အိမ်ထောင်ပြုဖို့ အရမ်းတွေးတဲ့ခေတ်ကိုရောက်ကာ Single တွေ ပိုများလာဖို့ရှိတယ်ဆိုတဲ့ တေးသံရှင် ချယ်ရီသင်း

အိမ်ထောင်ပြုဖို့ အရမ်းတွေးတဲ့ခေတ်ကိုရောက်ကာ Single တွေ ပိုများလာဖို့ရှိတယ်ဆိုတဲ့ တေးသံရှင် ချယ်ရီသင်း

ယခုအခါ အိမ်ထောင်ပြုဖို့ အရမ်းတွေးတဲ့ခေတ်ကိုရောက်ကာတာကို ပတ်ဝန်းကျင်အခြေအနေတွေအရ မြင်တွေ့မှုများလာတာကြောင့် နောက်ပိုင်းမှာ Single တွေသာ ပိုမိုများပြားလာဖို့ရှိတယ်လို့ တေးသံရှင် ချယ်ရီသင်း က ပြောပါတယ်။
 
“အခုခေတ်က Relationship တွေက ပြတ်ရယ်ဘာရယ်နဲ့ မြင်တွေ့နေရတယ်လေ၊ အိမ်ထောင်ပြုဖို့ အရမ်းတွေးကြတဲ့ ခေတ်တစ်ခုလိုဖြစ်ပြီလို့ ချယ်ရီထင်တယ်၊ နောက်ပိုင်းတော့ Single တွေ ပိုများလာမယ်လို့ ထင်ပါတယ်။အပျိုကြီးဆိုတဲ့ ဂုဏ်ကလည်း ရဖို့လွယ်တာမဟုတ်ဘူးလေ၊ အရူးအမူးနဲ့ အရမ်းချစ်တတ်တဲ့အရွယ် အဆင့်ဆင့်ကိုကျော်ဖြတ်ပြီးတော့မှ ရတဲ့အတွက် အပျိုကြီးဖြစ်နေသူတွေအနေနဲ့ ဂုဏ်ယူလိုက်ပါလို့ ပြောချင်တယ်၊ ကိုယ်က တစ်ယောက်ထဲအထီးကျန်မှာစိုးလို့ အိမ်ထောင်တွေပြုပြီးတော့ ကွဲကြကွာကြနဲ့ ပတ်ဝန်းကျင်မှာတွေ့နေရတာ အများကြီးပဲလေ၊ ဒါကြောင့်လည်း အိမ်ထောင်ပြုဖို့အတွက် ချယ်ရီတောင်မှ စိတ်ကုန်လာတယ်” လို့ သူမက ရှင်းပြပါတယ်။
 
လက်ရှိမှာလည်း ယောကျ်ားမုန်းတီးရေးပုံစံမျိုးမဟုတ်ဘဲ ယောကျ်ားတွေမကောင်းလို့ တစ်ယောက်တည်းနေပြီး အပျိုကြီးလုပ်မယ်ဆိုတဲ့သီချင်းမျိုး ထုတ်ဖို့ရှိသလို ချစ်စရာကောင်းအောင် ပြင်ဆင်ထားတာကြောင့် ပရိသတ်တွေအနေနဲ့ နှစ်သက်ဖို့မျှော်လင့်ထားတယ်လို့လည်း သိရပါတယ်။
 
မကြာသေးခင် ကာလအတွင်းက သူသီဆိုခဲ့သော “မ” လို့ပဲခေါ် သီချင်းဟာ လူငယ်တွေရဲ့ကြားမှာ နှစ်သက်မှုများခဲ့သလို လူငယ်အကြိုက် သီချင်းများစွာကို သီဆိုလုပ်ဆောင်ပေးဖို့ တောင်းဆိုလာတဲ့သူတွေ အများအပြားရှိတယ်လို့ ဆိုပါတယ်။
 
“ပရိသတ်လည်းကြိုက်အောင် သီချင်းရွေးချယ်မှုက အရမ်းအရေးကြီးတယ်၊ ကိုယ်ရွေးထားတဲ့သီချင်းရဲ့ Music Type က ကိုယ့်ရဲ့ဆိုပုံဆိုပေါက်နဲ့ ကိုက်ညီအဆင်ပြေဖို့လည်း လိုပါတယ်၊ အခုခေတ်စာသားတွေ၊ အခု ခေတ်ကာလနဲ့ကိုက်ညီအောင် ရွေးဖြစ်တယ်၊ အခုတော့ ချယ်ရီ က အပျိုကြီးအတွက် သီချင်းတွေလုပ်နေတယ်၊ ယောကျ်ားလေးတွေက မကောင်းဘူးပေ့ါနော်၊ အပူမရှာတော့ဘူး မိဘကိုပဲလုပ်ကျွေးမယ်၊ လွတ်လွတ်လပ်လပ်နေရတာ ပိုမိုက်တယ်လေ၊ နောက်တစ်ခုက ချယ်ရီ က အမြဲတမ်းလေ့လာနေတယ်၊ အဆိုတော်အသစ်တွေဆိုလည်း ကြည့်တယ်၊ စီနီယာကြီးတွေဆိုရင်လည်း သူတို့ဘယ်လိုလုပ်နေလဲလို့ကြည့်တယ်၊ ကိုယ်လေ့လာစရာ သင်ယူစရာတွေက ဘယ်သူ့ဆီကမဆို သင်ယူဖြစ်ပါတယ်။ချယ်ရီ က လက်ရှိမှာ ကိုယ့်ရဲ့ ဘဝကို ရိုးရိုးရှင်းရှင်းနဲ့ဖြတ်သန်းနေတယ်၊ အနုပညာရှင်တစ်ယောက်လို မနေဘူး၊ သူငယ်ချင်းတွေနဲ့ဆိုလည်း တွေ့တဲ့ဆိုင်ဝင်ထိုင်တာပဲ၊ ငါအဆိုတော်ဆိုပြီးတော့ မရှိဘူး၊ အဲ့ဒီလိုရိုးရှင်းတဲ့ပုံစံလေးနဲ့ ဘဝကိုဖြတ်သန်း နေပါတယ်” လို့ သူမက ဆက်လက်ပြောကြားခဲ့ပါတယ်။                
 
မင်းခေတ်လင်း 
(ဓာတ်ပုံ - ကိုနိုင် NG)
ရန်ကုန်၊ သြဂုတ် - ၅
 
( Zawgyi )
 
ယခုအခါ အိမ္ေထာင္ျပဳဖို႔ အရမ္းေတြးတဲ့ေခတ္ကိုေရာက္ကာတာကို ပတ္ဝန္းက်င္အေျခအေနေတြအရ ျမင္ေတြ႕မႈမ်ားလာတာေၾကာင့္ ေနာက္ပိုင္းမွာ Single ေတြသာ ပိုမိုမ်ားျပားလာဖို႔ရွိတယ္လို႔ ေတးသံရွင္ ခ်ယ္ရီသင္း က ေျပာပါတယ္။
 
“အခုေခတ္က Relationship ေတြက ျပတ္ရယ္ဘာရယ္နဲ႔ ျမင္ေတြ႕ေနရတယ္ေလ၊ အိမ္ေထာင္ျပဳဖို႔ အရမ္းေတြးၾကတဲ့ ေခတ္တစ္ခုလိုျဖစ္ၿပီလို႔ ခ်ယ္ရီထင္တယ္၊ ေနာက္ပိုင္းေတာ့ Single ေတြ ပိုမ်ားလာမယ္လို႔ ထင္ပါတယ္။အပ်ိဳႀကီးဆိုတဲ့ ဂုဏ္ကလည္း ရဖို႔လြယ္တာမဟုတ္ဘူးေလ၊ အ႐ူးအမူးနဲ႔ အရမ္းခ်စ္တတ္တဲ့အ႐ြယ္ အဆင့္ဆင့္ကိုေက်ာ္ျဖတ္ၿပီးေတာ့မွ ရတဲ့အတြက္ အပ်ိဳႀကီးျဖစ္ေနသူေတြအေနနဲ႔ ဂုဏ္ယူလိုက္ပါလို႔ ေျပာခ်င္တယ္၊ ကိုယ္က တစ္ေယာက္ထဲအထီးက်န္မွာစိုးလို႔ အိမ္ေထာင္ေတြျပဳၿပီးေတာ့ ကြဲၾကကြာၾကနဲ႔ ပတ္ဝန္းက်င္မွာေတြ႕ေနရတာ အမ်ားႀကီးပဲေလ၊ ဒါေၾကာင့္လည္း အိမ္ေထာင္ျပဳဖို႔အတြက္ ခ်ယ္ရီေတာင္မွ စိတ္ကုန္လာတယ္” လို႔ သူမက ရွင္းျပပါတယ္။
 
လက္ရွိမွာလည္း ေယာက်္ားမုန္းတီးေရးပုံစံမ်ိဳးမဟုတ္ဘဲ ေယာက်္ားေတြမေကာင္းလို႔ တစ္ေယာက္တည္းေနၿပီး အပ်ိဳႀကီးလုပ္မယ္ဆိုတဲ့သီခ်င္းမ်ိဳး ထုတ္ဖို႔ရွိသလို ခ်စ္စရာေကာင္းေအာင္ ျပင္ဆင္ထားတာေၾကာင့္ ပရိသတ္ေတြအေနနဲ႔ ႏွစ္သက္ဖို႔ေမွ်ာ္လင့္ထားတယ္လို႔လည္း သိရပါတယ္။
 
မၾကာေသးခင္ ကာလအတြင္းက သူသီဆိုခဲ့ေသာ “မ” လို႔ပဲေခၚ သီခ်င္းဟာ လူငယ္ေတြရဲ႕ၾကားမွာ ႏွစ္သက္မႈမ်ားခဲ့သလို လူငယ္အႀကိဳက္ သီခ်င္းမ်ားစြာကို သီဆိုလုပ္ေဆာင္ေပးဖို႔ ေတာင္းဆိုလာတဲ့သူေတြ အမ်ားအျပားရွိတယ္လို႔ ဆိုပါတယ္။
 
“ပရိသတ္လည္းႀကိဳက္ေအာင္ သီခ်င္းေ႐ြးခ်ယ္မႈက အရမ္းအေရးႀကီးတယ္၊ ကိုယ္ေ႐ြးထားတဲ့သီခ်င္းရဲ႕ Music Type က ကိုယ့္ရဲ႕ဆိုပုံဆိုေပါက္နဲ႔ ကိုက္ညီအဆင္ေျပဖို႔လည္း လိုပါတယ္၊ အခုေခတ္စာသားေတြ၊ အခု ေခတ္ကာလနဲ႔ကိုက္ညီေအာင္ ေ႐ြးျဖစ္တယ္၊ အခုေတာ့ ခ်ယ္ရီ က အပ်ိဳႀကီးအတြက္ သီခ်င္းေတြလုပ္ေနတယ္၊ ေယာက်္ားေလးေတြက မေကာင္းဘူးေပ့ါေနာ္၊ အပူမရွာေတာ့ဘူး မိဘကိုပဲလုပ္ေကြၽးမယ္၊ လြတ္လြတ္လပ္လပ္ေနရတာ ပိုမိုက္တယ္ေလ၊ ေနာက္တစ္ခုက ခ်ယ္ရီ က အၿမဲတမ္းေလ့လာေနတယ္၊ အဆိုေတာ္အသစ္ေတြဆိုလည္း ၾကည့္တယ္၊ စီနီယာႀကီးေတြဆိုရင္လည္း သူတို႔ဘယ္လိုလုပ္ေနလဲလို႔ၾကည့္တယ္၊ ကိုယ္ေလ့လာစရာ သင္ယူစရာေတြက ဘယ္သူ႔ဆီကမဆို သင္ယူျဖစ္ပါတယ္။ခ်ယ္ရီ က လက္ရွိမွာ ကိုယ့္ရဲ႕ ဘဝကို ႐ိုး႐ိုးရွင္းရွင္းနဲ႔ျဖတ္သန္းေနတယ္၊ အႏုပညာရွင္တစ္ေယာက္လို မေနဘူး၊ သူငယ္ခ်င္းေတြနဲ႔ဆိုလည္း ေတြ႕တဲ့ဆိုင္ဝင္ထိုင္တာပဲ၊ ငါအဆိုေတာ္ဆိုၿပီးေတာ့ မရွိဘူး၊ အဲ့ဒီလို႐ိုးရွင္းတဲ့ပုံစံေလးနဲ႔ ဘဝကိုျဖတ္သန္း ေနပါတယ္” လို႔ သူမက ဆက္လက္ေျပာၾကားခဲ့ပါတယ္။                
 
မင္းေခတ္လင္း 
(ဓာတ္ပုံ - ကိုႏိုင္ NG)
ရန္ကုန္၊ ၾသဂုတ္ - ၅