【 အနုပညာ 】BL ပရိသတ်တွေအတွက်လည်း စိတ်ထဲအမြဲရှိနေတယ်ဆိုတဲ့ သရုပ်ဆောင် မင်းသွေးခန့်

【  အနုပညာ  】BL ပရိသတ်တွေအတွက်လည်း စိတ်ထဲအမြဲရှိနေတယ်ဆိုတဲ့ သရုပ်ဆောင် မင်းသွေးခန့်

BL (Boy Love) တစ်ယောက်အဖြစ် လူသိများတဲ့ သရုပ်ဆောင် မင်းသွေးခန့်ဟာ သူ့ရဲ့ ပထမဆုံး ခေါင်းဆောင် မင်းသားအဖြစ် ရိုက်ကူးမယ့် ဇာတ်ကားမှာ မင်းသမီးနှစ်လက်နဲ့ တွဲကာ သရုပ်ဆောင်ရပေမယ့် သူ့ကို အခိုင်အမာ အားပေးနေတဲ့ BL ပရိသတ်တွေအတွက်လည်း အစီအစဉ်ကောင်းတွေကို ရိုက်ကူးသွားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
 
“ပရိသတ်က ကျွန်တော့်ကို BL ဆိုပြီးတော့ မြင်ကြတယ်၊ ဒါကတော့ ပရိသတ်အမြင်ပေါ့နော်၊ အမြင်က အမျိုးမျိုးရှိတယ်လေ၊ တကယ်တော့ BL ဆိုတဲ့သဘောတရားက ယောကျ်ားလေး စစ်ခြင်းမစစ်ခြင်းကို ခွဲခြားပြီး မြင်တာမဟုတ်ဘူး၊ အဓိက ကတော့ သူတို့ချစ်တဲ့
ယောကျ်ားလေးတစ်ယောက်ကို မိန်းကလေးနဲ့ သဝန်တို ရမှာထက် ယောကျ်ားလေးအချင်းချင်းပဲ ပေးစားလိုက်မယ်ဆိုတာမျိုးပေါ့၊ တကယ်တမ်း ကိုယ်တွေက မိန်းမ လိုမျိုး ခြောက်သွားရင် သူတို့ကြိုက်မှာမဟုတ်ဘူးလေ၊ အခုတော့ ဒီဘက်မှာ ဇာတ်ကားရိုက်ပေမယ့် BL Fan တွေနဲ့ ကလေးတွေအတွက်လည်း ကျွန်တော် သစ္စာရှိရှိ အလုပ်လုပ်ပါဦးမယ်”လို့ သရုပ်ဆောင် မင်းသွေးခန့်က ရှင်းပြပါတယ်။
 
သူဟာ တက်သစ်စအနုပညာရှင်တစ်ယောက်ဖြစ်သလို ပရိသတ်အကြိုက်နဲ့ ထပ်တူမကျတဲ့အခါတွေလည်း ရှိလာနိုင်တဲ့အတွက် သရုပ်ဆောင်တာကို ကြည့်ရှုရင်း အကြံပြုတာတွေကိုလည်း လုပ်ဆောင်နိုင်ကြောင်း၊ လက်ရှိ ရိုက်ကူးတော့မယ့် ဇာတ်ကားအတွက် ဇာတ်ကားထဲက ကာရိုက်တာအတိုင်းဖြစ်နိုင်ဖို့ စိတ်အားထည့်ထားတာကြောင့် အမှားရှိခဲ့ပါက ထောက်ပြပေးဖို့လည်း ဖိတ်ခေါ်ပြောဆိုထားပါတယ်။ 
 
“သရုပ်ဆောင်သစ် တစ်ယောက် အနေနဲ့ ရုပ်ရှင်လောကထဲကို ခြေလှမ်း ချရတာက ဟင်းအရသာတစ်ခုကို အမြည်းကျွေးသလိုပဲ၊ ဘယ်လို ပြောရမလဲ ဆိုရင် အပေ့ါအငန် သိပ်မသိဘူး၊ ကျွန်တော်လုပ်တာနည်းနည်း ပေါ့လုပ်တဲ့ဟာရှိမယ်၊ အလေး လုပ်တဲ့ဟာရှိမယ် ပရိသတ်ကြီးက ဘယ်ဟာကြိုက်လဲမသိဘူး၊ အဲ့ဒါကြောင့် အစပိုင်းမှာ ပရိသတ် အကြိုက်နဲ့ ကိုယ့်အကြိုက် နည်းနည်းလေး ကွဲပြားကောင်း ကွဲပြားနိုင်ပါတယ်၊ ပရိသတ်အကြိုက်ဖြစ်အောင် အကောင်းဆုံး ကြိုးစားသွားမှာပါ၊ ဒီဘက်ပရိသတ်လည်းကြိုက်အောင် ဟိုဘက်ပရိသတ်လည်းကြိုက်အောင် မျှပြီးလုပ်သွားဖို့ ရှိပါတယ်၊ အနုပညာလမ်းကြောင်းမှာ ကျွန်တော်ခြေလှမ်းမှားခဲ့တာရှိရင်လည်း ကိုယ့်ရဲ့ တူလို သားလို ဆုံးမပေးကြပါလို့ ပြောကြား လိုပါတယ်”လို့လည်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။
 
သူဟာ အင်ဂျင်နီယာဘွဲ့ရဖို့ ကြိုးပမ်းနေရင်း ကျောင်းပြီးခါနီးမှာ သူဝါသနာပါတဲ့အနုပညာအလုပ်တွေကိုလည်း တစ်ဖက်က လုပ်ကိုင်နေသူ ဖြစ်သလို မိန်းကလေးပရိသတ်တွေသာမက ယောကျ်ားလေးပရိသတ်တွေပါ အားပေးတာကိုလည်း ခံရတဲ့ သရုပ်ဆောင်တစ်ဦးလည်း ဖြစ်လာတယ်လို့ သိရပါတယ်။ 
 
မင်းခေတ်လင်း 
ရန်ကုန်၊ ဇန်နဝါရီ ၂၆ 
 
(  Zawgyi  )
 
 
“ပရိသတ်က ကျွန်တော့်ကို BL ဆိုပြီးတော့ မြင်ကြတယ်၊ ဒါကတော့ ပရိသတ်အမြင်ပေါ့နော်၊ အမြင်က အမျိုးမျိုးရှိတယ်လေ၊ တကယ်တော့ BL ဆိုတဲ့သဘောတရားက ယောက်ျားလေး စစ်ခြင်းမစစ်ခြင်းကို ခွဲခြားပြီး မြင်တာမဟုတ်ဘူး၊ အဓိက ကတော့ သူတို့ချစ်တဲ့
ယောက်ျားလေးတစ်ယောက်ကို မိန်းကလေးနဲ့ သဝန်တို ရမှာထက် ယောက်ျားလေးအချင်းချင်းပဲ ပေးစားလိုက်မယ်ဆိုတာမျိုးပေါ့၊ တကယ်တမ်း ကိုယ်တွေက မိန်းမ လိုမျိုး ခြောက်သွားရင် သူတို့ကြိုက်မှာမဟုတ်ဘူးလေ၊ အခုတော့ ဒီဘက်မှာ ဇာတ်ကားရိုက်ပေမယ့် BL Fan တွေနဲ့ ကလေးတွေအတွက်လည်း ကျွန်တော် သစ္စာရှိရှိ အလုပ်လုပ်ပါဦးမယ်”လို့ သရုပ်ဆောင် မင်းသွေးခန့်က ရှင်းပြပါတယ်။
 
 
“သရုပ်ဆောင်သစ် တစ်ယောက် အနေနဲ့ ရုပ်ရှင်လောကထဲကို ခြေလှမ်း ချရတာက ဟင်းအရသာတစ်ခုကို အမြည်းကျွေးသလိုပဲ၊ ဘယ်လို ပြောရမလဲ ဆိုရင် အပေါ့အငန် သိပ်မသိဘူး၊ ကျွန်တော်လုပ်တာနည်းနည်း ပေါ့လုပ်တဲ့ဟာရှိမယ်၊ အလေး လုပ်တဲ့ဟာရှိမယ် ပရိသတ်ကြီးက ဘယ်ဟာကြိုက်လဲမသိဘူး၊ အဲ့ဒါကြောင့် အစပိုင်းမှာ ပရိသတ် အကြိုက်နဲ့ ကိုယ့်အကြိုက် နည်းနည်းလေး ကွဲပြားကောင်း ကွဲပြားနိုင်ပါတယ်၊ ပရိသတ်အကြိုက်ဖြစ်အောင် အကောင်းဆုံး ကြိုးစားသွားမှာပါ၊ ဒီဘက်ပရိသတ်လည်းကြိုက်အောင် ဟိုဘက်ပရိသတ်လည်းကြိုက်အောင် မျှပြီးလုပ်သွားဖို့ ရှိပါတယ်၊ အနုပညာလမ်းကြောင်းမှာ ကျွန်တော်ခြေလှမ်းမှားခဲ့တာရှိရင်လည်း ကိုယ့်ရဲ့ တူလို သားလို ဆုံးမပေးကြပါလို့ ပြောကြား လိုပါတယ်”လို့လည်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။
 
သူဟာ အင်ဂျင်နီယာဘွဲ့ရဖို့ ကြိုးပမ်းနေရင်း ကျောင်းပြီးခါနီးမှာ သူဝါသနာပါတဲ့အနုပညာအလုပ်တွေကိုလည်း တစ်ဖက်က လုပ်ကိုင်နေသူ ဖြစ်သလို မိန်းကလေးပရိသတ်တွေသာမက ယောက်ျားလေးပရိသတ်တွေပါ အားပေးတာကိုလည်း ခံရတဲ့ သရုပ်ဆောင်တစ်ဦးလည်း ဖြစ်လာတယ်လို့ သိရပါတယ်။ 
 
မင်းခေတ်လင်း 
ရန်ကုန်၊ ဇန်နဝါရီ ၂၆