မြန်မာ့ယဉ်ကျေးမှုကို တောင်ကိုရီးယားနိုင်ငံသားများသိဖို့ ကြိုးစားသွားမယ့် သရုပ်ဆောင် ခါရာ

မြန်မာ့ယဉ်ကျေးမှုကို တောင်ကိုရီးယားနိုင်ငံသားများသိဖို့ ကြိုးစားသွားမယ့် သရုပ်ဆောင် ခါရာ

မြန်မာလူမျိုးတွေရဲ့ ချစ်စဖွယ်ဓလေ့ ရိုးရာယဉ်ကျေးမှုတွေကို တောင်ကိုရီးယားနိုင်ငံသားတွေအနေနဲ့ စိတ်ဝင်တစား လေ့လာသိရှိနိုင်အောင် ကြိုးပမ်းသွားမယ်လို့ သရုပ်ဆောင် ခါရာ က ပြောကြားပါတယ်။

“မြန်မာ-တောင်ကိုရီးယား ယဉ်ကျေးမှုဖလှယ်ရေးနဲ့ တောင်ကိုရီးယား ယဉ်ကျေးမှုမြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းများကို ကြိုးစားအားထုတ်လုပ်ဆောင်သွားရင်းနဲ့ မြန်မာ့ယဉ်ကျေးမှုများကိုလည်း တောင်ကိုရီးယားနိုင်ငံသားများ ပိုမိုသိရှိစေဖို့ ဆတက်ထမ်းပိုး ကြိုးစားအားထုတ်သွားပါမယ်” လို့ သရုပ်ဆောင် ခါရာ က ပြောပါတယ်။

သူဟာ အခု အောက်တိုဘာလထဲမှာ ကျရောက်တဲ့ ကိုရီးယား-မြန်မာ သံတမန်ဆက်ဆံရေး (၄၅) နှစ်ပြည့်တဲ့ အထိမ်းအမှတ်အနေနဲ့ ကိုရီးယားယဉ်ကျေးမှုမြှင့်တင်ရေးဆိုင်ရာ ဂုဏ်ထူးဆောင်သံတမန်အဖြစ် ပထမဆုံးခန့်အပ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

သူ့ကို Professional Model တစ်ယောက်အဖြစ်ဖြင့် ပရိသတ်တွေ စတင်အားပေးခဲ့ပြီး သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာခဲ့ကာ ယခုအခါမှာ ကြော်ငြာတွေ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ဇာတ်လမ်းတွဲတွေမှာလည်း အများအပြားပါဝင်သရုပ်ဆောင်လာရသူဖြစ်ပါတယ်။ဒါ့အပြင် မကြာခင်မှာ ကျင်းပမယ့် Asian Academy Creative Award 2020 National Winner ရွေးချယ်ပွဲမှာ မြန်မာကိုယ်စားပြုအဖြစ် လောကကြိုးဝိုင်း ဇာတ်လမ်းတွဲနဲ့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး Grand Final အတွက် ဆန်ခါတင်ရွေးချယ်ခံခဲ့ရတယ်လို့လည်း သိရပါတယ်။

လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် အွန်လိုင်းတိုက်ကွမ်ဒိုပြိုင်ပွဲကို မြန်မာနိုင်ငံသားများအနေနဲ့ ပိုမိုစိတ်ဝင်စားလာစေဖို့ အကောင်းဆုံး Promote လုပ်သွားဖို့ ပြင်ဆင်ထားသလို ယင်းအားကစားမှာ ကိုရီးယားယဉ်ကျေးမှု အားကစားလည်းဖြစ်တဲ့အတွက် ကိုရီးယားယဉ်ကျေးမှုမြှင့်တင်ရေးဆိုင်ရာ ဂုဏ်ထူးဆောင်သံတမန်အနေနဲ့လည်း လှုပ်ရှားလုပ်ဆောင်သွားဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

“အခုကျတော့ တိုက်ကွမ်ဒို အားကစားကို ကျွန်တော်ကိုယ်တိုင်လည်း စိတ်ပါဝင်စားတာကြောင့် အချိန်ယူပြီး လေ့ကျင့်နေပါတယ်၊ မြန်မာ့ယဉ်ကျေးမှုတွေ၊ ကိုရီးယားရဲ့ ယဉ်ကျေးမှုတွေကို ဖလှယ်ရင်း သံတမန်တစ်ဦးအနေနဲ့ အကောင်းဆုံးကြိုးပမ်းသွားမှာဖြစ်ပါတယ်” လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။

COVID 19 ရောဂါပြီးတဲ့အခါမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားရိုက်ဖို့ ပြောထားတာရှိပေမယ့် ကာရိုက်တာပိုင်းကိုတော့ မရိုက်ခင်မှာ သေသေချာချာလေ့ကျင့်သွားဖို့ ပြင်ဆင်ထားတယ်လို့လည်း သိရပါတယ်။

မင်းခေတ်လင်း
(ဓာတ်ပုံ - ကိုနိုင် NG)
ရန်ကုန်၊ အောက်တိုဘာ - ၂၇

( Zawgyi )

ျမန္မာလူမ်ိဳးေတြရဲ႕ ခ်စ္စဖြယ္ဓေလ့ ႐ိုးရာယဥ္ေက်းမႈေတြကို ေတာင္ကိုရီးယားႏိုင္ငံသားေတြအေနနဲ႔ စိတ္ဝင္တစား ေလ့လာသိရွိႏိုင္ေအာင္ ႀကိဳးပမ္းသြားမယ္လို႔ သ႐ုပ္ေဆာင္ ခါရာ က ေျပာၾကားပါတယ္။

“ျမန္မာ-ေတာင္ကိုရီးယား ယဥ္ေက်းမႈဖလွယ္ေရးနဲ႔ ေတာင္ကိုရီးယား ယဥ္ေက်းမႈျမႇင့္တင္ေရးဆိုင္ရာ လုပ္ငန္းမ်ားကို ႀကိဳးစားအားထုတ္လုပ္ေဆာင္သြားရင္းနဲ႔ ျမန္မာ့ယဥ္ေက်းမႈမ်ားကိုလည္း ေတာင္ကိုရီးယားႏိုင္ငံသားမ်ား ပိုမိုသိရွိေစဖို႔ ဆတက္ထမ္းပိုး ႀကိဳးစားအားထုတ္သြားပါမယ္” လို႔ သ႐ုပ္ေဆာင္ ခါရာ က ေျပာပါတယ္။

သူဟာ အခု ေအာက္တိုဘာလထဲမွာ က်ေရာက္တဲ့ ကိုရီးယား-ျမန္မာ သံတမန္ဆက္ဆံေရး (၄၅) ႏွစ္ျပည့္တဲ့ အထိမ္းအမွတ္အေနနဲ႔ ကိုရီးယားယဥ္ေက်းမႈျမႇင့္တင္ေရးဆိုင္ရာ ဂုဏ္ထူးေဆာင္သံတမန္အျဖစ္ ပထမဆုံးခန႔္အပ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

သူ႔ကို Professional Model တစ္ေယာက္အျဖစ္ျဖင့္ ပရိသတ္ေတြ စတင္အားေပးခဲ့ၿပီး သ႐ုပ္ေဆာင္ေလာကထဲကို ဝင္ေရာက္လာခဲ့ကာ ယခုအခါမွာ ေၾကာ္ျငာေတြ၊ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြ၊ ဇာတ္လမ္းတြဲေတြမွာလည္း အမ်ားအျပားပါဝင္သ႐ုပ္ေဆာင္လာရသူျဖစ္ပါတယ္။ဒါ့အျပင္ မၾကာခင္မွာ က်င္းပမယ့္ Asian Academy Creative Award 2020 National Winner ေ႐ြးခ်ယ္ပြဲမွာ ျမန္မာကိုယ္စားျပဳအျဖစ္ ေလာကႀကိဳးဝိုင္း ဇာတ္လမ္းတြဲနဲ႔ အေကာင္းဆုံးအမ်ိဳးသားဇာတ္ေဆာင္ဆုကို ရရွိခဲ့ၿပီး Grand Final အတြက္ ဆန္ခါတင္ေ႐ြးခ်ယ္ခံခဲ့ရတယ္လို႔လည္း သိရပါတယ္။

လာမယ့္ ႏိုဝင္ဘာလမွာ က်င္းပမယ့္ အြန္လိုင္းတိုက္ကြမ္ဒိုၿပိဳင္ပြဲကို ျမန္မာႏိုင္ငံသားမ်ားအေနနဲ႔ ပိုမိုစိတ္ဝင္စားလာေစဖို႔ အေကာင္းဆုံး Promote လုပ္သြားဖို႔ ျပင္ဆင္ထားသလို ယင္းအားကစားမွာ ကိုရီးယားယဥ္ေက်းမႈ အားကစားလည္းျဖစ္တဲ့အတြက္ ကိုရီးယားယဥ္ေက်းမႈျမႇင့္တင္ေရးဆိုင္ရာ ဂုဏ္ထူးေဆာင္သံတမန္အေနနဲ႔လည္း လႈပ္ရွားလုပ္ေဆာင္သြားဖို႔ ျပင္ဆင္ေနတာျဖစ္ပါတယ္။

“အခုက်ေတာ့ တိုက္ကြမ္ဒို အားကစားကို ကြၽန္ေတာ္ကိုယ္တိုင္လည္း စိတ္ပါဝင္စားတာေၾကာင့္ အခ်ိန္ယူၿပီး ေလ့က်င့္ေနပါတယ္၊ ျမန္မာ့ယဥ္ေက်းမႈေတြ၊ ကိုရီးယားရဲ႕ ယဥ္ေက်းမႈေတြကို ဖလွယ္ရင္း သံတမန္တစ္ဦးအေနနဲ႔ အေကာင္းဆုံးႀကိဳးပမ္းသြားမွာျဖစ္ပါတယ္” လို႔ သူက ဆက္လက္ေျပာၾကားခဲ့ပါတယ္။

COVID 19 ေရာဂါၿပီးတဲ့အခါမွာလည္း ႐ုပ္ရွင္ဇာတ္ကားႀကီးတစ္ကား႐ိုက္ဖို႔ ေျပာထားတာရွိေပမယ့္ ကာ႐ိုက္တာပိုင္းကိုေတာ့ မ႐ိုက္ခင္မွာ ေသေသခ်ာခ်ာေလ့က်င့္သြားဖို႔ ျပင္ဆင္ထားတယ္လို႔လည္း သိရပါတယ္။

မင္းေခတ္လင္း
(ဓာတ္ပုံ - ကိုႏိုင္ NG)
ရန္ကုန္၊ ေအာက္တိုဘာ - ၂၇