【 အလှအပနှင့် ကျန်းမာရေး 】Rota virus ဝမ်းပျက်ဝမ်းလျှောရောဂါ

【  အလှအပနှင့် ကျန်းမာရေး  】Rota virus ဝမ်းပျက်ဝမ်းလျှောရောဂါ

Rota virus ကြောင့်ဖြစ်သော ဝမ်းပျက် ဝမ်းလျှောခြင်းဖြစ်သည်။ အသက်ငါးနှစ်အောက်ကလေးငယ်များတွင် အဖြစ်များပြီး အသက်တနှစ်အောက်ကလေးငယ်များတွင် ဖြစ်ပွားပါက ပြင်းထန်တတ်ပါသည်။

ဘယ်လိုကူးစက်သလဲ?
Rota ဗိုင်းရပ်စ်ပိုးသည် မစင်မှတစ်ဆင့် အစားအစာ၊ ရေနှင့် ကလေးကစားစရာများဆီသို့ ပျံ့နှံကာ ပါးစပ်အတွင်းသို့ဝင်ရောက်သော နည်းလမ်းဖြင့် ကူးစက်ပါသည်။ ရောဂါပိုးရှိသော ကလေးဟာ ဝမ်းမပျက်ခင် ၂ရက်မှစပြီး ဝမ်းပျက်ပြီး ၁၀ရက်လောက်အထိ ဝမ်းထဲမှာ ဒီပိုးကို စွန့်ထုတ်နိုင်ပါတယ်။ ကိုယ်ခန္ဓာပြင်ပမှာ ၉ရက်မှ ၁၉ရက်အထိ ရှင်သန်နိုင်ပါတယ်။

အဖြစ်များသော အသက်အရွယ်များ
Rota ဗိုင်းရပ်စ်ဝမ်းပျက်ဝမ်းလျှောရောဂါကို ကလေးတိုင်းလိုလို အသက်ငါးနှစ်အတွင်း အနည်းဆုံး တစ်ကြိမ်ခန့်ဖြစ်ဖူးကြပီး အသက်၅ နှစ်အောက်ကလေးများတွင် ရောဂါကူးစက်လွယ်ပါသည်။ အသက်၅နှစ်အထက်နှင့် လူကြီးများတွင်မူ ခုခံကာကွယ်နိုင်စွမ်းရှိ၍ လွယ်ကူစွာ မကူးစက်နိုင်ပါ။

ရောဂါလက္ခဏာများ
-ဝမ်းပျက်ဝမ်းလျှောခြင်း
-ဖျားခြင်း
-ပျို့အန်ခြင်း နှင့်
-ဗိုက်အောင့်ခြင်း
-မအီမသာဖြစ်ခြင်း
(ကလေးငယ်များတွင် များသောအားဖြင့် အနည်းငယ်မအီမသာဖြစ်ခြင်းမှာ ၃ရက်မှ ၈ရက်အထိ ကြာမြင့်တတ်သည်)
အထူးသတိပြုရန်မှာ ရေဓါတ်ခန်းခြောက်သော လက္ခဏာများဖြစ်သည်-
-ဆီးနည်းခြင်း
-အရေပြားခြောက်ခြင်း၊ အာခေါင်ခြောက်ခြင်း
-မျက်တွင်းချို့င့်ခြင်း၊ ငယ်ထိပ်ခွက်ခြင်း စတဲ့ ရေဓါတ်ဆုံးရှုံးတဲ့ လက္ခဏာတွေ သင့်ကလေးငယ်မှာရှိလာရင်တော့ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောခြင်း့ဖစ်ပီး အသက်သေဆုံးနိုင်ပါသည်။ Rota ဗိုင်းရပ်စ်ဝမ်းပျက်ဝမ်းလျှောရောဂါသည် ကလေးငယ်များတွင် တစ်ကြိမ်ထက်ပို၍ ဖြစ်နိုင်ပါသည်။ သို့သော် ပထမအကြိမ်ရောဂါဖြစ်ခြင်းလောက် ပြင်းထန်မှုမရှိပါ။ ကလေးငယ်၏ ခန္ဓာကိုယ်တွင်း Rota ဗိုင်းရပ်စ်ခုခံကာကွယ်နိုင်စွမ်း အတန်အသင့်ရရှိမှုကြောင့် ဖြစ်သည်။

Rota ဗိုင်းရပ်စ်ကို ကာကွယ်နိုင်ပါသလား?
Rota ဗိုင်းရပ်စ် ဝမ်းပျက်ဝမ်းလျှောရောဂါသည် ပြင်းထန်လျှင် ကလေးငယ် အသက်သေဆုံးသည်အထိ ဖြစ်နိုင်သောကြောင့် ကြိုတင်ကာကွယ်သင့်ပါသည်။ ယခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်အစီအစဉ်တွင် အသက်၂လနှင့် ၄လအရွယ် ကလေးငယ်များကို Rota ဗိုင်းရပ်စ်ကာကွယ်ဆေး ကို ထည့်သွင်းတိုက်ကျွေးနေပီဖြစ်သည်။

Rota ဗိုင်းရပ်စ်ကာကွယ်ဆေး အကြောင်း
ထိုးဆေးမဟုတ်ပါ။ အစောဆုံး အသက်တစ်လခွဲကစလို့ တိုက်ကျွေးနိုင်သည်။  ကလေးအသက် ၂လ-၄လ-၆လ အရွယ်များတွင် သုံးကြိမ်ပါးစပ်မှ တိုက်ကျွေးနိုင်သည်။ ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်အစီအစဉ်တွင်မူ အသက်၂လနှင့် ၄လအရွယ်များတွင်သာ နှစ်ကြိမ်သာ ထည့်သွင်းထားသည်။ ကာကွယ်ဆေးတိုက်ပြီးနောက် သာမန်ကာကွယ်ဆေးတုံ့ပြန်မှုများ (ဂျီကျခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း) တခါတရံဖြစ်တတ်သည်မှလွဲ၍ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးမရှိဘဲ အန္တရာယ်ကင်းပါသည်။

မထိုးသင့်သော ကလေးငယ်များ ရှိပါသလား?
-ယခင်အကြိမ် တိုက်ကျွေးစဉ်က ပြင်းထန်စွာ ဓါတ်မတည့်ခြင်းဖြစ်ဖူးသူများ၊ ပြင်းထန်စွာ ခုခံအားကျဆင်းနေသော ကလေးငယ်များတွင် မတိုက်ကျွေးသင့်ပါ။
-ကလေးဖျားနာခြင်း၊ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း သို့မဟုတ် အန်နေလျှင် ကလေးအခြေအနေသက်သာမှသာ ကာကွယ်ဆေးတိုက်သင့်ပါသည်။
-အူစွတ်ဝင်ခြင်း (Intussusception) ဖြစ်ဖူးသည့် ကလေးငယ်များ၊ သို့မဟုတ် အူလမ်းကြောင်းပုံမှန်မဟုတ်သော ကလေးများတွင် ဆရာဝန်နှင့် တိုင်ပင်ပြီးမှ ကာကွယ်ဆေးထိုးသင့်ပါသည်။

ကာကွယ်ဆေးသည် Rota ဗိုင်းရပ်စ်ကြောင့်ဖြစ်သော ဝမ်းလျှောခြင်းကိုသာ ကာကွယ်နိုင်ပြီး အခြားပိုးများကြောင့်ဖြစ်သော ဝမ်းပျက်ဝမ်းလျှောခြင်းများကို မကာကွယ်နိုင်ပါ။ ဒါကြောင့် လက်ခဏခဏဆေးခြင်း၊ တကိုယ်ရည်သန့်ရှင်းရေးဂရုစိုက်ခြင်း၊ ရေသန့် သို့မဟုတ် ရေကိုကျိုချက်သောက်ခြင်း၊ အသက်၆လအထိ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးခြင်း စတာတွေဖြင့်လည်း ဝမ်းမလျှောအောင် ဂရုစိုက်သင့်ပါသည်။
ကျန်းမာပျော်ရွှင်ကြပါစေ။ ။

ဇီဝက ( ဆေး-၁ )

(  Zawgyi  )

 Rota virus ေၾကာင့္ျဖစ္ေသာ ဝမ္းပ်က္ ဝမ္းေလွ်ာျခင္းျဖစ္သည္။ အသက္ငါးႏွစ္ေအာက္ကေလးငယ္မ်ားတြင္ အျဖစ္မ်ားၿပီး အသက္တႏွစ္ေအာက္ကေလးငယ္မ်ားတြင္ ျဖစ္ပြားပါက ျပင္းထန္တတ္ပါသည္။

ဘယ္လိုကူးစက္သလဲ?
Rota ဗိုင္းရပ္စ္ပိုးသည္ မစင္မွတစ္ဆင့္ အစားအစာ၊ ေရႏွင့္ ကေလးကစားစရာမ်ားဆီသို႔ ပ်ံ႕ႏွံကာ ပါးစပ္အတြင္းသို႔ဝင္ေရာက္ေသာ နည္းလမ္းျဖင့္ ကူးစက္ပါသည္။ ေရာဂါပိုးရွိေသာ ကေလးဟာ ဝမ္းမပ်က္ခင္ ၂ရက္မွစၿပီး ဝမ္းပ်က္ၿပီး ၁၀ရက္ေလာက္အထိ ဝမ္းထဲမွာ ဒီပိုးကို စြန႔္ထုတ္ႏိုင္ပါတယ္။ ကိုယ္ခႏၶာျပင္ပမွာ ၉ရက္မွ ၁၉ရက္အထိ ရွင္သန္ႏိုင္ပါတယ္။

အျဖစ္မ်ားေသာ အသက္အ႐ြယ္မ်ား
Rota ဗိုင္းရပ္စ္ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါကို ကေလးတိုင္းလိုလို အသက္ငါးႏွစ္အတြင္း အနည္းဆုံး တစ္ႀကိမ္ခန႔္ျဖစ္ဖူးၾကပီး အသက္၅ ႏွစ္ေအာက္ကေလးမ်ားတြင္ ေရာဂါကူးစက္လြယ္ပါသည္။ အသက္၅ႏွစ္အထက္ႏွင့္ လူႀကီးမ်ားတြင္မူ ခုခံကာကြယ္ႏိုင္စြမ္းရွိ၍ လြယ္ကူစြာ မကူးစက္ႏိုင္ပါ။

ေရာဂါလကၡဏာမ်ား
-ဝမ္းပ်က္ဝမ္းေလွ်ာျခင္း
-ဖ်ားျခင္း
-ပ်ိဳ႕အန္ျခင္း ႏွင့္
-ဗိုက္ေအာင့္ျခင္း
-မအီမသာျဖစ္ျခင္း
(ကေလးငယ္မ်ားတြင္ မ်ားေသာအားျဖင့္ အနည္းငယ္မအီမသာျဖစ္ျခင္းမွာ ၃ရက္မွ ၈ရက္အထိ ၾကာျမင့္တတ္သည္)
အထူးသတိျပဳရန္မွာ ေရဓါတ္ခန္းေျခာက္ေသာ လကၡဏာမ်ားျဖစ္သည္-
-ဆီးနည္းျခင္း
-အေရျပားေျခာက္ျခင္း၊ အာေခါင္ေျခာက္ျခင္း
-မ်က္တြင္းခ်ိဳ႕င့္ျခင္း၊ ငယ္ထိပ္ခြက္ျခင္း စတဲ့ ေရဓါတ္ဆုံးရႈံးတဲ့ လကၡဏာေတြ သင့္ကေလးငယ္မွာရွိလာရင္ေတာ့ ျပင္းထန္ဝမ္းပ်က္ဝမ္းေလွ်ာျခင္း့ဖစ္ပီး အသက္ေသဆုံးႏိုင္ပါသည္။ Rota ဗိုင္းရပ္စ္ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါသည္ ကေလးငယ္မ်ားတြင္ တစ္ႀကိမ္ထက္ပို၍ ျဖစ္ႏိုင္ပါသည္။ သို႔ေသာ္ ပထမအႀကိမ္ေရာဂါျဖစ္ျခင္းေလာက္ ျပင္းထန္မႈမရွိပါ။ ကေလးငယ္၏ ခႏၶာကိုယ္တြင္း Rota ဗိုင္းရပ္စ္ခုခံကာကြယ္ႏိုင္စြမ္း အတန္အသင့္ရရွိမႈေၾကာင့္ ျဖစ္သည္။

Rota ဗိုင္းရပ္စ္ကို ကာကြယ္ႏိုင္ပါသလား?
Rota ဗိုင္းရပ္စ္ ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါသည္ ျပင္းထန္လွ်င္ ကေလးငယ္ အသက္ေသဆုံးသည္အထိ ျဖစ္ႏိုင္ေသာေၾကာင့္ ႀကိဳတင္ကာကြယ္သင့္ပါသည္။ ယခုႏွစ္ ေဖေဖာ္ဝါရီလမွ စတင္ကာ ပုံမွန္ကာကြယ္ေဆးထိုး၊ ေဆးတိုက္အစီအစဥ္တြင္ အသက္၂လႏွင့္ ၄လအ႐ြယ္ ကေလးငယ္မ်ားကို Rota ဗိုင္းရပ္စ္ကာကြယ္ေဆး ကို ထည့္သြင္းတိုက္ေကြၽးေနပီျဖစ္သည္။

Rota ဗိုင္းရပ္စ္ကာကြယ္ေဆး အေၾကာင္း
ထိုးေဆးမဟုတ္ပါ။ အေစာဆုံး အသက္တစ္လခြဲကစလို႔ တိုက္ေကြၽးႏိုင္သည္။  ကေလးအသက္ ၂လ-၄လ-၆လ အ႐ြယ္မ်ားတြင္ သုံးႀကိမ္ပါးစပ္မွ တိုက္ေကြၽးႏိုင္သည္။ ပုံမွန္ကာကြယ္ေဆးထိုး ေဆးတိုက္အစီအစဥ္တြင္မူ အသက္၂လႏွင့္ ၄လအ႐ြယ္မ်ားတြင္သာ ႏွစ္ႀကိမ္သာ ထည့္သြင္းထားသည္။ ကာကြယ္ေဆးတိုက္ၿပီးေနာက္ သာမန္ကာကြယ္ေဆးတုံ႔ျပန္မႈမ်ား (ဂ်ီက်ျခင္း၊ အန္ျခင္း၊ ဝမ္းေလွ်ာျခင္း) တခါတရံျဖစ္တတ္သည္မွလြဲ၍ ျပင္းထန္ေသာ ေဘးထြက္ဆိုးက်ိဳးမရွိဘဲ အႏၲရာယ္ကင္းပါသည္။

မထိုးသင့္ေသာ ကေလးငယ္မ်ား ရွိပါသလား?
-ယခင္အႀကိမ္ တိုက္ေကြၽးစဥ္က ျပင္းထန္စြာ ဓါတ္မတည့္ျခင္းျဖစ္ဖူးသူမ်ား၊ ျပင္းထန္စြာ ခုခံအားက်ဆင္းေနေသာ ကေလးငယ္မ်ားတြင္ မတိုက္ေကြၽးသင့္ပါ။
-ကေလးဖ်ားနာျခင္း၊ ဝမ္းပ်က္ဝမ္းေလွ်ာျဖစ္ျခင္း သို႔မဟုတ္ အန္ေနလွ်င္ ကေလးအေျခအေနသက္သာမွသာ ကာကြယ္ေဆးတိုက္သင့္ပါသည္။
-အူစြတ္ဝင္ျခင္း (Intussusception) ျဖစ္ဖူးသည့္ ကေလးငယ္မ်ား၊ သို႔မဟုတ္ အူလမ္းေၾကာင္းပုံမွန္မဟုတ္ေသာ ကေလးမ်ားတြင္ ဆရာဝန္ႏွင့္ တိုင္ပင္ၿပီးမွ ကာကြယ္ေဆးထိုးသင့္ပါသည္။

ကာကြယ္ေဆးသည္ Rota ဗိုင္းရပ္စ္ေၾကာင့္ျဖစ္ေသာ ဝမ္းေလွ်ာျခင္းကိုသာ ကာကြယ္ႏိုင္ၿပီး အျခားပိုးမ်ားေၾကာင့္ျဖစ္ေသာ ဝမ္းပ်က္ဝမ္းေလွ်ာျခင္းမ်ားကို မကာကြယ္ႏိုင္ပါ။ ဒါေၾကာင့္ လက္ခဏခဏေဆးျခင္း၊ တကိုယ္ရည္သန႔္ရွင္းေရးဂ႐ုစိုက္ျခင္း၊ ေရသန႔္ သို႔မဟုတ္ ေရကိုက်ိဳခ်က္ေသာက္ျခင္း၊ အသက္၆လအထိ မိခင္ႏို႔တစ္မ်ိဳးတည္း တိုက္ေကြၽးျခင္း စတာေတြျဖင့္လည္း ဝမ္းမေလွ်ာေအာင္ ဂ႐ုစိုက္သင့္ပါသည္။
က်န္းမာေပ်ာ္႐ႊင္ၾကပါေစ။ ။

ဇီဝက ( ေဆး-၁ )