【နိုင်ငံတကာ】အမေရိကန်က နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောကို တောင်တရုတ်ပင်လယ်သို့ စေလွှတ်

【နိုင်ငံတကာ】အမေရိကန်က နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောကို တောင်တရုတ်ပင်လယ်သို့ စေလွှတ်

အမေရိကန်ပြည်ထောင်စုမှ နျူကလီးယားစွမ်းအင်သုံးလေယာဉ်တင် သင်္ဘောကြီးဖြစ်သည့် USS Ronald Reagan သည် တောင်တရုတ်ပင်လယ်သို့ ဝင်ရောက်လာသောကြောင့် ယနေ့ခေတ်ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်းရေးအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ရမည်ဖြစ်ပါတယ်။ ဝါရှင်တန်က တင်းမာမှုများမြှင့်တင်နေချိန်တွင် အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပယ်လော့စီက ရန်စသည့် အလားအလာရှိသော ထိုင်ဝမ်ခရီးစဉ်မတိုင်မီ ထိုလေယာဉ်တင် သင်္ဘောကြီး ဝင်ရောက်လာခြင်းဖြစ်ပါတယ်။

သူမသည် ထိုင်ဝမ်သို့ သွားရောက်သည့် အဆင့်အမြင့်ဆုံး အမေရိကန် အရာရှိဖြစ်လာမည်ဖြစ်သည်။ ထိုင်ဝမ်သည် ၎င်းတို့ပိုင်နက်ဖြစ်သည်ဟု ပေကျင်းက ၁၉၉၇ ခုနှစ်ကစတင်သတ်မှတ်ထားပါတယ်။ ပေကျင်းက ထိုခရီးစဉ်နှင့်ပတ်သက်၍ သတိပေးပြီး ပယ်လော့စီ ထိုင်ဝမ်သို့သွားပါက အကျိုးဆက်များကို အမေရိကန်က တာဝန်ယူရမည်ဟု ပြောထားပါတယ်။ သို့သော် ထိုခရီးစဉ်ကို အတည်မပြုရသေးပေ။ တရုတ်စစ်တပ်သည် ထိုင်ကြည့်နေမည်မဟုတ်ဘဲ ထိုင်ဝမ် လွတ်လပ်ရေး ခွဲထွက်ရန်ကြိုးစားမှုတွင် ပြည်ပစွက်ဖက်မှုကို တားဆီးရန် ပြတ်ပြတ်သားသား လုပ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ကျောက်လီကျန်းပြောပါတယ်။

ဝါရှင်တန်ကလည်း ထိုခရီးသွားဖြစ်လျှင် ပယ်လော့စီသွားဖြစ်လျှင် သူမလေယာဉ်ကို ကာကွယ်ရန် ဂျက်တိုက်လေယာဉ်များ၊ စစ်သင်္ဘောများနှင့် ထောက်လှမ်းရေးရင်းမြစ်များကို ခရီးမတိုင်မီစေလွှတ်မည်ဟု ပြောထားပါတယ်။

Linko

Ref: Morning Star

ဝါရှင်တန်၊ ဇူလိုင် ၂၉