【 နည်းပညာ 】စမတ်လက်ပတ် မိတ်ဆက်လိုက်တဲ့ Redmi

【  နည်းပညာ  】စမတ်လက်ပတ် မိတ်ဆက်လိုက်တဲ့ Redmi

တရုတ်နည်းပညာကုမ္ပဏီကြီး Xiaomi ရဲ့ အမှတ်တံဆိပ်ခွဲ Redmi ကတော့ Redmi K30 Pro series စမတ်ဖုန်းတွေ မိတ်ဆက်ခဲ့အပြီးမှာ စမတ်ထုတ်ကုန်သစ်တစ်ခုကို ထပ်မံချပြလိုက် ပြန်ပါပြီ။

Redmi မိတ်ဆက်လိုက်တဲ့ စမတ်ထုတ်ကုန်သစ်ဟာ ၀တ်ဆင်လို့ရတဲ့ စမတ်လက်ပတ်ပဲဖြစ်ပြီး Redmi Band လို့ အမည်ပေးထားပါတယ်။

Redmi ရဲ့ စမတ်လက်ပတ် Redmi Band ဟာ Xiaomi ရဲ့ Mi Band series တွေနဲ့ ဒီဇိုင်းပုံစံ မတူညီတာ မြင်တွေ့ရပါတယ်။ Xiaomi ရဲ့ Mi Band series ဟာ လုံး၀န်းတဲ့ ဒီဇိုင်းပုံစံဖြစ်ပြီး၊ Redmi ရဲ့ Redmi Band ရဲ့ ဒီဇိုင်းကတော့ လေးထောင့်ဆန်တာကို မြင်တွေ့ရပါတယ်။ Redmi Band ကို ၁.၀၈ လက်မ အရွယ်အစားရှိ အရောင်အသွေးစုံ OLED မျက်နှာပြင်ကို တပ်ဆင်ပေး ထားပြီး၊ ၀.၉၅ လက်မပဲရှိတဲ့ Xaiomi Mi Band မျက်နှာပြင်တွေထက် ပိုကြီးမားပါတယ်။

စမတ်ဖုန်းနဲ့ Redmi Band နဲ့ ချိတ်ဆက်ထားရင် စမတ်ဖုန်းပေါ်မှ သတိပေးချက်တွေကို Redmi Band ပေါ်မှာ ဖော်ပြပေးမှာဖြစ်ပြီး၊ မိုးလေ၀သ အခြေအနေကိုလည်း ပြသပေးမယ်လို့ ဆိုပါ တယ်။ အခြားသော စွမ်းဆောင်ရည်တွေကတော့ ခြေလှမ်းတွက်ချက်ပေးတာ၊ အိပ်စက်ချိန် ကို စောင့်ကြည့်ပေးတာ၊ နှလုံးခုန်နှုန်းတိုင်းတာ ပေးတာတွေနဲ့ ဖုန်းအ၀င်ကောလ်တွေကိုလည်း ပြသပေးမှာ ဖြစ်ပါတယ်။

Redmi Band ဟာ ဘက်ထရီသက်တမ်း ၁၄ ရက် အသုံးပြုနိုင်မှာဖြစ်ပြီး၊ ၂ နာရီနဲ့ ဘက်ထရီ အပြည့်ပြန်သွင်းနိုင်မှာပါ။ဒါ့အပြင် ရေစိမ်လည်းခံတဲ့အတွက် ရေကူးကန်မှာ ရေကူးရင်း သင့် လှုပ်ရှားမှုတွေကို အကဲဖြတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ Redmi Band မှာ နာရီမျက်နှာဒီဇိုင်း ၇၂ ခုကိုလည်း ထည့်သွင်းပေးထားပါသေးတယ်။ အရောင်အနေနဲ့တော့ အနက်၊ အပြာ၊ အနီနဲ့ အညိုရောင်တို့ကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

Redmi Band စမတ်လက်ပတ်ဟာ တရုတ်ယွမ်ငွေ ၉၅ ကျပ် (မြန်မာငွေ ၁,၉၀၀၀ ခန့်) သာ ကျသင့်မှာဖြစ်တဲ့အတွက် ဈေးနှုန်းသက်သာတယ် ဆိုရမှာပါ။အကယ်၍ သင်ဟာ Xiaomi Mi Band 4 ကို ဈေးနှုန်းကြီးမြင့်တယ်လို့ ထင်မှတ်မိရင်တော့ Redmi Band စမတ်လက်ပတ်ကို ရွေးချယ်သင့်‌ပါကြောင်း အကြံပြုလိုက်ပါတယ်။

Damien

(  Zawgyi  )

 တ႐ုတ္နည္းပညာကုမၸဏီႀကီး Xiaomi ရဲ႕ အမွတ္တံဆိပ္ခြဲ Redmi ကေတာ့ Redmi K30 Pro series စမတ္ဖုန္းေတြ မိတ္ဆက္ခဲ့အၿပီးမွာ စမတ္ထုတ္ကုန္သစ္တစ္ခုကို ထပ္မံခ်ျပလိုက္ ျပန္ပါၿပီ။

Redmi မိတ္ဆက္လိုက္တဲ့ စမတ္ထုတ္ကုန္သစ္ဟာ ၀တ္ဆင္လို႔ရတဲ့ စမတ္လက္ပတ္ပဲျဖစ္ၿပီး Redmi Band လို႔ အမည္ေပးထားပါတယ္။

Redmi ရဲ႕ စမတ္လက္ပတ္ Redmi Band ဟာ Xiaomi ရဲ႕ Mi Band series ေတြနဲ႔ ဒီဇိုင္းပုံစံ မတူညီတာ ျမင္ေတြ႕ရပါတယ္။ Xiaomi ရဲ႕ Mi Band series ဟာ လုံး၀န္းတဲ့ ဒီဇိုင္းပုံစံျဖစ္ၿပီး၊ Redmi ရဲ႕ Redmi Band ရဲ႕ ဒီဇိုင္းကေတာ့ ေလးေထာင့္ဆန္တာကို ျမင္ေတြ႕ရပါတယ္။ Redmi Band ကို ၁.၀၈ လက္မ အ႐ြယ္အစားရွိ အေရာင္အေသြးစုံ OLED မ်က္ႏွာျပင္ကို တပ္ဆင္ေပး ထားၿပီး၊ ၀.၉၅ လက္မပဲရွိတဲ့ Xaiomi Mi Band မ်က္ႏွာျပင္ေတြထက္ ပိုႀကီးမားပါတယ္။

စမတ္ဖုန္းနဲ႔ Redmi Band နဲ႔ ခ်ိတ္ဆက္ထားရင္ စမတ္ဖုန္းေပၚမွ သတိေပးခ်က္ေတြကို Redmi Band ေပၚမွာ ေဖာ္ျပေပးမွာျဖစ္ၿပီး၊ မိုးေလ၀သ အေျခအေနကိုလည္း ျပသေပးမယ္လို႔ ဆိုပါ တယ္။ အျခားေသာ စြမ္းေဆာင္ရည္ေတြကေတာ့ ေျခလွမ္းတြက္ခ်က္ေပးတာ၊ အိပ္စက္ခ်ိန္ ကို ေစာင့္ၾကည့္ေပးတာ၊ ႏွလုံးခုန္ႏႈန္းတိုင္းတာ ေပးတာေတြနဲ႔ ဖုန္းအ၀င္ေကာလ္ေတြကိုလည္း ျပသေပးမွာ ျဖစ္ပါတယ္။

Redmi Band ဟာ ဘက္ထရီသက္တမ္း ၁၄ ရက္ အသုံးျပဳႏိုင္မွာျဖစ္ၿပီး၊ ၂ နာရီနဲ႔ ဘက္ထရီ အျပည့္ျပန္သြင္းႏိုင္မွာပါ။ဒါ့အျပင္ ေရစိမ္လည္းခံတဲ့အတြက္ ေရကူးကန္မွာ ေရကူးရင္း သင့္ လႈပ္ရွားမႈေတြကို အကဲျဖတ္ေပးႏိုင္မွာ ျဖစ္ပါတယ္။ Redmi Band မွာ နာရီမ်က္ႏွာဒီဇိုင္း ၇၂ ခုကိုလည္း ထည့္သြင္းေပးထားပါေသးတယ္။ အေရာင္အေနနဲ႔ေတာ့ အနက္၊ အျပာ၊ အနီနဲ႔ အညိဳေရာင္တို႔ကို ေ႐ြးခ်ယ္ႏိုင္မွာျဖစ္ပါတယ္။

Redmi Band စမတ္လက္ပတ္ဟာ တ႐ုတ္ယြမ္ေငြ ၉၅ က်ပ္ (ျမန္မာေငြ ၁,၉၀၀၀ ခန႔္) သာ က်သင့္မွာျဖစ္တဲ့အတြက္ ေဈးႏႈန္းသက္သာတယ္ ဆိုရမွာပါ။အကယ္၍ သင္ဟာ Xiaomi Mi Band 4 ကို ေဈးႏႈန္းႀကီးျမင့္တယ္လို႔ ထင္မွတ္မိရင္ေတာ့ Redmi Band စမတ္လက္ပတ္ကို ေ႐ြးခ်ယ္သင့္‌ပါေၾကာင္း အႀကံျပဳလိုက္ပါတယ္။

Damien