အိုင်ယာလန် U-2အဖွဲ့ ဖိလစ်ပိုင် ဖျော်ဖြေ ရေး ခရီးစဉ်ရောက်ရှိ

 အိုင်ယာလန် U-2အဖွဲ့ ဖိလစ်ပိုင် ဖျော်ဖြေ ရေး ခရီးစဉ်ရောက်ရှိ

အိုင်ယာလန်စူပါစတားရော့ခ်ဂီတအဖွဲ့ U-2ဟာ မနေ့ကပဲ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ကို ရောက်ရှိလာခဲ့ပါတယ်။ ၁၉၈၇ခုနှစ် The Joshua Tree အယ်လ်ဘမ်နှစ် ၃၀ ပြည့်အထိမ်းအမှတ် ဖျော်ဖြေရေးခရီးစဉ် တစ်စိတ် တစ်ပိုင်း အဖြစ် ဖိလစ်ပိုင်ကို ရောက်ရှိလာတာပါ။ U2အဖွဲ့ဖိလစ်ပိုင် ဖျော်ဖြေ ပွဲကို ဒီဇင်ဘာ ၁၁ ရက်နေ့ Bulacan ပြည်နယ် အားကစား ကွင်းမှာ ပြုလုပ်မှာဖြစ်ပါတယ်။

U-2 Rock Bandဟာ ဖျော်ဖြေရေးခရီးစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် တောင်ကိုရီးယားမှာ ဖျော်ဖြေခဲ့ပြီး၊ အိန္ဒိယမှာလည်း ဖျော်ဖြေသွားဖို့ စီစဉ်ထားပါတယ်။ ဖိလစ်ပိုင်ပွဲလက်မှတ်တွေကိုတော့ စိတ်ဝင်စား သူမည်သူမဆို SM Ticketsအွန်လိုင်းကနေ ဝယ်ယူနိုင်သေးတယ်လို့ သိရပါတယ်။ အဖွဲ့ဝင်လေးဦးပါတဲ့ U2အဖွဲ့ကို ၁၉၇၆ခုနှစ်မှာ စတင် ဖွဲ့စည်း ခဲ့တာ ဖြစ်ပါတယ်။

ရည်မွန်
Ref: Entertainment.inquirer.net

မနီလာ၊ ဒီဇင်ဘာ ၁၀

(  Zawgyi  )



ရည်မွန်

မနီလာ၊ ဒီဇင်ဘာ ၁၀