【နိုင်ငံတကာ】မြောက်ကိုရီးယားက စစ်အင်အား တစ်သိန်း ရုရှားကို ကူညီမည်ဟု ရုရှား ရုပ်သံကြေညာ

【နိုင်ငံတကာ】မြောက်ကိုရီးယားက  စစ်အင်အား တစ်သိန်း ရုရှားကို ကူညီမည်ဟု ရုရှား ရုပ်သံကြေညာ

ရုရှားက ယူကရိန်ကျူးကျော်မှုကို အင်အားဖြည့်ရန် တပ်သား တစ်သိန်းစေလွှတ်ရန် ကမ်းလှမ်းကြောင်း ရုရှားနိုင်ငံ အစိုးရ ရုပ်သံက ကြေညာလိုက်ပါတယ်။

မြောက်ကိုရီးယားက ကမ်းလှမ်းသည် မကမ်းလှမ်းသည်ကို လတ်တလောအတည်ပြုနိုင်ခြင်း မရှိသေးပေ။ သို့သော် ရုရှားကာကွယ်ရေး သဘောတရားဆရာကြီး အီဂေါ ကိုရော့ချန်ကိုက ထိုအချက်ကို အမြတ်ထုတ်တာဖြစ်ပါတယ်။

“မြောက်ကိုရီးယားက စေတနာ့ဝန်ထမ်းတပ် တစ်သိန်းပို့မယ်လို့ ကမ်းလှမ်းတယ်ဆိုတဲ့ သတင်းတွေ ကြားနေတယ်” ဟု ကိုရော့ချန်ကိုက ချန်နယ်ဝမ်း ရုပ်သံသို့ ပြောပါတယ်။

“မြောက်ကိုရီးယားက ယူကရိန်းဖက်ဆစ်တွေကို တိုက်ဖို့ နိုင်ငံတကာတာဝန်ကို ဖြည့်ဆည်းဖို့ ဆန္ဒပြုလာတယ်ဆိုရင် ကျနော်တို့က ခွင့်ပြုရမှာပဲ” ဟု သူက ပြောပါတယ်။

ထို့ကြောင့် မြောက်ကိုရီးယားက စေလွှတ်မည့် စေတနာ့ဝန်ထမ်းတပ်များတွင် မည်သို့သော သူများ ပါလာမည်ကို မစဉ်းစားသည့် သဘောဖြစ်နေပါတယ်။

ရုရှားသြဇာခံနိုင်ငံများသည် ယူကရိန်း စစ်ပွဲသို့ စေတနာ့ဝန်ထမ်းတပ်များစေလွှတ်သည်ဟု သတင်းထွက်နေချိန်တွင် မြောက်ကိုရီးယားက စေတနာ့ဝန်ထမ်းတပ် စေလွှတ်သည့် သတင်းထွက်လာခြင်းဖြစ်ပါတယ်။ အနောက်နိုင်ငံများကမူ ပူတင်သည် ရုရှားနိုင်ငံအတွင်းတွင်ပင် နိုင်ငံရေး ထောက်ခံမှုမရသည့် သဘောဖြစ်ကြောင်း ယူဆကြပါတယ်။

Linko

Ref: New York Post

မော်စကို၊ ဩဂုတ် ၆