【 နည်းပညာ 】 Amazfit မှ စမတ်နာရီသစ်နှစ်မျိုးကို မိတ်ဆက်သွားမယ်လို့ ကြေညာ

【 နည်းပညာ 】 Amazfit မှ စမတ်နာရီသစ်နှစ်မျိုးကို မိတ်ဆက်သွားမယ်လို့ ကြေညာ

Amazfit လို့ ဆိုလိုက်တာနဲ့ ၎င်းအမှတ်တံဆိပ်ရဲ့ အောင်မြင်ခဲ့တဲ့ Amazfit GTR နဲ့ Amazfit GTS စမတ်နာရီတွေကို မှတ်မိကြမယ်ထင်ပါတယ်။

Amazfit GTR ကတော့ ဒိုင်ခွက်အဝိုင်းပုံစံနဲ့ဖြစ်ပြီး၊ Amazfit GTS ကတော့ လေးထောင့်ဒိုင်ခွက်ပုံစံနဲ့ လူကြိုက်များခဲ့တာလည်း ဖြစ်ပါတယ်။

ယခုတော့ Amazfit ကနေ GTR နဲ့ GTS တို့ရဲ့ မျိုးဆက်သစ် စမတ်နာရီတွေကို မိတ်ဆက်လာတော့မှာပါ။စက်တင်ဘာလ ၂၂ ရက်နေ့မှာ မိတ်ဆက်သွားမယ့် စမတ်နာရီသစ်နှစ်မျိုးကို Amazfit GTR 2 နဲ့ Amazfit GTS 2 လို့ အမည်ပေးထားတယ်လို့လည်း သိရပါတယ်။

Amazfit အမှတ်တံဆိပ်ရဲ့ ကုမ္ပဏီဖြစ်တဲ့ Huami ရဲ့ CEO မှ GTR 2 နဲ့ GTS 2 စမတ်နာရီတွေမှာ Apple Watch Series 6 ကဲ့သို့ သွေးတွင်း အောက်စီဂျင်ပမာဏကို တိုင်းတာတဲ့ နည်းပညာသစ် ပါဝင်လာမယ်လို့ ‌ဆိုထားပါတယ်။ဒါဟာ ဈေးနှုန်းသက်သာတဲ့ စမတ်နာရီတွေမှာ အကြီးမားဆုံး အဆင့်မြှင့်တင်မှုလည်း ဖြစ်ပါတယ်။ဒါ့အပြင် ဝတ်ဆင်သူအိပ်စက်တနစဉ်အတွင်း အသက်ရှုနှုန်းကို အကဲဖြတ်ပေးမယ့် နည်းပညာသစ် ပါဝင်လာမယ်လို့လည်း ဆိုထားပါသေးတယ်။

အခြားသောစွမ်းဆောင်ရည်တွေ‌အနေနဲ့ အသံနဲ့စေခိုင်းမှုနဲ့ Wi-Fi စနစ်တွေလည်း ပါဝင်လာမှာဖြစ်ပြီး၊ နာရီရဲ့ ကိုယ်ထည်ကိုလည်း အဆင့်မြှင့်တင်တည်ဆောက်ထားမယ်လို့ သိရပါတယ်။

Amazfit GTR 2 နဲ့ GTS 2 ကို လာမယ့် စက်တင်ဘာ ၂၂ ရက်နေ့ တရုတ်နိုင်ငံမှာ မိတ်ဆက်ပေးသွားမှာဖြစ်ပြီး၊ နိုင်ငံတကာဈေးကွက်ကိုတော့ အနည်းငယ်နောက်ကျရောက်လာဖွယ်ရှိတယ်လို့ သိရပါတယ်။

Damien
စက်တင်ဘာ - ၂၁

( Zawgyi )

Amazfit လို႔ ဆိုလိုက္တာနဲ႔ ၎အမွတ္တံဆိပ္ရဲ႕ ေအာင္ျမင္ခဲ့တဲ့ Amazfit GTR နဲ႔ Amazfit GTS စမတ္နာရီေတြကို မွတ္မိၾကမယ္ထင္ပါတယ္။

Amazfit GTR ကေတာ့ ဒိုင္ခြက္အဝိုင္းပုံစံနဲ႔ျဖစ္ၿပီး၊ Amazfit GTS ကေတာ့ ေလးေထာင့္ဒိုင္ခြက္ပုံစံနဲ႔ လူႀကိဳက္မ်ားခဲ့တာလည္း ျဖစ္ပါတယ္။

ယခုေတာ့ Amazfit ကေန GTR နဲ႔ GTS တို႔ရဲ႕ မ်ိဳးဆက္သစ္ စမတ္နာရီေတြကို မိတ္ဆက္လာေတာ့မွာပါ။စက္တင္ဘာလ ၂၂ ရက္ေန႔မွာ မိတ္ဆက္သြားမယ့္ စမတ္နာရီသစ္ႏွစ္မ်ိဳးကို Amazfit GTR 2 နဲ႔ Amazfit GTS 2 လို႔ အမည္ေပးထားတယ္လို႔လည္း သိရပါတယ္။

Amazfit အမွတ္တံဆိပ္ရဲ႕ ကုမၸဏီျဖစ္တဲ့ Huami ရဲ႕ CEO မွ GTR 2 နဲ႔ GTS 2 စမတ္နာရီေတြမွာ Apple Watch Series 6 ကဲ့သို႔ ေသြးတြင္း ေအာက္စီဂ်င္ပမာဏကို တိုင္းတာတဲ့ နည္းပညာသစ္ ပါဝင္လာမယ္လို႔ ‌ဆိုထားပါတယ္။ဒါဟာ ေဈးႏႈန္းသက္သာတဲ့ စမတ္နာရီေတြမွာ အႀကီးမားဆုံး အဆင့္ျမႇင့္တင္မႈလည္း ျဖစ္ပါတယ္။ဒါ့အျပင္ ဝတ္ဆင္သူအိပ္စက္တနစဥ္အတြင္း အသက္ရႈႏႈန္းကို အကဲျဖတ္ေပးမယ့္ နည္းပညာသစ္ ပါဝင္လာမယ္လို႔လည္း ဆိုထားပါေသးတယ္။

အျခားေသာစြမ္းေဆာင္ရည္ေတြ‌အေနနဲ႔ အသံနဲ႔ေစခိုင္းမႈနဲ႔ Wi-Fi စနစ္ေတြလည္း ပါဝင္လာမွာျဖစ္ၿပီး၊ နာရီရဲ႕ ကိုယ္ထည္ကိုလည္း အဆင့္ျမႇင့္တင္တည္ေဆာက္ထားမယ္လို႔ သိရပါတယ္။

Amazfit GTR 2 နဲ႔ GTS 2 ကို လာမယ့္ စက္တင္ဘာ ၂၂ ရက္ေန႔ တ႐ုတ္ႏိုင္ငံမွာ မိတ္ဆက္ေပးသြားမွာျဖစ္ၿပီး၊ ႏိုင္ငံတကာေဈးကြက္ကိုေတာ့ အနည္းငယ္ေနာက္က်ေရာက္လာဖြယ္ရွိတယ္လို႔ သိရပါတယ္။

Damien
စက္တင္ဘာ - ၂၁