【 နည်းပညာ 】Mask တပ်ဖို့ သတိပေးသွားမယ့် Facebook နဲ့ Instagram

【  နည်းပညာ  】Mask တပ်ဖို့ သတိပေးသွားမယ့် Facebook နဲ့ Instagram

လက်ရှိအချိန်မှာ ကမ္ဘာတဝန်း ကူးစက်ပျံ့နှံ့နေတဲ့ Covid-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်‌ရောဂါကို ထိန်းချုပ်နိုင်ဖို့ဆိုတာ မလွယ်ကူ သေးပါဘူး။

ရောဂါကူးစက်မှု အရှိန်အနည်းငယ်လျော့ကျလာချိန်မှာ လူစုလူဝေးပြုလုပ်ခြင်း၊ Mask (နှာခေါင်းစည်း) တပ်ဆင်မှုမရှိခြင်းတွေနဲ့အတူ လူသားတွေဟာ ကိုရိုနာ‌ဗိုင်းရပ်စ် ကူးစက်ရောဂါကို ဂရုစိုက်မှုနည်းပါးလာခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအ‌ဖွဲ့ကြီး (WHO) မှလည်း ကူးစက်ရောဂါကို မပေါ့ဆဖို့နဲ့ ကူးစက်ရောဂါပျံ့နှံ့မှု ဒုတိယလှိုင်းဟာ ပိုမိုပြင်းထန် နိုင်တယ် လို့ ဆက်တိုက်သတိပေးနေခဲ့ပါတယ်။ကမ္ဘာ့အင်အားကြီးနိုင်ငံကြီးတွေကလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကိုတိုက်ဖျက်ဖို့ ဆေးဝါးထုတ်လုပ်ရန် အလျင်အမြန်ဆောင်ရွက်နေကြပေမယ့် တိတိကျကျ အကောင်အထည်ပေါ်မလာခဲ့သေးတာ မြင်တွေ့ရပါတယ်။

ဒီအတွက် ကမ္ဘာတဝန်း လူသုံးအများဆုံး လူမှုကွန်ယက်ကြီးတွေဖြစ်တဲ့ Facebook နဲ့ Instagram တို့မှ Mask (နှာခေါင်းစည်း) တပ်ဆင်ဖို့ သတိပေးသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ Facebook မှ Mask (နှာခေါင်းစည်း) တပ်ဆင်ဖို့ သတိပေးစာသားကို ၎င်းရဲ့ News Feed ပေါ်မှာ တင်သွားမှာဖြစ်သလို၊ Instagram ရဲ့ feed မှာလည်း တင်သွားမှာဖြစ်ပါတယ်။ယခုလို သတိပေးစာသားတင်ခြင်းဟာ လူသား‌ တွေအနေနဲ့ ကူးစက်ကပ်ရောဂါကို မိမိတို့ကိုယ်တိုင် အသိရှိရှိနဲ့ ကာကွယ်နိုင်ဖို့လို့ Facebook က ဆိုပါတယ်။

Facebook ရဲ့  News Feed မှာပေါ်နေတဲ့ Mask (နှာ‌ခေါင်းစည်း) တပ်ရန် သတိပေးချက်ကို နှိပ်လိုက်ရင် Covid-19 အချက်အလက် စင်တာကို ရောက်ရှိသွားမှာဖြစ်ပြီး၊ အဆိုပါအချက်အလက်စင်တာနဲ့ နိုင်ငံအလိုက် အစိုးရကျန်းမာရေးဝန်ကြီးဌာနတွေနဲ့ ချိတ်ဆက် ထားတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ထိုမှတဆင့် မိမိနေထိုင်ရာ နိုင်ငံအလိုက် ရောဂါဖြစ်ပွားမှုအခြေအနေတွေကို စောင့်ကြည့်နိုင် မှာဖြစ်ပါတယ်။

Facebook ကုမ္ပဏီကတော့ ယခုလုပ်ဆောင်မှုဟာ အမေရိကန်နိုင်ငံတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမြင့်မားလာတဲ့အတွက် တုံ့ပြန် ဆောင်ရွက်ခြင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Damien 

(  Zawgyi  )

 လက္ရွိအခ်ိန္မွာ ကမာၻတဝန္း ကူးစက္ပ်ံ႕ႏွံ႔ေနတဲ့ Covid-19 ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္‌ေရာဂါကို ထိန္းခ်ဳပ္ႏိုင္ဖို႔ဆိုတာ မလြယ္ကူ ေသးပါဘူး။

ေရာဂါကူးစက္မႈ အရွိန္အနည္းငယ္ေလ်ာ့က်လာခ်ိန္မွာ လူစုလူေဝးျပဳလုပ္ျခင္း၊ Mask (ႏွာေခါင္းစည္း) တပ္ဆင္မႈမရွိျခင္းေတြနဲ႔အတူ လူသားေတြဟာ ကို႐ိုနာ‌ဗိုင္းရပ္စ္ ကူးစက္ေရာဂါကို ဂ႐ုစိုက္မႈနည္းပါးလာခဲ့ပါတယ္။

ကမာၻ႔က်န္းမာေရးအ‌ဖြဲ႕ႀကီး (WHO) မွလည္း ကူးစက္ေရာဂါကို မေပါ့ဆဖို႔နဲ႔ ကူးစက္ေရာဂါပ်ံ႕ႏွံ႔မႈ ဒုတိယလႈိင္းဟာ ပိုမိုျပင္းထန္ ႏိုင္တယ္ လို႔ ဆက္တိုက္သတိေပးေနခဲ့ပါတယ္။ကမာၻ႔အင္အားႀကီးႏိုင္ငံႀကီးေတြကလည္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ေရာဂါကိုတိုက္ဖ်က္ဖို႔ ေဆးဝါးထုတ္လုပ္ရန္ အလ်င္အျမန္ေဆာင္႐ြက္ေနၾကေပမယ့္ တိတိက်က် အေကာင္အထည္ေပၚမလာခဲ့ေသးတာ ျမင္ေတြ႕ရပါတယ္။

ဒီအတြက္ ကမာၻတဝန္း လူသုံးအမ်ားဆုံး လူမႈကြန္ယက္ႀကီးေတြျဖစ္တဲ့ Facebook နဲ႔ Instagram တို႔မွ Mask (ႏွာေခါင္းစည္း) တပ္ဆင္ဖို႔ သတိေပးသြားမယ္လို႔ ထုတ္ျပန္ခဲ့ပါတယ္။ Facebook မွ Mask (ႏွာေခါင္းစည္း) တပ္ဆင္ဖို႔ သတိေပးစာသားကို ၎ရဲ႕ News Feed ေပၚမွာ တင္သြားမွာျဖစ္သလို၊ Instagram ရဲ႕ feed မွာလည္း တင္သြားမွာျဖစ္ပါတယ္။ယခုလို သတိေပးစာသားတင္ျခင္းဟာ လူသား‌ ေတြအေနနဲ႔ ကူးစက္ကပ္ေရာဂါကို မိမိတို႔ကိုယ္တိုင္ အသိရွိရွိနဲ႔ ကာကြယ္ႏိုင္ဖို႔လို႔ Facebook က ဆိုပါတယ္။

Facebook ရဲ႕  News Feed မွာေပၚေနတဲ့ Mask (ႏွာ‌ေခါင္းစည္း) တပ္ရန္ သတိေပးခ်က္ကို ႏွိပ္လိုက္ရင္ Covid-19 အခ်က္အလက္ စင္တာကို ေရာက္ရွိသြားမွာျဖစ္ၿပီး၊ အဆိုပါအခ်က္အလက္စင္တာနဲ႔ ႏိုင္ငံအလိုက္ အစိုးရက်န္းမာေရးဝန္ႀကီးဌာနေတြနဲ႔ ခ်ိတ္ဆက္ ထားတာကို ျမင္ေတြ႕ရမွာျဖစ္ပါတယ္။ထိုမွတဆင့္ မိမိေနထိုင္ရာ ႏိုင္ငံအလိုက္ ေရာဂါျဖစ္ပြားမႈအေျခအေနေတြကို ေစာင့္ၾကည့္ႏိုင္ မွာျဖစ္ပါတယ္။

Facebook ကုမၸဏီကေတာ့ ယခုလုပ္ေဆာင္မႈဟာ အေမရိကန္ႏိုင္ငံတဝန္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈျမင့္မားလာတဲ့အတြက္ တုံ႔ျပန္ ေဆာင္႐ြက္ျခင္းျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

Damien