【 နည်းပညာ 】ကလေးသူငယ်များအတွက် My Talking Friends

【  နည်းပညာ  】ကလေးသူငယ်များအတွက် My Talking Friends

လွန်ခဲ့တဲ့နှစ်တွေတုန်းက စမတ်ဖုန်းအသုံးပြုသူတွေကြားမှာ ရေပန်းစား‌လူကြိုက်များခဲ့တဲ့ Talking Tom ဆော့ဖ်ဝဲလ် (စကားပြောတဲ့ ကြောင်ကလေး) ကို မှတ်မိကြမယ် ထင်ပါတယ်။

ကလေးသူငယ်များ အကြိုက်တွေ့ခဲ့တဲ့ Talking Tom ကြောင်ကလေးအပြင် အခြားသော စကားပြောတဲ့ ဇာတ်ကောင်လေးတွေကိုလည်း ထုတ်လုပ်ခဲ့တာကိုလည်း မြင်တွေ့ရပါတယ်။

လက်ရှိမှာတော့ နာမည်ကြီး ဂိမ်းဆော့ဖ်ဝဲလ်ရေးသားတဲ့ စတူဒီယိုကြီး Outfit7 မှ ကလေးသူငယ်များ အကြိုက်တွေ့စေမယ့် ဆော့ဖ်ဝဲလ် တစ်ခုကို ထုတ်လုပ်ဖြန့်ချီလိုက်ပြီလို့ သိရပါတယ်။ဒါကတော့ အခြားမဟုတ်ပါဘူး My Talking Tom Friends အမည်ရ (စကားပြော သော သူငယ်ချင်းများ) ဆော့ဖ်ဝဲလ်ပါပဲ။အဆိုပါဂိမ်းဆော့ဖ်ဝဲလ်မှာ ဇာတ်ကောင်‌ ၆ မျိုး ပါဝင်မှာဖြစ်ပြီး၊ ကလေးတွေအချစ်တော် Tom ကြောင်ကလေး ပါဝင်လာဦးမှာဖြစ်ပါတယ်။

ဂိမ်းကစားပုံကတော့ ကလေးသူငယ်များအတွက် ထုတ်လုပ်ပေးထားတယ်ဆိုတဲ့အတိုင်း ဇာတ်ကောင်လေးတွေကို ဂရုစိုက်ပေးတာ၊ ဂိမ်းဇာတ်လမ်းတိုလေးတွေ ဆော့ပေးရတာနဲ့ ကလေးသူငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန် ဉာဏ်စမ်းဂိမ်းလေးတွေလဲ ‌ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ဂိမ်းအတွင်းမှာတော့ ကြောင်ကလေးသုံးကောင်၊ ခွေးကလေးနှစ်ကောင်နဲ့ ယုန်ကလေးတစ်ကောင်တို့ ပါဝင်မှာပါ။

My Talking Tom Friends (စကားပြောသော သူငယ်ချင်းများ) ဂိမ်းဆော့ဖ်ဝဲလ်ကို IOS နဲ့ Android တွေပေါ်မှာ အခမဲ့ဆော့ကစား နိုင်ပြီဖြစ်ပြီး၊ ကလေးသူငယ်များ အကြိုက်တွေ့မယ့် ဂိမ်းအဖြစ် တင်ဆက်ပေးလိုက်ပါတယ်။

Damien

(  Zawgyi  )

 လြန္ခဲ့တဲ့ႏွစ္ေတြတုန္းက စမတ္ဖုန္းအသုံးျပဳသူေတြၾကားမွာ ေရပန္းစား‌လူႀကိဳက္မ်ားခဲ့တဲ့ Talking Tom ေဆာ့ဖ္ဝဲလ္ (စကားေျပာတဲ့ ေၾကာင္ကေလး) ကို မွတ္မိၾကမယ္ ထင္ပါတယ္။

ကေလးသူငယ္မ်ား အႀကိဳက္ေတြ႕ခဲ့တဲ့ Talking Tom ေၾကာင္ကေလးအျပင္ အျခားေသာ စကားေျပာတဲ့ ဇာတ္ေကာင္ေလးေတြကိုလည္း ထုတ္လုပ္ခဲ့တာကိုလည္း ျမင္ေတြ႕ရပါတယ္။

လက္ရွိမွာေတာ့ နာမည္ႀကီး ဂိမ္းေဆာ့ဖ္ဝဲလ္ေရးသားတဲ့ စတူဒီယိုႀကီး Outfit7 မွ ကေလးသူငယ္မ်ား အႀကိဳက္ေတြ႕ေစမယ့္ ေဆာ့ဖ္ဝဲလ္ တစ္ခုကို ထုတ္လုပ္ျဖန႔္ခ်ီလိုက္ၿပီလို႔ သိရပါတယ္။ဒါကေတာ့ အျခားမဟုတ္ပါဘူး My Talking Tom Friends အမည္ရ (စကားေျပာ ေသာ သူငယ္ခ်င္းမ်ား) ေဆာ့ဖ္ဝဲလ္ပါပဲ။အဆိုပါဂိမ္းေဆာ့ဖ္ဝဲလ္မွာ ဇာတ္ေကာင္‌ ၆ မ်ိဳး ပါဝင္မွာျဖစ္ၿပီး၊ ကေလးေတြအခ်စ္ေတာ္ Tom ေၾကာင္ကေလး ပါဝင္လာဦးမွာျဖစ္ပါတယ္။

ဂိမ္းကစားပုံကေတာ့ ကေလးသူငယ္မ်ားအတြက္ ထုတ္လုပ္ေပးထားတယ္ဆိုတဲ့အတိုင္း ဇာတ္ေကာင္ေလးေတြကို ဂ႐ုစိုက္ေပးတာ၊ ဂိမ္းဇာတ္လမ္းတိုေလးေတြ ေဆာ့ေပးရတာနဲ႔ ကေလးသူငယ္မ်ား ဉာဏ္ရည္ဖြံ႕ၿဖိဳးတိုးတက္ေစရန္ ဉာဏ္စမ္းဂိမ္းေလးေတြလဲ ‌ေဆာ့ကစားႏိုင္မွာျဖစ္ပါတယ္။ဂိမ္းအတြင္းမွာေတာ့ ေၾကာင္ကေလးသုံးေကာင္၊ ေခြးကေလးႏွစ္ေကာင္နဲ႔ ယုန္ကေလးတစ္ေကာင္တို႔ ပါဝင္မွာပါ။

My Talking Tom Friends (စကားေျပာေသာ သူငယ္ခ်င္းမ်ား) ဂိမ္းေဆာ့ဖ္ဝဲလ္ကို IOS နဲ႔ Android ေတြေပၚမွာ အခမဲ့ေဆာ့ကစား ႏိုင္ၿပီျဖစ္ၿပီး၊ ကေလးသူငယ္မ်ား အႀကိဳက္ေတြ႕မယ့္ ဂိမ္းအျဖစ္ တင္ဆက္ေပးလိုက္ပါတယ္။

Damien