လွတ်လွတ်လပ်လပ်ဘဝလေးသာ ပြန်လည်ပိုင်ဆိုင်ချင်နေတယ်ဆိုတဲ့ သရုပ်ဆောင် ဖြူဖြူထွေး

လွတ်လွတ်လပ်လပ်ဘဝလေးသာ ပြန်လည်ပိုင်ဆိုင်ချင်နေတယ်ဆိုတဲ့ သရုပ်ဆောင် ဖြူဖြူထွေး

အခုနောက်ပိုင်းမှာ တော်တော်လေးလူသိများလာတဲ့အပြင် ကြော်ငြာတွေကို လက်မလည်အောင် ဆက်တိုက်ရိုက်ကူးလာရတဲ့ သရုပ်ဆောင်ဖြူဖြူထွေးဟာ အရင်လိုလွတ်လွတ်လပ်လပ်ဘဝလေးကိုသာ ပြန်လည်ပိုင်ဆိုင်နိုင်ဖို့ မျှော်လင့်မိတယ်လို့ ဆိုပါတယ်။အခုလို COVID ကာလထဲ အနုပညာအလုပ်တော်တော်များများရပ်နားချိန်မှာ သူမဟာကြော်ငြာတွေဆက်တိုက် ရိုက်ကူးလာရတာမျိုး ရှိပြီး အပျင်းပြေဂိမ်းကစားနေတာကိုတောင် ဂိမ်းကစားရင်းကြော်ငြာသရုပ်ဆောင်တာမျိုး လုပ်ဆောင်ခဲ့ရတာတွေရှိခဲ့တယ်လို့ သိရပါတယ်။

“တစ်ခါတလေကျလို့ရှိရင် စိတ်ထဲမှာ လူတွေသိတဲ့သူ မဖြစ်ချင်တော့ဘူး၊ နာမည်မကြီးချင်တော့ဘူး ဆိုတာမျိုး ဖြစ်တယ်၊ ဘာမှ မလွတ်လပ်တော့တာမျိုးတွေရှိခဲ့တယ်၊ ကစားရင်လည်း လွတ်လွတ်လပ်လပ်မကစား ရတော့ဘူး၊ ဥပမာပြောရင် သစ်ပင်ပေါ်တက် ရင်လည်း တက်ပြန်ပြီ ဆိုတာမျိုးဖြစ်တယ်၊ ဘယ်အရာမှ မလွတ်လပ်တော့ဘူးလေ၊ ကိုယ်က လွတ်လွတ်လပ်လပ်နေချင် တာပေါ့”လို့ သရုပ်ဆောင် ဖြူဖြူထွေးက ပြောပါတယ်။

အခုလို ကြော်ငြာတွေရိုက်ကူးရပေမယ့် သူမရဲ့ဘဝမှာအခက်အခဲတွေလည်းရှိနေပြီး ဝေဖန်သူတွေလည်း များစွာ ရှိနေသေးကြောင်း၊ အကောင်းဆုံးဖြစ်အောင်လည်း ကြိုးစားနေတယ်လို့သိရပါတယ်။ “တစ်ချို့က ဝါသနာပါတာနဲ့ လုပ်နေရတဲ့အလုပ်ကလေးတွေက တလွဲဖြစ်နေတာတွေတွေ့ရတယ်၊ ညီမလည်း အစတုန်းကတော့ အဲ့ဒီလိုကြုံတယ်၊ ဘာပဲလုပ်လုပ်အကောင်းဆုံးဖြစ်အောင်လုပ်ရင်းနဲ့ ဒီအခြေအနေ တစ်ခုကို ပိုင်ဆိုင်နိုင်တာပါ၊ ဒါပေမဲ့ခက်တာက လွတ်လပ်ခွင့်တွေအကုန်လုံးပျောက်ဆုံးကုန်ပြီ”လို့ သူက ဆက်ပြော ပါတယ်။

သူမဟာ သရုပ်ဆောင်ရတာအပြင် ကုန်ပစ္စည်းကြော်ငြာတွေနဲ့ပတ်သက်လို့ ကိုယ်တိုင် ဇာတ်ညွှန်းရေးတာမျိုးတွေကိုလည်း လုပ်ဆောင် နေပြီး ကြော်ငြာမယ့်ကုန်ပစ္စည်းတွေရဲ့ အရည်အသွေးကိုလည်း ကိုယ်တိုင်စမ်းသပ်သုံးစွဲပြီးတော့မှ သရုပ်ဆောင်လေ့ရှိတယ်လို့ သိရပါတယ်။

 မင်းခေတ်လင်း
ရန်ကုန်၊ ဇွန် ၈

(  Zawgyi  )

 အခုေနာက္ပိုင္းမွာ ေတာ္ေတာ္ေလးလူသိမ်ားလာတဲ့အျပင္ ေၾကာ္ျငာေတြကို လက္မလည္ေအာင္ ဆက္တိုက္႐ိုက္ကူးလာရတဲ့ သ႐ုပ္ေဆာင္ျဖဴျဖဴေထြးဟာ အရင္လိုလြတ္လြတ္လပ္လပ္ဘဝေလးကိုသာ ျပန္လည္ပိုင္ဆိုင္ႏိုင္ဖို႔ ေမွ်ာ္လင့္မိတယ္လို႔ ဆိုပါတယ္။အခုလို COVID ကာလထဲ အႏုပညာအလုပ္ေတာ္ေတာ္မ်ားမ်ားရပ္နားခ်ိန္မွာ သူမဟာေၾကာ္ျငာေတြဆက္တိုက္ ႐ိုက္ကူးလာရတာမ်ိဳး ရွိၿပီး အပ်င္းေျပဂိမ္းကစားေနတာကိုေတာင္ ဂိမ္းကစားရင္းေၾကာ္ျငာသ႐ုပ္ေဆာင္တာမ်ိဳး လုပ္ေဆာင္ခဲ့ရတာေတြရွိခဲ့တယ္လို႔ သိရပါတယ္။

“တစ္ခါတေလက်လို႔ရွိရင္ စိတ္ထဲမွာ လူေတြသိတဲ့သူ မျဖစ္ခ်င္ေတာ့ဘူး၊ နာမည္မႀကီးခ်င္ေတာ့ဘူး ဆိုတာမ်ိဳး ျဖစ္တယ္၊ ဘာမွ မလြတ္လပ္ေတာ့တာမ်ိဳးေတြရွိခဲ့တယ္၊ ကစားရင္လည္း လြတ္လြတ္လပ္လပ္မကစား ရေတာ့ဘူး၊ ဥပမာေျပာရင္ သစ္ပင္ေပၚတက္ ရင္လည္း တက္ျပန္ၿပီ ဆိုတာမ်ိဳးျဖစ္တယ္၊ ဘယ္အရာမွ မလြတ္လပ္ေတာ့ဘူးေလ၊ ကိုယ္က လြတ္လြတ္လပ္လပ္ေနခ်င္ တာေပါ့”လို႔ သ႐ုပ္ေဆာင္ ျဖဴျဖဴေထြးက ေျပာပါတယ္။

အခုလို ေၾကာ္ျငာေတြ႐ိုက္ကူးရေပမယ့္ သူမရဲ႕ဘဝမွာအခက္အခဲေတြလည္းရွိေနၿပီး ေဝဖန္သူေတြလည္း မ်ားစြာ ရွိေနေသးေၾကာင္း၊ အေကာင္းဆုံးျဖစ္ေအာင္လည္း ႀကိဳးစားေနတယ္လို႔သိရပါတယ္။ “တစ္ခ်ိဳ႕က ဝါသနာပါတာနဲ႔ လုပ္ေနရတဲ့အလုပ္ကေလးေတြက တလြဲျဖစ္ေနတာေတြေတြ႕ရတယ္၊ ညီမလည္း အစတုန္းကေတာ့ အဲ့ဒီလိုႀကဳံတယ္၊ ဘာပဲလုပ္လုပ္အေကာင္းဆုံးျဖစ္ေအာင္လုပ္ရင္းနဲ႔ ဒီအေျခအေန တစ္ခုကို ပိုင္ဆိုင္ႏိုင္တာပါ၊ ဒါေပမဲ့ခက္တာက လြတ္လပ္ခြင့္ေတြအကုန္လုံးေပ်ာက္ဆုံးကုန္ၿပီ”လို႔ သူက ဆက္ေျပာ ပါတယ္။

သူမဟာ သ႐ုပ္ေဆာင္ရတာအျပင္ ကုန္ပစၥည္းေၾကာ္ျငာေတြနဲ႔ပတ္သက္လို႔ ကိုယ္တိုင္ ဇာတ္ၫႊန္းေရးတာမ်ိဳးေတြကိုလည္း လုပ္ေဆာင္ ေနၿပီး ေၾကာ္ျငာမယ့္ကုန္ပစၥည္းေတြရဲ႕ အရည္အေသြးကိုလည္း ကိုယ္တိုင္စမ္းသပ္သုံးစြဲၿပီးေတာ့မွ သ႐ုပ္ေဆာင္ေလ့ရွိတယ္လို႔ သိရပါတယ္။

 မင္းေခတ္လင္း
ရန္ကုန္၊ ဇြန္ ၈