【 နည်းပညာ 】ဆမ်ဆောင်းက Galaxy Book S Laptop အမျိုးအစားအသစ်ကို မိတ်ဆက်

【  နည်းပညာ  】ဆမ်ဆောင်းက Galaxy Book S Laptop အမျိုးအစားအသစ်ကို မိတ်ဆက်

Snapdragon 8cx chipset နဲ့ မောင်းနှင်ထားတဲ့ Galaxy Book S အမည်ရ Windows Laptop ကွန်ပျုတာတစ်လုံးကို  ၂၀၁၉ ခုနှစ် ဩဂုတ်လတုန်းက Samsung က မိတ်ဆက်ခဲ့ပါတယ်။

ယခုတော့ ဆမ်းဆောင်းက နောက်ထပ်ခြေလှမ်းတစ်ခုဆကလှမ်းလိုက်ပါပြီ။ ဒါက Intel-powered version ဖြစ်တဲ့ Intel chipset နဲ့ မောင်းနှင်ထားတဲ့ Galaxy Book S ကို ထပ်မံ မိတ်ဆက်လိုက်တာပါ။ ယခု Intel chipset နဲ့ ထုတ်လုပ်မယ့် Galaxy Book S မှာ  မီးအား (စွမ်းအင်)သုံးစွဲမှုနည်းစေမယ့် Lakefield SoC ကို အသုံးပြုထားသလို ရုပ်ထွက်ကောင်းစေ ဖို့လည်း Intel UHD graphics အသုံးပြုထားပါတယ်။ ဒါကြောင့် Laptop ရုပ်ထွက်က အံအား သင့်ဖွယ်ကောင်းလောက်အောင်  စွဲဆောင်နေပါတယ်။

Galaxy Books Laptop ရဲ့ မျက်နှာပြင်အရွယ်အစားက တခြားတွေလိုလည်း မကြီး၊ သိပ်လည်း အသေးလည်းမဟုတ်ဘဲ ဈေးကွက်ထဲ လူကြိုက်အများဆုံး အရွယ်အစားဖြစ်တဲ့ ၁၃.၃ လက်မရှိ Full HD screen ကို ထိတွေ့မျက်နှာပြင်နဲ့ ရမှာဖြစ်ပါတယ်။  ဒါ့အပြင် 1MP အရည်အသွေးရှိ ကင်မရာတစ်လုံးကို မျက်နှာပြင်ရဲ့ အပေါ်ဘောင်မှာ တပ်ဆင်ပေးထားပါတယ်။ Laptop ကွန်ပျူတာရဲ့ အလေးချိန်က ၉၅၀ ဂရမ်လေးပြီး၊ ၁၁.၈ မီလီမီတာသာ ထူတဲ့အတွက် အတော့်ကို ပါးလွှာပြီး ပေါ့ပေါ့ပါးပါး သယ်ဆောင်အသုံးပြုနိုင်မှာဖြစ်သလို အသံထွက် ပိုင်းကလည်း ဆမ်ဆောင်း ရဲ့ နာမည်ကျော် AKG quad stereo speaker ကို အသုံးပြုပေးထားပြီး၊ လက်ဗွေသိမှတ်နည်းပညာလည်း ပါဝင်မှာဖြစ်ပါတယ်။

Galaxy Book S ကို Core i5-L16G7 Lakefield chipset နဲ့ ‌မောင်းနှင်ပေးထားပြီး၊ မမ်မိုရီ ပမာဏ ကတော့ 8GB LPDDR4x မမ်မိုရီ ထည့်သွင်းပေးထားတာပါ။ သိမ်းဆည်းနိုင်မှု ပမာဏ ကတော့ 256/512 GB  နှစ်မျိုးထွက်ရှိမှာဖြစ်ပါတယ်။ဖိုင်တွေ ရွှေ့ပြောင်း ထည့်သွင်းနိုင်ရန် USB နှစ်ပေါက် ပါဝင်ပြီး၊ ပါနေကျဆက်သွယ်မှုတွေအပြင် microSD ကဒ် ထည့်သွင်းအသုံးပြုနိုင် မှာဖြစ်ပါတယ်။ ဘက်ထရီကတော့ 42WH ရှိပြီး ဗီဒီယိုကို ၁၇ နာရီဆက်တိုက် ကြည့်ရှုနိုင်မယ်လို့ ဆိုထားပါတယ်။

ဆမ်ဆောင်း ရဲ့ Galaxy Book S ဟာ WiFi 6 နဲ့ LTE ကွန်ယက် ချိတ်ဆက်တွေလည်း ပါဝင်မှာ ဖြစ်ပြီး၊ အညိုရောင်နဲ့ ရွှေရောင် အရောင်နှစ်မျိုးထွက်ရှိမှာ ဖြစ်ပါတယ်။ဈေးနှုန်းကတော့ မြန်မာငွေ ၁၄ သိန်းခန့် ရှိမယ်လို့ သိရပါတယ်။

Damien

(   Zawgyi   )

 Snapdragon 8cx chipset နဲ႔ ေမာင္းႏွင္ထားတဲ့ Galaxy Book S အမည္ရ Windows Laptop ကြန္ပ်ဳတာတစ္လုံးကို  ၂၀၁၉ ခုႏွစ္ ဩဂုတ္လတုန္းက Samsung က မိတ္ဆက္ခဲ့ပါတယ္။

ယခုေတာ့ ဆမ္းေဆာင္းက ေနာက္ထပ္ေျခလွမ္းတစ္ခုဆကလွမ္းလိုက္ပါၿပီ။ ဒါက Intel-powered version ျဖစ္တဲ့ Intel chipset နဲ႔ ေမာင္းႏွင္ထားတဲ့ Galaxy Book S ကို ထပ္မံ မိတ္ဆက္လိုက္တာပါ။ ယခု Intel chipset နဲ႔ ထုတ္လုပ္မယ့္ Galaxy Book S မွာ  မီးအား (စြမ္းအင္)သုံးစြဲမႈနည္းေစမယ့္ Lakefield SoC ကို အသုံးျပဳထားသလို ႐ုပ္ထြက္ေကာင္းေစ ဖို႔လည္း Intel UHD graphics အသုံးျပဳထားပါတယ္။ ဒါေၾကာင့္ Laptop ႐ုပ္ထြက္က အံအား သင့္ဖြယ္ေကာင္းေလာက္ေအာင္  စြဲေဆာင္ေနပါတယ္။

Galaxy Books Laptop ရဲ႕ မ်က္ႏွာျပင္အ႐ြယ္အစားက တျခားေတြလိုလည္း မႀကီး၊ သိပ္လည္း အေသးလည္းမဟုတ္ဘဲ ေဈးကြက္ထဲ လူႀကိဳက္အမ်ားဆုံး အ႐ြယ္အစားျဖစ္တဲ့ ၁၃.၃ လက္မရွိ Full HD screen ကို ထိေတြ႕မ်က္ႏွာျပင္နဲ႔ ရမွာျဖစ္ပါတယ္။  ဒါ့အျပင္ 1MP အရည္အေသြးရွိ ကင္မရာတစ္လုံးကို မ်က္ႏွာျပင္ရဲ႕ အေပၚေဘာင္မွာ တပ္ဆင္ေပးထားပါတယ္။ Laptop ကြန္ပ်ဴတာရဲ႕ အေလးခ်ိန္က ၉၅၀ ဂရမ္ေလးၿပီး၊ ၁၁.၈ မီလီမီတာသာ ထူတဲ့အတြက္ အေတာ့္ကို ပါးလႊာၿပီး ေပါ့ေပါ့ပါးပါး သယ္ေဆာင္အသုံးျပဳႏိုင္မွာျဖစ္သလို အသံထြက္ ပိုင္းကလည္း ဆမ္ေဆာင္း ရဲ႕ နာမည္ေက်ာ္ AKG quad stereo speaker ကို အသုံးျပဳေပးထားၿပီး၊ လက္ေဗြသိမွတ္နည္းပညာလည္း ပါဝင္မွာျဖစ္ပါတယ္။

Galaxy Book S ကို Core i5-L16G7 Lakefield chipset နဲ႔ ‌ေမာင္းႏွင္ေပးထားၿပီး၊ မမ္မိုရီ ပမာဏ ကေတာ့ 8GB LPDDR4x မမ္မိုရီ ထည့္သြင္းေပးထားတာပါ။ သိမ္းဆည္းႏိုင္မႈ ပမာဏ ကေတာ့ 256/512 GB  ႏွစ္မ်ိဳးထြက္ရွိမွာျဖစ္ပါတယ္။ဖိုင္ေတြ ေ႐ႊ႕ေျပာင္း ထည့္သြင္းႏိုင္ရန္ USB ႏွစ္ေပါက္ ပါဝင္ၿပီး၊ ပါေနက်ဆက္သြယ္မႈေတြအျပင္ microSD ကဒ္ ထည့္သြင္းအသုံးျပဳႏိုင္ မွာျဖစ္ပါတယ္။ ဘက္ထရီကေတာ့ 42WH ရွိၿပီး ဗီဒီယိုကို ၁၇ နာရီဆက္တိုက္ ၾကည့္ရႈႏိုင္မယ္လို႔ ဆိုထားပါတယ္။

ဆမ္ေဆာင္း ရဲ႕ Galaxy Book S ဟာ WiFi 6 နဲ႔ LTE ကြန္ယက္ ခ်ိတ္ဆက္ေတြလည္း ပါဝင္မွာ ျဖစ္ၿပီး၊ အညိဳေရာင္နဲ႔ ေ႐ႊေရာင္ အေရာင္ႏွစ္မ်ိဳးထြက္ရွိမွာ ျဖစ္ပါတယ္။ေဈးႏႈန္းကေတာ့ ျမန္မာေငြ ၁၄ သိန္းခန႔္ ရွိမယ္လို႔ သိရပါတယ္။

Damien