【နိုင်ငံတကာ】တရုတ်သမ္မတက ဆီနီဂေါသမ္မတနှင့်တွေ့ဆုံ

【နိုင်ငံတကာ】တရုတ်သမ္မတက ဆီနီဂေါသမ္မတနှင့်တွေ့ဆုံ

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဟန်နစ္စဘတ်၌ကျင်းပသည့် BRICS ထိပ်သီးခေါင်းဆောင်များတွေ့ဆုံ ဆွေးနွေးပွဲ တက်ရောက်နေစဉ် ဒေသစံတော်ချိန် ဩဂုတ်လ ၂၃ရက် မွန်းလွဲပိုင်းက ဆီနီဂေါသမ္မတဆယ်လ်နှင့်တွေ့ဆုံခဲ့ကြောင်း China Media Group သတင်းတွင် ဖော်ပြချက်အရ သိရသည်။

အဆိုပါတွေ့ဆုံရာတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က လက်ရှိနိုင်ငံတကာအခြေအနေသည် လေးနက်ပြီး ရှုပ်ထွေးသော အပြောင်းအလဲများ ကြုံတွေ့နေရပြီး တရုတ်နှင့်အာဖရိကတို့သည် စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ယခင်ကထက် ပိုမိုခိုင်မာစေရန်လိုအပ်ကြောင်း၊ G20 တွင်အာဖရိကသမဂ္ဂ ပါဝင်ရန်ကို တရုတ်နိုင်ငံက ထောက်ခံကြောင်း စသည်ဖြင့်ပြောကြားသည်။

ဆီနီဂေါသမ္မတ ဆယ်လ်ကလည်း ဆီနီဂေါနှင့်တရုတ်နိုင်ငံတို့သည် အရည်အသွေးမြင့်မားသော ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်များဖြစ်ပြီး သမ္မတရှီကျင့်ဖိန်သည် အာဖရိကနှင့်ဆီနီဂေါ၏ မွန်မြတ်သော မိတ်ဆွေတစ်ဦး ဖြစ်ကြောင်း၊ ရိုးသားမှုနှင့် ချစ်ကြည်ရင်းနှီးမှု စိတ်ဓာတ်ဖြင့် နှစ်ဘက်တို့သည် အခြေခံအဆောက်အအုံ၊ စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် ပညာရေးစသည့် နယ်ပယ်များစွာတွင် အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်ခဲ့ကြောင်း စသည်ဖြင့် ပြောကြားသွားခဲ့သည်။

ပေကျင်း၊ ဩဂုတ် ၂၃