【 အနုပညာ 】မိုးရာသီအငွေ့အသက်နဲ့ တေးသီချင်းတွေ ပြင်ဆင်နေတဲ့ တေးသံရှင် အေးမြဖြူ

【  အနုပညာ  】မိုးရာသီအငွေ့အသက်နဲ့ တေးသီချင်းတွေ ပြင်ဆင်နေတဲ့ တေးသံရှင် အေးမြဖြူ

ပရိသတ်တွေကို အခုလိုမိုးရာသီအငွေ့အသက်တွေကို ခံစားရင်းနားဆင်နိုင်မယ့် တေးသီချင်းကောင်းလေး တွေကို ပြင်ဆင်ကာလုပ်ဆောင်နေတယ်လို့ တေးသံရှင် အေးမြဖြူက ပြောပါတယ်။ သူမဟာ ငယ်စဉ်ကတည်းက မြန်မာသံစဉ်တေးသီချင်းတွေကို သီဆိုခဲ့သူဖြစ်ပြီး ပရိသတ်အထိုက်အလျောက် ရှိသူ တစ်ဦးလည်းဖြစ်နေသလို Myanmar Idol တေးသီချင်းပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရင်း အားပေးချစ်ခင်သူတွေ ပိုပြီးတိုးလာခဲ့ပါတယ်။

အခုလို မိုးရာသီကာလမှာ တေးသီချင်းအေးလေးတွေနဲ့ ပရိသတ်ကို တင်ဆက်နိုင်ဖို့ လိုအပ်တဲ့ပြင်ဆင်မှုတွေ လုပ်ဆောင်နေပြီး လူမှုကွန်ရက်ကနေလည်း ထုတ်လွှင့်သွားနိုင်ဖို့စီစဉ်ထားတယ်လို့ သိရပါတယ်။

“ပရိသတ် တွေအတွက် သီချင်းလေးတွေ ထပ်စီစဉ်မှာပါ၊ ဒီရက်ပိုင်းတွေမှာက FM လိုင်းတွေမှာ သွားရောက်ပြီး အသံသွင်း လုပ်ဆောင်တာတွေနဲ့ လုပ်နေရပါတယ်၊ သီချင်းတွေအတွက်လည်း အားပေးပါဦးလို့ ပြောချင်ပါတယ်”လို့ သူမကဆိုပါတယ်။

မကြာသေးခင်ကလည်း သူမရဲ့တေးသီချင်းကောင်းတွေကို ပရိသတ်တွေခံစားနိုင်ဖို့ ဖြန့်ချိ ပေးနိုင်ခဲ့သလို သီချင်းကောင်းများစွာကို ဆက်လက်ပြင်ဆင်တာတွေအပြင် အခုလို COVID ကာလမှာ လူမှုကွန်ရက်ကနေ Live လွှင့်ပြီး ပရိသတ်တွေနဲ့ ဆုံတွေ့တာမျိုးကိုလည်း လုပ်ဆောင်ဖို့ရှိနေသေးတယ်လို့ သိရပါတယ်။

သူမကို မြန်မာသံစဉ်တေးသီချင်းတွေမှာသာ အားသာမယ်လို့တစ်ချို့ကထင်ကြပေမယ့် အသက်အရွယ်နဲ့ မလိုက်အောင် ခေတ်ပေါ်တေးသီချင်းမျိုးစုံ၊ တေးဂီတ သံစဉ်မျိုးစုံ ကျွမ်းကျင်ပိုင်နိုင်စွာ သီဆိုလုပ်ဆောင် နိုင်တာတွေကြောင့်လည်း အားပေးတဲ့ ပရိသတ်တွေ ပိုမိုတိုးလာခဲ့တယ်လို့ သိရပါတယ်။

 “ဆက်ပြီးတော့လည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားပါဦးမယ်၊ အားပေးကြတဲ့အတွက်လည်း အရမ်းကိုကျေးဇူးတင်ပါတယ်၊ ဆက်လက် အားပေးကြပါဦးလို့ ပြောချင်ပါတယ်” လို့လည်း သူမက ဆိုပါတယ်။

မင်းခေတ်လင်း
(ဓာတ်ပုံ-ကိုနိုင် NG)
ရန်ကုန်၊ သြဂုတ် ၂၀

 

(  Zawgyi  )

 

 ပရိသတ္ေတြကို အခုလိုမိုးရာသီအေငြ႕အသက္ေတြကို ခံစားရင္းနားဆင္ႏိုင္မယ့္ ေတးသီခ်င္းေကာင္းေလး ေတြကို ျပင္ဆင္ကာလုပ္ေဆာင္ေနတယ္လို႔ ေတးသံရွင္ ေအးျမျဖဴက ေျပာပါတယ္။ သူမဟာ ငယ္စဥ္ကတည္းက ျမန္မာသံစဥ္ေတးသီခ်င္းေတြကို သီဆိုခဲ့သူျဖစ္ၿပီး ပရိသတ္အထိုက္အေလ်ာက္ ရွိသူ တစ္ဦးလည္းျဖစ္ေနသလို Myanmar Idol ေတးသီခ်င္းၿပိဳင္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ရင္း အားေပးခ်စ္ခင္သူေတြ ပိုၿပီးတိုးလာခဲ့ပါတယ္။

အခုလို မိုးရာသီကာလမွာ ေတးသီခ်င္းေအးေလးေတြနဲ႔ ပရိသတ္ကို တင္ဆက္ႏိုင္ဖို႔ လိုအပ္တဲ့ျပင္ဆင္မႈေတြ လုပ္ေဆာင္ေနၿပီး လူမႈကြန္ရက္ကေနလည္း ထုတ္လႊင့္သြားႏိုင္ဖို႔စီစဥ္ထားတယ္လို႔ သိရပါတယ္။

“ပရိသတ္ ေတြအတြက္ သီခ်င္းေလးေတြ ထပ္စီစဥ္မွာပါ၊ ဒီရက္ပိုင္းေတြမွာက FM လိုင္းေတြမွာ သြားေရာက္ၿပီး အသံသြင္း လုပ္ေဆာင္တာေတြနဲ႔ လုပ္ေနရပါတယ္၊ သီခ်င္းေတြအတြက္လည္း အားေပးပါဦးလို႔ ေျပာခ်င္ပါတယ္”လို႔ သူမကဆိုပါတယ္။

မၾကာေသးခင္ကလည္း သူမရဲ႕ေတးသီခ်င္းေကာင္းေတြကို ပရိသတ္ေတြခံစားႏိုင္ဖို႔ ျဖန႔္ခ်ိ ေပးႏိုင္ခဲ့သလို သီခ်င္းေကာင္းမ်ားစြာကို ဆက္လက္ျပင္ဆင္တာေတြအျပင္ အခုလို COVID ကာလမွာ လူမႈကြန္ရက္ကေန Live လႊင့္ၿပီး ပရိသတ္ေတြနဲ႔ ဆုံေတြ႕တာမ်ိဳးကိုလည္း လုပ္ေဆာင္ဖို႔ရွိေနေသးတယ္လို႔ သိရပါတယ္။

သူမကို ျမန္မာသံစဥ္ေတးသီခ်င္းေတြမွာသာ အားသာမယ္လို႔တစ္ခ်ိဳ႕ကထင္ၾကေပမယ့္ အသက္အ႐ြယ္နဲ႔ မလိုက္ေအာင္ ေခတ္ေပၚေတးသီခ်င္းမ်ိဳးစုံ၊ ေတးဂီတ သံစဥ္မ်ိဳးစုံ ကြၽမ္းက်င္ပိုင္ႏိုင္စြာ သီဆိုလုပ္ေဆာင္ ႏိုင္တာေတြေၾကာင့္လည္း အားေပးတဲ့ ပရိသတ္ေတြ ပိုမိုတိုးလာခဲ့တယ္လို႔ သိရပါတယ္။

 “ဆက္ၿပီးေတာ့လည္း အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစားပါဦးမယ္၊ အားေပးၾကတဲ့အတြက္လည္း အရမ္းကိုေက်းဇူးတင္ပါတယ္၊ ဆက္လက္ အားေပးၾကပါဦးလို႔ ေျပာခ်င္ပါတယ္” လို႔လည္း သူမက ဆိုပါတယ္။

မင္းေခတ္လင္း
(ဓာတ္ပုံ-ကိုႏိုင္ NG)
ရန္ကုန္၊ ၾသဂုတ္ ၂၀