【 နည်းပညာ 】လာမည့်ရက်ပိုင်းအတွင်း Redmi K30S ကို မိတ်ဆက်လာမည်

【  နည်းပညာ  】လာမည့်ရက်ပိုင်းအတွင်း Redmi K30S ကို မိတ်ဆက်လာမည်

Xiaomi ရဲ့ အမှန်တံဆိပ်ခွဲ Redmi မှ နောက်ထပ် K30 စမတ်ဖုန်းတစ်လုံးကို မိတ်ဆက်လာ တော့မယ်လို့ သိရပါတယ်။

Redmi K30S လို့ အမည်ရတဲ့ စမတ်ဖုန်းသစ်ကို လာမယ့် အောက်တိုဘာလ ၂၇ ရက်နေ့မှာ မိတ်ဆက်လာမှာလည်း ဖြစ်ပါတယ်။

Redmi K30S စမတ်ဖုန်းအကြောင်းကို မိတ်ဆက်မလာခင်ကတည်းက ကျနော်တို့ သိနှင့်ပြီး ဖြစ်နေပါပြီ။ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာမှာ Mi 10T လို့ မိတ်ဆက်ရောင်းချခဲ့တဲ့ စမတ်ဖုန်းကို တရုတ်ပြည်တွင်းအတွက် Redmi K30S အဖြစ် အမည်ပြောင်းလဲ ရောင်းချ လာမှာကြောင့် ဖြစ်ပါတယ်။

Redmi K30S မှာ Snapdragon 865 SoC နဲ့ မောင်းနှင်ပေးထားမှာဖြစ်ပြီး၊ ထိတွေ့အသုံးပြုရာမှာ အလွန်မြန်ဆန်ချောမွေ့မယ့် 144Hz အရည်အသွေး LCD 1080p မျက်နှာပြင်ကို အသုံးပြုတပ်ဆင်ထားမယ်လို့ သိရပါတယ်။ မျက်နှာပြင် အရွယ် အစားကတော့ ၆.၆၇ လက်မ ဖြစ်ပါတယ်။မမ်မိုရီပမာဏအနေနဲ့ 6GB/8GB နဲ့ 12GB တို့ကို ‌ရွေးချယ်နိုင်ဖွယ်ရှိပြီး၊ သိမ်းဆည်းနိုင်မှု 128GB/256GB တို့ ထွက်ရှိလာဖွယ်ရှိနေပါတယ်။

နောက်ဘက် ကင်မရာတွေအဖြစ် 64MP အဓိက ကင်မရာ၊ မြင်ကွင်းကျယ် ရိုက်ကူးရန် 13MP ultra-wide နဲ့ သေးငယ်တဲ့အရာဝတ္ထုတွေကို အနီးကပ်ဆွဲ ရိုက်ကူးရန်အတွက် 5MP macro ကင်မရာသုံးလုံးကို တပ်ဆင်ပေးထားမှာ ဖြစ်ပါတယ်။ ရှေ့ဘက် ကင်မရာကိုတော့ မျက်နှာပြင်မှာ အပေါက်ဖောက်တပ်ဆင်ထားမှာဖြစ်ပြီး 20MP အရည်အသွေးရှိမှာဖြစ်ပါတယ်။

ဘက်ထရီပမာဏကတော့ စမတ်ဖုန်းနဲ့ ဂိမ်းကစားတတ်သူတွေအတွက် စိတ်ပူစရာမလိုတော့ပါဘူး။ 5000mAh ပမာဏရှိတဲ့ ဘက်ထရီပမာဏကြီးကြီးကို 33W မြန်နှုန်းမြှင့်အားသွင်းစနစ်နဲ့ ထောက်ပံ့ပေးထားတဲ့အတွက် ခနခန အားသွင်းရတဲ့ ဘေးကနေ ကင်းဝေးမှာဖြစ်ပါတယ်။

Redmi ချစ်သူတွေအနေနဲ့ ‌နောက်ဆုံးပေါ်နည်းပညာတွေနဲ့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းတစ်လုံးကိုဝယ်ယူဖို့ စောင့်ဆိုင်းနေတယ်ဆိုရင်တော့ Redmi K30S က သင်တို့အကောင်းဆုံး အဖော်မွန်ဖြစ်လာမှာ အသေအချာပဲဖြစ်ပါတယ်။

Damien

 

(  Zawgyi  )

 

 Xiaomi ရဲ႕ အမွန္တံဆိပ္ခြဲ Redmi မွ ေနာက္ထပ္ K30 စမတ္ဖုန္းတစ္လုံးကို မိတ္ဆက္လာ ေတာ့မယ္လို႔ သိရပါတယ္။

Redmi K30S လို႔ အမည္ရတဲ့ စမတ္ဖုန္းသစ္ကို လာမယ့္ ေအာက္တိုဘာလ ၂၇ ရက္ေန႔မွာ မိတ္ဆက္လာမွာလည္း ျဖစ္ပါတယ္။

Redmi K30S စမတ္ဖုန္းအေၾကာင္းကို မိတ္ဆက္မလာခင္ကတည္းက က်ေနာ္တို႔ သိႏွင့္ၿပီး ျဖစ္ေနပါၿပီ။ဘာေၾကာင့္လဲဆိုေတာ့ ႏိုင္ငံတကာမွာ Mi 10T လို႔ မိတ္ဆက္ေရာင္းခ်ခဲ့တဲ့ စမတ္ဖုန္းကို တ႐ုတ္ျပည္တြင္းအတြက္ Redmi K30S အျဖစ္ အမည္ေျပာင္းလဲ ေရာင္းခ် လာမွာေၾကာင့္ ျဖစ္ပါတယ္။

Redmi K30S မွာ Snapdragon 865 SoC နဲ႔ ေမာင္းႏွင္ေပးထားမွာျဖစ္ၿပီး၊ ထိေတြ႕အသုံးျပဳရာမွာ အလြန္ျမန္ဆန္ေခ်ာေမြ႕မယ့္ 144Hz အရည္အေသြး LCD 1080p မ်က္ႏွာျပင္ကို အသုံးျပဳတပ္ဆင္ထားမယ္လို႔ သိရပါတယ္။ မ်က္ႏွာျပင္ အ႐ြယ္ အစားကေတာ့ ၆.၆၇ လက္မ ျဖစ္ပါတယ္။မမ္မိုရီပမာဏအေနနဲ႔ 6GB/8GB နဲ႔ 12GB တို႔ကို ‌ေ႐ြးခ်ယ္ႏိုင္ဖြယ္ရွိၿပီး၊ သိမ္းဆည္းႏိုင္မႈ 128GB/256GB တို႔ ထြက္ရွိလာဖြယ္ရွိေနပါတယ္။

ေနာက္ဘက္ ကင္မရာေတြအျဖစ္ 64MP အဓိက ကင္မရာ၊ ျမင္ကြင္းက်ယ္ ႐ိုက္ကူးရန္ 13MP ultra-wide နဲ႔ ေသးငယ္တဲ့အရာဝတၳဳေတြကို အနီးကပ္ဆြဲ ႐ိုက္ကူးရန္အတြက္ 5MP macro ကင္မရာသုံးလုံးကို တပ္ဆင္ေပးထားမွာ ျဖစ္ပါတယ္။ ေရွ႕ဘက္ ကင္မရာကိုေတာ့ မ်က္ႏွာျပင္မွာ အေပါက္ေဖာက္တပ္ဆင္ထားမွာျဖစ္ၿပီး 20MP အရည္အေသြးရွိမွာျဖစ္ပါတယ္။

ဘက္ထရီပမာဏကေတာ့ စမတ္ဖုန္းနဲ႔ ဂိမ္းကစားတတ္သူေတြအတြက္ စိတ္ပူစရာမလိုေတာ့ပါဘူး။ 5000mAh ပမာဏရွိတဲ့ ဘက္ထရီပမာဏႀကီးႀကီးကို 33W ျမန္ႏႈန္းျမႇင့္အားသြင္းစနစ္နဲ႔ ေထာက္ပံ့ေပးထားတဲ့အတြက္ ခနခန အားသြင္းရတဲ့ ေဘးကေန ကင္းေဝးမွာျဖစ္ပါတယ္။

Redmi ခ်စ္သူေတြအေနနဲ႔ ‌ေနာက္ဆုံးေပၚနည္းပညာေတြနဲ႔ စြမ္းေဆာင္ရည္ျမင့္ စမတ္ဖုန္းတစ္လုံးကိုဝယ္ယူဖို႔ ေစာင့္ဆိုင္းေနတယ္ဆိုရင္ေတာ့ Redmi K30S က သင္တို႔အေကာင္းဆုံး အေဖာ္မြန္ျဖစ္လာမွာ အေသအခ်ာပဲျဖစ္ပါတယ္။

Damien