【 နည်းပညာ 】မိနစ် ၃၀ နဲ့ အားအပြည့်သွင်းနိုင်မယ့် Lenovo Legion ကို မိတ်ဆက်ပြီ

【  နည်းပညာ  】မိနစ် ၃၀ နဲ့ အားအပြည့်သွင်းနိုင်မယ့် Lenovo Legion ကို မိတ်ဆက်ပြီ

Lenovo ကတော့ ၄င်းရဲ့ ဂိမ်းအသားပေးစမတ်ဖုန်း Legion ကို ဇူလိုင် ၂၂ ရက်နေ့ကပဲ မိတ်ဆက်လိုက်ပါပြီ။

သတင်းတွေပေါက်ကြားထားတဲ့ ဒီဇိုင်းပုံစံအတိုင်း မိတ်ဆက်လာတာဖြစ်ပြီး စံချိန်တင် မြန်နှုန်းမြင့်အားသွင်းစနစ် ပါဝင်လာခဲ့တာကို လည်း မြင်တွေ့ရပါတယ်။

Lenovo Legion ရဲ့ ဒီဇိုင်းကတော့ ဆန်းဆန်းပြားပြားပါပဲ၊ နောက်ဘက် ကင်မရာတွေကို စမတ်ဖုန်းနောက်ကျော အလယ်တည့်တည့်မှာ တပ်ဆင်ပေးထားပြီး၊ ရှေ့ဘက် ကင်မရာကိုတော့ စမတ်ဖုန်းရဲ့အလယ် ဘေးဘက်ကနေတိုးထွက်လာတဲ့ပုံစံကို တပ်ဆင်ထားတာပါ။ ဂိမ်းဆော့ရင်း streaming လုပ်တဲ့သူတွေကတော့ Legion ရဲ့ ဒီဇိုင်းကို အကြိုက်တွေ့မှာ အသေအချာပါပဲ။

Snapdragon 865+ နောက်ဆုံးပေါ် chipset သစ်နဲ့ မောင်းနှင်ပေးထားပြီး၊ မမ်မိုရီပမာဏတွေကတော့ 8GB, 12GB နဲ့ 16GB တို့ကို ရွေးချယ်နိုင်မှာပါ။မျက်နှာပြင်ပိုင်းကတော့ ၆.၆၅ လက်မ အရွယ်အစားဖြစ်ပြီး၊ 144Hz refresh rate ဖြစ်တဲ့အတွက် ထိတွေ့အသုံးပြု ရာမှာ အခြားစမတ်ဖုန်းတွေထက် မြန်ဆန်သွက်လက်နေမှာပါပဲ။

လူပြောအများဆုံးဖြစ်နေတဲ့ 90W မြန်နှုန်းမြင့်အားသွင်းစနစ်ကြီးကတော့ အံ့မခန်းပါပဲ။စမတ်ဖုန်းကို မိနစ် ၃၀ အတွင်း ၁၀၀ ရာခိုင်နှုန်း အားအပြည့်သွင်း‌နိုင်မယ်လို့ဆိုပြီး၊ စိတ်မကောင်းစရာကတော့ အမြင့်ဆုံး version ဖြစ်တဲ့ 16GB/512GB မှာသာ 90W အားသွင်းစနစ်ကို ထည့်သွင်းပေးထားမှာသာ ဖြစ်ပါတယ်။

အကယ်၍ သင်ဟာ ဂိမ်းကစားဖို့ အကောင်းဆုံးစမတ်ဖုန်းတစ်လုံးကို ရှာဖွေနေတယ်ဆိုရင်တော့ Asus ROG , Black Shark နဲ့ Nubia တို့ကို ယှဉ်ပြိုင်တော့မယ့် Lenovo Legion ကိုလည်း စဉ်းစားရွေးချယ်သင့်ကြောင်း အကြံပြုလိုက်ပါတယ်။

Damien

(  Zawgyi  )

 Lenovo ကေတာ့ ၄င္းရဲ႕ ဂိမ္းအသားေပးစမတ္ဖုန္း Legion ကို ဇူလိုင္ ၂၂ ရက္ေန႔ကပဲ မိတ္ဆက္လိုက္ပါၿပီ။

သတင္းေတြေပါက္ၾကားထားတဲ့ ဒီဇိုင္းပုံစံအတိုင္း မိတ္ဆက္လာတာျဖစ္ၿပီး စံခ်ိန္တင္ ျမန္ႏႈန္းျမင့္အားသြင္းစနစ္ ပါဝင္လာခဲ့တာကို လည္း ျမင္ေတြ႕ရပါတယ္။

Lenovo Legion ရဲ႕ ဒီဇိုင္းကေတာ့ ဆန္းဆန္းျပားျပားပါပဲ၊ ေနာက္ဘက္ ကင္မရာေတြကို စမတ္ဖုန္းေနာက္ေက်ာ အလယ္တည့္တည့္မွာ တပ္ဆင္ေပးထားၿပီး၊ ေရွ႕ဘက္ ကင္မရာကိုေတာ့ စမတ္ဖုန္းရဲ႕အလယ္ ေဘးဘက္ကေနတိုးထြက္လာတဲ့ပုံစံကို တပ္ဆင္ထားတာပါ။ ဂိမ္းေဆာ့ရင္း streaming လုပ္တဲ့သူေတြကေတာ့ Legion ရဲ႕ ဒီဇိုင္းကို အႀကိဳက္ေတြ႕မွာ အေသအခ်ာပါပဲ။

Snapdragon 865+ ေနာက္ဆုံးေပၚ chipset သစ္နဲ႔ ေမာင္းႏွင္ေပးထားၿပီး၊ မမ္မိုရီပမာဏေတြကေတာ့ 8GB, 12GB နဲ႔ 16GB တို႔ကို ေ႐ြးခ်ယ္ႏိုင္မွာပါ။မ်က္ႏွာျပင္ပိုင္းကေတာ့ ၆.၆၅ လက္မ အ႐ြယ္အစားျဖစ္ၿပီး၊ 144Hz refresh rate ျဖစ္တဲ့အတြက္ ထိေတြ႕အသုံးျပဳ ရာမွာ အျခားစမတ္ဖုန္းေတြထက္ ျမန္ဆန္သြက္လက္ေနမွာပါပဲ။

လူေျပာအမ်ားဆုံးျဖစ္ေနတဲ့ 90W ျမန္ႏႈန္းျမင့္အားသြင္းစနစ္ႀကီးကေတာ့ အံ့မခန္းပါပဲ။စမတ္ဖုန္းကို မိနစ္ ၃၀ အတြင္း ၁၀၀ ရာခိုင္ႏႈန္း အားအျပည့္သြင္း‌ႏိုင္မယ္လို႔ဆိုၿပီး၊ စိတ္မေကာင္းစရာကေတာ့ အျမင့္ဆုံး version ျဖစ္တဲ့ 16GB/512GB မွာသာ 90W အားသြင္းစနစ္ကို ထည့္သြင္းေပးထားမွာသာ ျဖစ္ပါတယ္။

အကယ္၍ သင္ဟာ ဂိမ္းကစားဖို႔ အေကာင္းဆုံးစမတ္ဖုန္းတစ္လုံးကို ရွာေဖြေနတယ္ဆိုရင္ေတာ့ Asus ROG , Black Shark နဲ႔ Nubia တို႔ကို ယွဥ္ၿပိဳင္ေတာ့မယ့္ Lenovo Legion ကိုလည္း စဥ္းစားေ႐ြးခ်ယ္သင့္ေၾကာင္း အႀကံျပဳလိုက္ပါတယ္။

Damien