【 အနုပညာ 】မိဘကျေးဇူးဆပ်ခွင့်ရလို့ ကျေနပ်မဆုံးဖြစ်နေတဲ့ သရုပ်ဆောင် မင်းညီ

【  အနုပညာ  】မိဘကျေးဇူးဆပ်ခွင့်ရလို့ ကျေနပ်မဆုံးဖြစ်နေတဲ့ သရုပ်ဆောင် မင်းညီ

မြန်မာရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားထဲမှာ ဇာတ်ပို့ဇာတ်ရန်အဖြစ် သရုပ်ဆောင်နေတဲ့ မင်းညီဟာ သူ့ရဲ့အသက် ၄၆ နှစ်အရွယ်ရောက်တော့မှ မိဘကျေးဇူးဆပ်ခွင့်ရတာကြောင့် အလွန်ပဲကျေနပ်နေတယ်လို့ သိရပါတယ်။

“အခု ကျွန်တော် မေမေနဲ့အတူတူ နေ့ရောညရောနေရတယ်၊ ဘ၀အတွက် ရုန်းကန်နေရလို့ မေမေနဲ့ အတူတူ နေခွင့်မရခဲ့တာ၊ တူတူနေချင်တဲ့ဆန္ဒ ရင်ထဲမှာအမြဲရှိတယ်၊ အခုတော့ မိသားစုအတွက် ကိုယ်ပိုင်အိမ်လေး ဆောက်နေနိုင်တဲ့ အချိန်မှာ မေမေ့ကို ခေါ်ထားနိုင်ပြီ၊ ကျွန်တော်က ငယ်ငယ်လေးကတည်းက တစ်ဇွတ်ထိုး လုပ်တတ်တယ်၊ မိဘတွေက ဆိုးတဲ့သားကို ပိုချစ်ကြတယ်၊ ကျွန်တော့်ကို မေမေက စိတ်မချဘူး၊ ကျွန်တော့် အစ်ကိုကတော့ သူဟာနဲ့သူပြည့်ပြည့်စုံစုံလည်းရှိတော့ မေမေက ကျွန်တော့်ကို ပိုပြီးစိတ်မချဘူးပေါ့၊ ကျွန်တော် ၁၀ တန်းမအောင်ခင်ကလည်း စိုးရိမ်ရတယ်၊ အောင်တော့လည်း အိမ်က မလုပ်စေချင်တဲ့ အနုပညာတက္ကသိုလ် တက်တယ်၊ အိမ်ထောင်ကျတော့လည်း တိုက်ခန်းကျဉ်းကျဉ်းလေးနဲ့ဆိုတော့ မေမေက လာလည်းမနေနိုင်ဘူး၊ စိတ်လည်း ညစ်ခဲ့ရတယ်၊ အခုတော့ အိမ်ကျယ်ကျယ်၀န်း၀န်းနဲ့ဆိုတော့ မေမေ စိတ်ချမ်းသာတယ်၊ အခုဒီ အသက်အရွယ်ပေါ့ ကျွန်တော်အသက် ၄၆ နှစ် ရောက်တာတောင် မေမေက ကလေးတစ်ယောက်လို ထင်တယ်”လို့ ဇာတ်ပို့ဇာတ်ရန်သရုပ်ဆောင် မင်းညီက ရှင်းပြပါတယ်။

သူဟာ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ၉ ရပ်ကွက်၊ တောင်ညိုလမ်း၊ မှာ အိမ်သစ်တစ်လုံး ဆောက်လုပ်နေထိုင်နိုင်ခဲ့သလို အသက်က ၈၁ နှစ်ရှိတဲ့ မိခင်ဖြစ်သူကို ခေါ်ထားရင်း မိခင်အတွက်လိုအပ်သော ပြုစုမှုတွေလုပ်ဆောင်ကာ ပျော်ရွှင်စွာနေထိုင်လျက်ရှိပါတယ်။

သူဟာ မိခင်ဖြစ်သူနဲ့ ခွဲနေခဲ့တာ ယဉ်ကျေးမှု တက္ကသိုလ် စတင်တက်ရောက်ခဲ့တဲ့ ၁၉၉၃ ခုနှစ်ကတည်းက ဖြစ်ပြီး အခုလို ၂၇ နှစ်အကြာမှာ အမေနဲ့အတူ ပြန်လည်နေခွင့်ရတဲ့အတွက် မိဘကျေးဇူးဆပ်ခွင့်ရတဲ့အပြင် ပျော်ရွှင်ခဲ့ရတယ်လို့ ဆိုပါတယ်။

 “မေမေနဲ့ အနီးကပ် နေခွင့်ရတော့ မေမေအတွက် ဝေယျာ၀စ္စကအစ လုပ်ပေးနိုင်တယ်၊ အမြဲလည်း ကုသိုလ်ရနေတာပေါ့၊ ကျွန်တော့် ဖွားဖွားဆိုရင် ၆၅ နှစ်လောက်မှာ ဆုံးပါးတာလေ၊ ဒီဘက်ခေတ်မှာက ၇၀ ကျော်ရင် နည်းနည်း အန္တရာယ်ရှိတယ်၊ ဒီအိမ်က COVID ကာလ မတိုင်ခင်မှာ စပြီးဆောက်တယ်၊ အိမ်ဆောက်တဲ့ အထဲမှာ မေမေ့က ပေးတဲ့ မုန့်ဖိုးတွေလည်းပါတယ်၊ ကျွန်တော့်အစ်ကိုက တစ်သက်လုံး မေမေ့ကို Care လုပ်ထားတာ၊ ကျွန်တော်က သားအငယ်ဆိုတော့ နည်းနည်းလည်းဆိုးတယ်၊ ငယ်ငယ်ကတည်းကလည်း မပြည့်စုံဘူး၊ အခုမှ စောင့်ရှောက်ပြုစုနိုင်တာ၊ မေမေနဲ့လည်း အတူတူနေတော့ စကားတွေ အများကြီးပြောဖြစ်တယ်၊ အထီးကျန်ပြီး နေရတဲ့ပုံစံမျိုးမဟုတ်တဲ့အတွက် ပျော်ဖို့ကောင်းတယ်၊ မေမေစားချင်တာလည်း ချက်ကျွေးခွင့်ရခဲ့တယ်၊ ဒါဟာ ဘ၀မှာ ဘာနဲ့မှလဲလို့မရနိုင်တဲ့ အရာတွေဖြစ်တဲ့အတွက် ကျေနပ်မိတယ်၊ အခုလိုကာလမှာ အနုပညာ အလုပ်တွေ သိပ်မလုပ်ရသေးပေမယ့် မေမေကို အနီးကပ်ပြုစုနေရတဲ့အတွက် ကျေနပ်မိတယ်”လို့ သူက ဆက်လက်ပြောကြား ခဲ့ပါတယ်။

 မင်းခေတ်လင်း

ရန်ကုန်၊ သြဂုတ် ၇ 

(  Zawgyi  )

 ျမန္မာ႐ုပ္ရွင္နဲ႔ ဗီဒီယိုဇာတ္ကားထဲမွာ ဇာတ္ပို႔ဇာတ္ရန္အျဖစ္ သ႐ုပ္ေဆာင္ေနတဲ့ မင္းညီဟာ သူ႔ရဲ႕အသက္ ၄၆ ႏွစ္အ႐ြယ္ေရာက္ေတာ့မွ မိဘေက်းဇူးဆပ္ခြင့္ရတာေၾကာင့္ အလြန္ပဲေက်နပ္ေနတယ္လို႔ သိရပါတယ္။

“အခု ကြၽန္ေတာ္ ေမေမနဲ႔အတူတူ ေန႔ေရာညေရာေနရတယ္၊ ဘ၀အတြက္ ႐ုန္းကန္ေနရလို႔ ေမေမနဲ႔ အတူတူ ေနခြင့္မရခဲ့တာ၊ တူတူေနခ်င္တဲ့ဆႏၵ ရင္ထဲမွာအၿမဲရွိတယ္၊ အခုေတာ့ မိသားစုအတြက္ ကိုယ္ပိုင္အိမ္ေလး ေဆာက္ေနႏိုင္တဲ့ အခ်ိန္မွာ ေမေမ့ကို ေခၚထားႏိုင္ၿပီ၊ ကြၽန္ေတာ္က ငယ္ငယ္ေလးကတည္းက တစ္ဇြတ္ထိုး လုပ္တတ္တယ္၊ မိဘေတြက ဆိုးတဲ့သားကို ပိုခ်စ္ၾကတယ္၊ ကြၽန္ေတာ့္ကို ေမေမက စိတ္မခ်ဘူး၊ ကြၽန္ေတာ့္ အစ္ကိုကေတာ့ သူဟာနဲ႔သူျပည့္ျပည့္စုံစုံလည္းရွိေတာ့ ေမေမက ကြၽန္ေတာ့္ကို ပိုၿပီးစိတ္မခ်ဘူးေပါ့၊ ကြၽန္ေတာ္ ၁၀ တန္းမေအာင္ခင္ကလည္း စိုးရိမ္ရတယ္၊ ေအာင္ေတာ့လည္း အိမ္က မလုပ္ေစခ်င္တဲ့ အႏုပညာတကၠသိုလ္ တက္တယ္၊ အိမ္ေထာင္က်ေတာ့လည္း တိုက္ခန္းက်ဥ္းက်ဥ္းေလးနဲ႔ဆိုေတာ့ ေမေမက လာလည္းမေနႏိုင္ဘူး၊ စိတ္လည္း ညစ္ခဲ့ရတယ္၊ အခုေတာ့ အိမ္က်ယ္က်ယ္၀န္း၀န္းနဲ႔ဆိုေတာ့ ေမေမ စိတ္ခ်မ္းသာတယ္၊ အခုဒီ အသက္အ႐ြယ္ေပါ့ ကြၽန္ေတာ္အသက္ ၄၆ ႏွစ္ ေရာက္တာေတာင္ ေမေမက ကေလးတစ္ေယာက္လို ထင္တယ္”လို႔ ဇာတ္ပို႔ဇာတ္ရန္သ႐ုပ္ေဆာင္ မင္းညီက ရွင္းျပပါတယ္။

သူဟာ ရန္ကုန္ၿမိဳ႕၊ ဒဂုံၿမိဳ႕သစ္(အေရွ႕ပိုင္း)ၿမိဳ႕နယ္၊ ၉ ရပ္ကြက္၊ ေတာင္ညိဳလမ္း၊ မွာ အိမ္သစ္တစ္လုံး ေဆာက္လုပ္ေနထိုင္ႏိုင္ခဲ့သလို အသက္က ၈၁ ႏွစ္ရွိတဲ့ မိခင္ျဖစ္သူကို ေခၚထားရင္း မိခင္အတြက္လိုအပ္ေသာ ျပဳစုမႈေတြလုပ္ေဆာင္ကာ ေပ်ာ္႐ႊင္စြာေနထိုင္လ်က္ရွိပါတယ္။

သူဟာ မိခင္ျဖစ္သူနဲ႔ ခြဲေနခဲ့တာ ယဥ္ေက်းမႈ တကၠသိုလ္ စတင္တက္ေရာက္ခဲ့တဲ့ ၁၉၉၃ ခုႏွစ္ကတည္းက ျဖစ္ၿပီး အခုလို ၂၇ ႏွစ္အၾကာမွာ အေမနဲ႔အတူ ျပန္လည္ေနခြင့္ရတဲ့အတြက္ မိဘေက်းဇူးဆပ္ခြင့္ရတဲ့အျပင္ ေပ်ာ္႐ႊင္ခဲ့ရတယ္လို႔ ဆိုပါတယ္။

  “ေမေမနဲ႔ အနီးကပ္ ေနခြင့္ရေတာ့ ေမေမအတြက္ ေဝယ်ာ၀စၥကအစ လုပ္ေပးႏိုင္တယ္၊ အၿမဲလည္း ကုသိုလ္ရေနတာေပါ့၊ ကြၽန္ေတာ့္ ဖြားဖြားဆိုရင္ ၆၅ ႏွစ္ေလာက္မွာ ဆုံးပါးတာေလ၊ ဒီဘက္ေခတ္မွာက ၇၀ ေက်ာ္ရင္ နည္းနည္း အႏၲရာယ္ရွိတယ္၊ ဒီအိမ္က COVID ကာလ မတိုင္ခင္မွာ စၿပီးေဆာက္တယ္၊ အိမ္ေဆာက္တဲ့ အထဲမွာ ေမေမ့က ေပးတဲ့ မုန္႔ဖိုးေတြလည္းပါတယ္၊ ကြၽန္ေတာ့္အစ္ကိုက တစ္သက္လုံး ေမေမ့ကို Care လုပ္ထားတာ၊ ကြၽန္ေတာ္က သားအငယ္ဆိုေတာ့ နည္းနည္းလည္းဆိုးတယ္၊ ငယ္ငယ္ကတည္းကလည္း မျပည့္စုံဘူး၊ အခုမွ ေစာင့္ေရွာက္ျပဳစုႏိုင္တာ၊ ေမေမနဲ႔လည္း အတူတူေနေတာ့ စကားေတြ အမ်ားႀကီးေျပာျဖစ္တယ္၊ အထီးက်န္ၿပီး ေနရတဲ့ပုံစံမ်ိဳးမဟုတ္တဲ့အတြက္ ေပ်ာ္ဖို႔ေကာင္းတယ္၊ ေမေမစားခ်င္တာလည္း ခ်က္ေကြၽးခြင့္ရခဲ့တယ္၊ ဒါဟာ ဘ၀မွာ ဘာနဲ႔မွလဲလို႔မရႏိုင္တဲ့ အရာေတြျဖစ္တဲ့အတြက္ ေက်နပ္မိတယ္၊ အခုလိုကာလမွာ အႏုပညာ အလုပ္ေတြ သိပ္မလုပ္ရေသးေပမယ့္ ေမေမကို အနီးကပ္ျပဳစုေနရတဲ့အတြက္ ေက်နပ္မိတယ္”လို႔ သူက ဆက္လက္ေျပာၾကား ခဲ့ပါတယ္။

 မင္းေခတ္လင္း

ရန္ကုန္၊ ၾသဂုတ္ ၇