【 အနုပညာ 】ကာကွယ်မှုပုံစံလေးနဲ့သွားလာရတာက စိတ်အေးလာသလိုဖြစ်ခဲ့ရတယ်ဆိုတဲ့ သရုပ်ဆောင် သဉ္ဇာမြင့်မိုရ်

【  အနုပညာ  】ကာကွယ်မှုပုံစံလေးနဲ့သွားလာရတာက စိတ်အေးလာသလိုဖြစ်ခဲ့ရတယ်ဆိုတဲ့ သရုပ်ဆောင် သဉ္ဇာမြင့်မိုရ်

COVID 19 ကြောင့် ရပ်နားခဲ့ရတဲ့ အနုပညာအလုပ်တွေဟာ အရင်လိုပြန်လည်မစတင်နိုင်သေးပေမယ့် အခုလိုကာလမှာ ကာကွယ် ပုံစံလေးတွေနဲ့ သွားလာရတာဟာ အရင်ကထက်စာရင်စိတ်အေးသလိုဖြစ်လာခဲ့ရတယ်လို့ သရုပ်ဆောင် သဉ္ဇာမြင့်မိုရ်က ပြောပါတယ်။

“ဒီရောဂါက လောလောဆယ်မှာ ပျောက်ကွယ်မသွားသေးပါဘူး၊ အခုက ကာကွယ်မှုပုံစံလေးတွေနဲ့ သွားလာလို့ ရနေတာကိုပဲ ကျေနပ်စရာအခြေအနေပါ၊ သဉ္ဇာတို့အနေနဲ့ နှစ်လလုံးလုံးအိမ်ထဲမှာနေနေတာထက်စာရင် ဈေးရှိတဲ့သူကလည်း ဈေးသွားမယ်၊ အလုပ်ရှိတဲ့သူကလည်း သူ့ဟာသူအလုပ်သွားမယ်၊ လူမှုရေးကိစ္စလေးတွေ အတွက်လည်း တစ်ယောက်နဲ့တစ်ယောက် Social Distancing ပုံစံလေးတွေနဲ့ သွားလာနေကြတဲ့အတွက် အရင်ထက်တော့ ပိုပြီးတော့ ကောင်းပါတယ်၊ မကြာခင်မှာ ဒီကပ်ရောဂါကြီး ပြီးဆုံးတော့မယ်လို့ ယုံကြည်ပါတယ်၊ ဒါကြောင့်လည်းဒီလိုကာလကတည်းက လူတိုင်းဟာ လိုက်နာဖို့လိုပါဦးမယ်၊ သဉ္ဇာတို့လည်း လိုက်နာပြီး သွားလာ နေထိုင်တာတွေကို လုပ်ဆောင်နေပါတယ်”လို့ သရုပ်ဆောင် သဉ္ဇာမြင့်မိုရ်က ရှင်းပြပါတယ်။

COVID စဖြစ်ဖြစ်ချင်းမှာ စိုးရိမ်လွန်ပြီး အိမ်ထဲကအိမ်ပြင်မထွက်ဘဲ နေခဲ့ရာမှ အခုဆိုရင် အလှူအတန်းပြုတဲ့ ကူညီမှုတွေကို လုပ်ဆောင် လို့နေပါတယ်။ သူ့အနေနဲ့ အိမ်ထဲမှာပဲ နှစ်လလောက် နေခဲ့ရတာကြောင့် ဝမ်းနည်းသလို ဖြစ်ခဲ့လသို စိတ်ဓာတ်တွေလည်းကျခဲ့ကြောင်း၊ မွန်းကြပ်မှုတွေလည်းကြုံခဲ့သလို ဝင်ငွေလည်းမရှိတဲ့အတွက် စိတ်ညစ် မိခဲ့ပေမယ့် ကိုယ့်ထက်ဆိုးရွားတဲ့ဘဝတွေကို ကိုယ်ချင်းစာ ကြည့်ရင်း စိတ်ဖြေမိကြောင်း၊ လက်ရှိမှာ ရောဂါအခြေအနေ ကျဆင်းလာတာဟာ ဘာသာတရားကို လက်ကိုင်ထားတဲ့ အကျိုးကျေးဇူး တွေကြောင့်လည်း ဖြစ်ပြီး စည်းကမ်းတကျနဲ့ အတူတူကျော်လွှားဖို့ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

“ကိုယ်က အပြင်အရမ်းသွားတတ်တဲ့သူ မဟုတ်တဲ့ပေမယ့် သူများတွေ Stay Home မတိုင်ခင် ၁၅ ရက်လောက် ကတည်းက ကိုယ်က အိမ်မှာကြောက်ပြီး ဘယ်မှမသွားဘဲနေတာလေ၊ ကမ္ဘာသစ်ပြန်စမယ်မဆိုရုံတမယ်ပဲလေ၊ ကိုယ်ကအိမ်ရာလေး တွေရှိလို့ အဆင်ပြေ နေတာ၊ တစ်ချို့ Homeless တွေဆိုရင် ပိုဆိုးမှာ ဆိုပြီး စိတ်ပူပန်မှုတွေ ရှိခဲ့တာပေါ့၊ အားလုံးက ခက်ခဲနေကြချိန် အခက်အခဲ အားလုံး နီးနီးရှိကြတယ်၊ သူဌေးလည်း သူဌေးအလျောက် သူ့မှာထမ်းထားရတဲ့ တာဝန်တွေရှိတယ်၊ သဉ္ဇာတို့လည်း လိုက်နာမယ်၊ လူတိုင်းလည်း ဒီလိုလိုက်နာရင် ကိုယ့်နိုင်ငံက သူများနိုင်ငံတွေလို မဖြစ်သွားဘူးလို့ သဉ္ဇာ ယုံကြည်တယ်၊ အခက်အခဲတွေ အားလုံးအတူတူ ကျော်လွှား ကြမယ်၊ ဒီကြားထဲ ကျန်းမာရေးကိုလည်း ဂရုစိုက်ကြပါ။ အနုပညာအလုပ်ကတော့ ခဏနားထားတယ်၊ ဒါကြီးပြီးရင်ပြန်ဆုံကြ မယ်”လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။ COVID ကြီးကာလမရှည်ကြာဖို့ ဝိုင်းဝန်းလိုက်နာကာ လုပ်ဆောင်သင့် ကြောင်းလည်း သူက ဆက်လက်အကြံပြုပြောကြားခဲ့ပါတယ်။

 မင်းခေတ်လင်း
(ဓာတ်ပုံ -ကိုနိုင် NG)

(  Zawgyi  )

 COVID 19 ေၾကာင့္ ရပ္နားခဲ့ရတဲ့ အႏုပညာအလုပ္ေတြဟာ အရင္လိုျပန္လည္မစတင္ႏိုင္ေသးေပမယ့္ အခုလိုကာလမွာ ကာကြယ္ ပုံစံေလးေတြနဲ႔ သြားလာရတာဟာ အရင္ကထက္စာရင္စိတ္ေအးသလိုျဖစ္လာခဲ့ရတယ္လို႔ သ႐ုပ္ေဆာင္ သၪၨာျမင့္မိုရ္က ေျပာပါတယ္။

“ဒီေရာဂါက ေလာေလာဆယ္မွာ ေပ်ာက္ကြယ္မသြားေသးပါဘူး၊ အခုက ကာကြယ္မႈပုံစံေလးေတြနဲ႔ သြားလာလို႔ ရေနတာကိုပဲ ေက်နပ္စရာအေျခအေနပါ၊ သၪၨာတို႔အေနနဲ႔ ႏွစ္လလုံးလုံးအိမ္ထဲမွာေနေနတာထက္စာရင္ ေဈးရွိတဲ့သူကလည္း ေဈးသြားမယ္၊ အလုပ္ရွိတဲ့သူကလည္း သူ႔ဟာသူအလုပ္သြားမယ္၊ လူမႈေရးကိစၥေလးေတြ အတြက္လည္း တစ္ေယာက္နဲ႔တစ္ေယာက္ Social Distancing ပုံစံေလးေတြနဲ႔ သြားလာေနၾကတဲ့အတြက္ အရင္ထက္ေတာ့ ပိုၿပီးေတာ့ ေကာင္းပါတယ္၊ မၾကာခင္မွာ ဒီကပ္ေရာဂါႀကီး ၿပီးဆုံးေတာ့မယ္လို႔ ယုံၾကည္ပါတယ္၊ ဒါေၾကာင့္လည္းဒီလိုကာလကတည္းက လူတိုင္းဟာ လိုက္နာဖို႔လိုပါဦးမယ္၊ သၪၨာတို႔လည္း လိုက္နာၿပီး သြားလာ ေနထိုင္တာေတြကို လုပ္ေဆာင္ေနပါတယ္”လို႔ သ႐ုပ္ေဆာင္ သၪၨာျမင့္မိုရ္က ရွင္းျပပါတယ္။

COVID စျဖစ္ျဖစ္ခ်င္းမွာ စိုးရိမ္လြန္ၿပီး အိမ္ထဲကအိမ္ျပင္မထြက္ဘဲ ေနခဲ့ရာမွ အခုဆိုရင္ အလႉအတန္းျပဳတဲ့ ကူညီမႈေတြကို လုပ္ေဆာင္ လို႔ေနပါတယ္။ သူ႔အေနနဲ႔ အိမ္ထဲမွာပဲ ႏွစ္လေလာက္ ေနခဲ့ရတာေၾကာင့္ ဝမ္းနည္းသလို ျဖစ္ခဲ့လသို စိတ္ဓာတ္ေတြလည္းက်ခဲ့ေၾကာင္း၊ မြန္းၾကပ္မႈေတြလည္းႀကဳံခဲ့သလို ဝင္ေငြလည္းမရွိတဲ့အတြက္ စိတ္ညစ္ မိခဲ့ေပမယ့္ ကိုယ့္ထက္ဆိုး႐ြားတဲ့ဘဝေတြကို ကိုယ္ခ်င္းစာ ၾကည့္ရင္း စိတ္ေျဖမိေၾကာင္း၊ လက္ရွိမွာ ေရာဂါအေျခအေန က်ဆင္းလာတာဟာ ဘာသာတရားကို လက္ကိုင္ထားတဲ့ အက်ိဳးေက်းဇူး ေတြေၾကာင့္လည္း ျဖစ္ၿပီး စည္းကမ္းတက်နဲ႔ အတူတူေက်ာ္လႊားဖို႔ ျပင္ဆင္ထားတယ္လို႔ ဆိုပါတယ္။

“ကိုယ္က အျပင္အရမ္းသြားတတ္တဲ့သူ မဟုတ္တဲ့ေပမယ့္ သူမ်ားေတြ Stay Home မတိုင္ခင္ ၁၅ ရက္ေလာက္ ကတည္းက ကိုယ္က အိမ္မွာေၾကာက္ၿပီး ဘယ္မွမသြားဘဲေနတာေလ၊ ကမာၻသစ္ျပန္စမယ္မဆို႐ုံတမယ္ပဲေလ၊ ကိုယ္ကအိမ္ရာေလး ေတြရွိလို႔ အဆင္ေျပ ေနတာ၊ တစ္ခ်ိဳ႕ Homeless ေတြဆိုရင္ ပိုဆိုးမွာ ဆိုၿပီး စိတ္ပူပန္မႈေတြ ရွိခဲ့တာေပါ့၊ အားလုံးက ခက္ခဲေနၾကခ်ိန္ အခက္အခဲ အားလုံး နီးနီးရွိၾကတယ္၊ သူေဌးလည္း သူေဌးအေလ်ာက္ သူ႔မွာထမ္းထားရတဲ့ တာဝန္ေတြရွိတယ္၊ သၪၨာတို႔လည္း လိုက္နာမယ္၊ လူတိုင္းလည္း ဒီလိုလိုက္နာရင္ ကိုယ့္ႏိုင္ငံက သူမ်ားႏိုင္ငံေတြလို မျဖစ္သြားဘူးလို႔ သၪၨာ ယုံၾကည္တယ္၊ အခက္အခဲေတြ အားလုံးအတူတူ ေက်ာ္လႊား ၾကမယ္၊ ဒီၾကားထဲ က်န္းမာေရးကိုလည္း ဂ႐ုစိုက္ၾကပါ။ အႏုပညာအလုပ္ကေတာ့ ခဏနားထားတယ္၊ ဒါႀကီးၿပီးရင္ျပန္ဆုံၾက မယ္”လို႔ သူက ဆက္လက္ေျပာၾကားခဲ့ပါတယ္။ COVID ႀကီးကာလမရွည္ၾကာဖို႔ ဝိုင္းဝန္းလိုက္နာကာ လုပ္ေဆာင္သင့္ ေၾကာင္းလည္း သူက ဆက္လက္အႀကံျပဳေျပာၾကားခဲ့ပါတယ္။

 မင္းေခတ္လင္း
(ဓာတ္ပုံ -ကိုႏိုင္ NG)