【 အနုပညာ 】အလှူခရီးစဉ်တွေလုပ်ဆောင်ရင်းနဲ့ အချိန်ကုန်ဆုံးနေတယ်ဆိုတဲ့ တေးသံရှင် ထူးအယ်လင်း

【 အနုပညာ  】အလှူခရီးစဉ်တွေလုပ်ဆောင်ရင်းနဲ့ အချိန်ကုန်ဆုံးနေတယ်ဆိုတဲ့ တေးသံရှင် ထူးအယ်လင်း

တေးသံရှင် ထူးအယ်လင်းဟာ အခုလိုကာလမှာ နယ်တကာလှည့်လည်သွားလာရင်း အလှူခရီးစဉ်တွေကို လုပ်ဆောင်ကာ အချိန်တွေ ကုန်ဆုံးနေတယ်လို့ သိရပါတယ်။

“ကျွန်တော်က အိမ်မှာ တစ်ရက်နှစ်ရက်နေတယ်၊ ပြီးတော့ ခရီးတွေထပ်သွားတယ်၊ ခရီးတွေ သွားနေတာနဲ့ပဲ အချိန်တွေကုန်ဆုံးခဲ့ပါတယ်၊ အကူအညီလိုအပ်တဲ့သူတွေက ဖေ့ဘွတ်ကနေ ဆက်သွယ်ကြတယ်၊ ဖုန်းနံပါတ် လေးတွေကို အရင်ပို့ကြတယ်၊ တစ်ချို့ဆိုရင်လည်း ဗီဒီယိုဖိုင်လေး တွေ ပို့တယ်၊ တကယ်လိုအပ်တယ်ဆိုတဲ့ ရွာတွေကို ကွင်းဆင်းသွားကြည့်တယ်၊ ပြီးတော့ လှူဖို့လက်ခံပြီးတော့ ပြီးမြောက်အောင်ကူညီတယ်၊ ဒါက ကိုယ်တစ်ယောက်တည်း အားနဲ့တော့မဟုတ်ဘူး၊ ကိုယ်တစ်ယောက်တည်းဆိုရင် ဒီလောက်လှူလို့ရမှာ မဟုတ်ဘူး၊ ဆိုင်ကယ်ချစ်သူတွေ၊ သူငယ်ချင်းတွေ၊ ပရိသတ်တွေ၊ ညီအစ်ကိုတွေအများကြီး ပေါင်းပြီးလုပ်တာ ဖြစ်ပါတယ်”လို့ သူက ရှင်းပြပါတယ်။

သူဟာ အကူအညီလိုအပ်တဲ့ကျေးရွာတွေရဲ့ လမ်းတွေ၊ ဘုန်းကြီးကျောင်း၊ သိမ်၊ စာသင်ကျောင်း၊ စေတီ တည်တာတွေအပါအဝင်ဒေသခံ အသင်း အဖွဲ့တွေကိုလည်းလှူပေးခဲ့ကြပြီး COVID စတင်ဖြစ်ပွားချိန် ကာလ နေပြည်တော် ပုဗ္ဗသီရိဆေးရုံမှာ PPE ဝတ်စုံ လေးစုံပဲရှိတဲ့အတွက် အကူအညီ ပေးလှူဒါန်းရာကနေ အခုလို အလှူတွေ ဆက်တိုက်စတင်ဖြစ်ခဲ့တာလို့ သိရပါတယ်။“အခုတော့ မလှူဖူးတဲ့နေရာ ခပ်ရှားရှားပဲ၊ ကျွန်တော် အိမ်မှာ နေချင်ပေမယ့် နေလို့မရဘူး၊ ကျွန်တော့်မိသားစုကလည်း အားပေးပါတယ်၊ ဒါကြောင့်လည်း လှူဖြစ်တာ၊ ကျွန်တော်တို့ အရင်က ဆိုထားတဲ့ သီချင်းတွေကနေ ရတဲ့ငွေလေးတွေရှိတယ်၊ အဲ့ဒါလေးကိုထည့်လှူတယ်၊ COVID ကာလမှာ အိမ်မှာနေဖို့လုပ်ဖို့စီစဉ်သေးတယ်၊ ဒါပေမဲ့လည်း နေလို့မရခဲ့ဘူး၊ အခုမပြီးသေးတာက စေတီနှစ်ဆူရှိတယ်၊ ပုသိမ်က အောင်သိဒ္ဓိစေတီ အဲ့ဒါက ကျောက်တောင်မှာ တည်ရတာဆိုတော့ ခက်ခဲတယ်၊ ဟိုဘက်က ရေတွင်းကုန်းရွာမှာ စေတီတစ်ဆူ၊ ဘိုကလေးမြို့မှာ ရွာလမ်းလေး၊ ကျောင်းဆောက်တာ တစ်ခုရှိတယ်”လို့ သူက ဆက်လက်ပြောကြား ပါတယ်။

မင်းခေတ်လင်း

(  Zawgyi  )

 ေတးသံရွင္ ထူးအယ္လင္းဟာ အခုလိုကာလမွာ နယ္တကာလွည့္လည္သြားလာရင္း အလႉခရီးစဥ္ေတြကို လုပ္ေဆာင္ကာ အခ်ိန္ေတြ ကုန္ဆုံးေနတယ္လို႔ သိရပါတယ္။

“ကြၽန္ေတာ္က အိမ္မွာ တစ္ရက္ႏွစ္ရက္ေနတယ္၊ ၿပီးေတာ့ ခရီးေတြထပ္သြားတယ္၊ ခရီးေတြ သြားေနတာနဲ႔ပဲ အခ်ိန္ေတြကုန္ဆုံးခဲ့ပါတယ္၊ အကူအညီလိုအပ္တဲ့သူေတြက ေဖ့ဘြတ္ကေန ဆက္သြယ္ၾကတယ္၊ ဖုန္းနံပါတ္ ေလးေတြကို အရင္ပို႔ၾကတယ္၊ တစ္ခ်ိဳ႕ဆိုရင္လည္း ဗီဒီယိုဖိုင္ေလး ေတြ ပို႔တယ္၊ တကယ္လိုအပ္တယ္ဆိုတဲ့ ႐ြာေတြကို ကြင္းဆင္းသြားၾကည့္တယ္၊ ၿပီးေတာ့ လႉဖို႔လက္ခံၿပီးေတာ့ ၿပီးေျမာက္ေအာင္ကူညီတယ္၊ ဒါက ကိုယ္တစ္ေယာက္တည္း အားနဲ႔ေတာ့မဟုတ္ဘူး၊ ကိုယ္တစ္ေယာက္တည္းဆိုရင္ ဒီေလာက္လႉလို႔ရမွာ မဟုတ္ဘူး၊ ဆိုင္ကယ္ခ်စ္သူေတြ၊ သူငယ္ခ်င္းေတြ၊ ပရိသတ္ေတြ၊ ညီအစ္ကိုေတြအမ်ားႀကီး ေပါင္းၿပီးလုပ္တာ ျဖစ္ပါတယ္”လို႔ သူက ရွင္းျပပါတယ္။

သူဟာ အကူအညီလိုအပ္တဲ့ေက်း႐ြာေတြရဲ႕ လမ္းေတြ၊ ဘုန္းႀကီးေက်ာင္း၊ သိမ္၊ စာသင္ေက်ာင္း၊ ေစတီ တည္တာေတြအပါအဝင္ေဒသခံ အသင္း အဖြဲ႕ေတြကိုလည္းလႉေပးခဲ့ၾကၿပီး COVID စတင္ျဖစ္ပြားခ်ိန္ ကာလ ေနျပည္ေတာ္ ပုဗၺသီရိေဆး႐ုံမွာ PPE ဝတ္စုံ ေလးစုံပဲရွိတဲ့အတြက္ အကူအညီ ေပးလႉဒါန္းရာကေန အခုလို အလႉေတြ ဆက္တိုက္စတင္ျဖစ္ခဲ့တာလို႔ သိရပါတယ္။“အခုေတာ့ မလႉဖူးတဲ့ေနရာ ခပ္ရွားရွားပဲ၊ ကြၽန္ေတာ္ အိမ္မွာ ေနခ်င္ေပမယ့္ ေနလို႔မရဘူး၊ ကြၽန္ေတာ့္မိသားစုကလည္း အားေပးပါတယ္၊ ဒါေၾကာင့္လည္း လႉျဖစ္တာ၊ ကြၽန္ေတာ္တို႔ အရင္က ဆိုထားတဲ့ သီခ်င္းေတြကေန ရတဲ့ေငြေလးေတြရွိတယ္၊ အဲ့ဒါေလးကိုထည့္လႉတယ္၊ COVID ကာလမွာ အိမ္မွာေနဖို႔လုပ္ဖို႔စီစဥ္ေသးတယ္၊ ဒါေပမဲ့လည္း ေနလို႔မရခဲ့ဘူး၊ အခုမၿပီးေသးတာက ေစတီႏွစ္ဆူရွိတယ္၊ ပုသိမ္က ေအာင္သိဒၶိေစတီ အဲ့ဒါက ေက်ာက္ေတာင္မွာ တည္ရတာဆိုေတာ့ ခက္ခဲတယ္၊ ဟိုဘက္က ေရတြင္းကုန္း႐ြာမွာ ေစတီတစ္ဆူ၊ ဘိုကေလးၿမိဳ႕မွာ ႐ြာလမ္းေလး၊ ေက်ာင္းေဆာက္တာ တစ္ခုရွိတယ္”လို႔ သူက ဆက္လက္ေျပာၾကား ပါတယ္။

မင္းေခတ္လင္း