【 နည်းပညာ 】ပိုမိုကြီးမားတဲ့ မျက်နှာပြင်နဲ့ Mi Band 5 ကို မိတ်ဆက်လိုက်ပြီ

【  နည်းပညာ  】ပိုမိုကြီးမားတဲ့ မျက်နှာပြင်နဲ့ Mi Band 5 ကို မိတ်ဆက်လိုက်ပြီ

တရုတ်နည်းပညာကုမ္ပဏီကြီး Xiaomi ရဲ့ ဈေးနှုန်းသက်သာပြီး လူကြိုက်များလှတဲ့ စမတ် လက်ပတ် သစ်ကတော့ ထွက်ပေါ်လာပါပြီ။

Mi Band ထုတ်ကုန်တွေထဲ နောက်ဆုံးထုတ်ကုန်သစ်ဖြစ်လာခဲ့တဲ့ Mi Band 5 စမတ်လက်ပတ် သစ်ကို ကြီးမားတဲ့ပြောင်းလဲမှုတွေနဲ့အတူ မိတ်ဆက်လာခဲ့တာကို မြင်တွေ့ရပါတယ်။

Mi Band 4 ကနေ Mi Band 5 သို့ အပြောင်းအလဲမှာ Xiaomi အနေနဲ့ ကြီးမားတဲ့အပြောင်းအလဲ တွေကို ယူဆောင်လာခဲ့ပါတယ်။ Mi Band 5 မှာ ပထမဆုံးအပြောင်းအလဲကတော့ AMOLED မျက်နှာပြင်ဟာ ဝ.၉၅ လက်မကနေ ၁.၁ လက်မထိ ကြီးမားလာခဲ့ပါပြီ။ဒါဟာ Xiaomi စမတ် လက်ပတ် အသုံးပြုသူတွေ အမြဲတောင်း‌ဆိုနေတဲ့ အရာပါပဲ။ဒါ့အပြင် ပုံစံအမျိုးမျိုးနဲ့ နာရီ မျက်နှာ ဒီဇိုင်းတွေကိုလည်း ပြောင်းလဲနိုင်မယ်လို့ သိရပါတယ်။

အာရုံခံကိရိယာကတော့ ပြောင်းလဲမှုမရှိခဲ့ပါဘူး Mi Band 4 မှာ တပ်ဆင်ထားတာကိုပဲ ဆက် လက် အသုံးပြုခဲ့ပြီး မြန်နှုန်း၊ နှလုံးခုန်နှုန်း၊ လေထုဖိအားတို့ ပါဝင်မှာဖြစ်ပါတယ်။အားကစား နည်းတွေထောက်လှမ်းတဲ့ ဆော့ဖ်ဝဲလ်ကိုလည်း အဆင့်မြှင့်တင်ပေးထားပြီး ရေအောက်အနက် မီတာ ၅၀ အထိ ယူဆောင်အသုံးပြုနိုင်မယ် ဆိုပါတယ်။

Mi Band 5 မှာ ငွေပေးချေမှုတွေမှာ အသုံးပြုရန် NFC version ပါ ထွက်ရှိမှာဖြစ်ပြီး၊ အသံ စေခိုင်း မှုပါ ပါဝင်လာမှာပါ။ဒါပေမယ့် တရုတ်နိုင်ငံပြင်ပမှာ အသံစေခိုင်းမှု အသုံးပြုနိုင် မလား ကတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

Xiaomi ကတော့ Mi Band 5 ကို ၁၄ ရက် အသုံးခံမယ် ‌ဆိုထားပါတယ်။အားသွင်းစနစ်ကတော့ အဆင့်မြှင့်တင်လာခဲ့ပါပြီ၊ စမတ်လက်ပတ်နောက်ကျောဘက်မှာ သံလိုက်အားသွင်းစနစ်နဲ့ကပ်ပြီး လွယ်လင့်တကူ အားသွင်းနိုင်တော့မှာဖြစ်ပါတယ်။

တရုတ်ပြည်တွင်းမှာတော့ ဇွန် ၁၈ ကနေ Mi Band 5 ကို စတင်ရောင်းချတော့မှာဖြစ်ပြီး၊ သာမန် Mi Band 5 ကတော့ မြန်မာငွေ ၃၈,၀၀၀ ကျပ်ခန့်နဲ့ NFC ပါဝင်တဲ့ Mi Band 5 ကတော့ မြန်မာငွေ ၄၆,၀၀၀ ခန့် ကျသင့်မယ်လို့လည်း သိရပါတယ်။

Damien

(  Zawgyi  )

 တ႐ုတ္နည္းပညာကုမၸဏီႀကီး Xiaomi ရဲ႕ ေဈးႏႈန္းသက္သာၿပီး လူႀကိဳက္မ်ားလွတဲ့ စမတ္ လက္ပတ္ သစ္ကေတာ့ ထြက္ေပၚလာပါၿပီ။

Mi Band ထုတ္ကုန္ေတြထဲ ေနာက္ဆုံးထုတ္ကုန္သစ္ျဖစ္လာခဲ့တဲ့ Mi Band 5 စမတ္လက္ပတ္ သစ္ကို ႀကီးမားတဲ့ေျပာင္းလဲမႈေတြနဲ႔အတူ မိတ္ဆက္လာခဲ့တာကို ျမင္ေတြ႕ရပါတယ္။

Mi Band 4 ကေန Mi Band 5 သို႔ အေျပာင္းအလဲမွာ Xiaomi အေနနဲ႔ ႀကီးမားတဲ့အေျပာင္းအလဲ ေတြကို ယူေဆာင္လာခဲ့ပါတယ္။ Mi Band 5 မွာ ပထမဆုံးအေျပာင္းအလဲကေတာ့ AMOLED မ်က္ႏွာျပင္ဟာ ဝ.၉၅ လက္မကေန ၁.၁ လက္မထိ ႀကီးမားလာခဲ့ပါၿပီ။ဒါဟာ Xiaomi စမတ္ လက္ပတ္ အသုံးျပဳသူေတြ အၿမဲေတာင္း‌ဆိုေနတဲ့ အရာပါပဲ။ဒါ့အျပင္ ပုံစံအမ်ိဳးမ်ိဳးနဲ႔ နာရီ မ်က္ႏွာ ဒီဇိုင္းေတြကိုလည္း ေျပာင္းလဲႏိုင္မယ္လို႔ သိရပါတယ္။

အာ႐ုံခံကိရိယာကေတာ့ ေျပာင္းလဲမႈမရွိခဲ့ပါဘူး Mi Band 4 မွာ တပ္ဆင္ထားတာကိုပဲ ဆက္ လက္ အသုံးျပဳခဲ့ၿပီး ျမန္ႏႈန္း၊ ႏွလုံးခုန္ႏႈန္း၊ ေလထုဖိအားတို႔ ပါဝင္မွာျဖစ္ပါတယ္။အားကစား နည္းေတြေထာက္လွမ္းတဲ့ ေဆာ့ဖ္ဝဲလ္ကိုလည္း အဆင့္ျမႇင့္တင္ေပးထားၿပီး ေရေအာက္အနက္ မီတာ ၅၀ အထိ ယူေဆာင္အသုံးျပဳႏိုင္မယ္ ဆိုပါတယ္။

Mi Band 5 မွာ ေငြေပးေခ်မႈေတြမွာ အသုံးျပဳရန္ NFC version ပါ ထြက္ရွိမွာျဖစ္ၿပီး၊ အသံ ေစခိုင္း မႈပါ ပါဝင္လာမွာပါ။ဒါေပမယ့္ တ႐ုတ္ႏိုင္ငံျပင္ပမွာ အသံေစခိုင္းမႈ အသုံးျပဳႏိုင္ မလား ကေတာ့ ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

Xiaomi ကေတာ့ Mi Band 5 ကို ၁၄ ရက္ အသုံးခံမယ္ ‌ဆိုထားပါတယ္။အားသြင္းစနစ္ကေတာ့ အဆင့္ျမႇင့္တင္လာခဲ့ပါၿပီ၊ စမတ္လက္ပတ္ေနာက္ေက်ာဘက္မွာ သံလိုက္အားသြင္းစနစ္နဲ႔ကပ္ၿပီး လြယ္လင့္တကူ အားသြင္းႏိုင္ေတာ့မွာျဖစ္ပါတယ္။

တ႐ုတ္ျပည္တြင္းမွာေတာ့ ဇြန္ ၁၈ ကေန Mi Band 5 ကို စတင္ေရာင္းခ်ေတာ့မွာျဖစ္ၿပီး၊ သာမန္ Mi Band 5 ကေတာ့ ျမန္မာေငြ ၃၈,၀၀၀ က်ပ္ခန႔္နဲ႔ NFC ပါဝင္တဲ့ Mi Band 5 ကေတာ့ ျမန္မာေငြ ၄၆,၀၀၀ ခန႔္ က်သင့္မယ္လို႔လည္း သိရပါတယ္။

Damien