျှပ်စစ်ကြောင့်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

“သူပိုင်ဆိုင်သမျှ အရာရာက အဲဒီအိမ်ထဲမှာ။သူ့ဘဝတစ်ခုလုံးက အဲဒီအိမ်ထဲမှာ” ဟု ကာရာ၏ မိခင် ပြောပါတယ်။

“ဒီအိမ်ကို သူဆောက်ခဲ့တာ။သူတည်ထောင်ခဲ့တာ။ဒီအိမ်ထဲမှာ သူ့ဘဝအတွက် အရာရာရှိနေတယ်” ဟုလည်း သူကပြောခဲ့ပါတယ်။

ထိုစဉ်က ထိုဒေသတွင် လေပြင်းများတိုက်သောကြောင့် လျှပ်စစ်လိုင်းများပေါ်သို့ တစ်စုံတစ်ခုပြုတ်ကျခဲ့ကြောင်း ကာရာ၏ ဖခင်က ဆက်လက်ရှင်းပြခဲ့ပါတယ်။

စိုးချစ်
သတင်းရင်းမြစ် -The Times