ပရဟိတအလုပ်တွေသာ ဦးစားပေးသတ်မှတ်ထားတဲ့ ဝေဠုကျော်

ပရဟိတအလုပ်တွေသာ ဦးစားပေးသတ်မှတ်ထားတဲ့ ဝေဠုကျော်

မြန်မာဇာတ်ကားတွေမှာ ပရိသတ်တွေရဲ့ အားပေးမှုကိုခံခဲ့ရတဲ့ သရုပ်ဆောင် ဝေဠုကျော်ဟာ ယခုဆိုရင် မွန်ပြည်နယ်က ရေဘေးသင့်ဒေသတွေမှာ စိတ်ရောကိုယ်ပါနှစ်မြုပ်ပြီး ပရဟိတအလုပ်တွေကို လုပ်ဆောင်နေပါတယ်။

ထို့ကြောင့်လည်း လတ်တလောမှာ ကြုံတွေ့နေတဲ့အမှုအရင်ဆိုင်နေတဲ့ ကိစ္စကိုလည်း တရားရုံးခွင့်တင်ကာ လူမှု ပရဟိတအလုပ်တွေကို သွားရောက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

“ရေဘေးကြုံနေရတဲ့ မိသားစုတွေရဲ့ဘဝကိုစာနာမိပြီး စစပြီးဖြစ်တဲ့အချိန်ကတည်းက အကူအညီပေး လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်၊ ပရဟိတအလုပ်တွေက ကျွန်တော့်ရဲ့ရှင်သန်နေတဲ့ဘဝနဲ့ တစ်ထပ်တည်းပါပဲ၊ တစ်ချို့ရွာတွေဆိုရင် တော်တော်လေးကို ဒုက္ခရောက်ကြရပါတယ်၊ ထန်းပင်အမြင့်နီးနီးလောက် ရှိနေတဲ့ ရွာတွေကို ကျွန်တော်တို့အဖွဲ့တွေက ကူညီကယ်ဆယ်ရေး လုပ်ငန်းလုပ်ဆောင်နေတာဖြစ်ပါတယ်၊ အခုတောင်မှ တခြားကိစ္စတွေအကုန်လုံးဘေးဖယ်ပြီးတော့ သွားရောက်လုပ်ဆောင်နေတာပါ၊ တခြားတော့ ဘာမှပြောဆိုစရာ မရှိပါဘူး”လို့ သရုပ်ဆောင် ဝေဠုကျော်က ရှင်းပြပါတယ်။

သူဟာ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှာလည်း ရာသက်ပန်ကြက်ခြေနီဝင် တစ်ဦးအဖြစ် လုပ်ဆောင်နေတာဖြစ်သလို ရန်ကုန်တိုင်းဒေသကြီးအတွင်းထဲမှာ ဖြစ်ပွားတဲ့ မီးလောင်မှုဖြစ်စဉ်တွေအပါအဝင် သဘာဝဘေးအန္တရာယ်တွေမှာလည်း ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို ပရဟိတအဖွဲ့တွေနဲ့အတူ ဝင်ရောက်အကူအညီပေးတဲ့အပြင် ဖောင်ဒေးရှင်းကိုလည်း တည်ထောင်ထားကာ ဖောင်ဒေးရှင်းမှတစ်ဆင့် လှူဒါန်းမှုတွေကိုလည်း လုပ်ဆောင်လျက်ရှိပါတယ်။ ပရဟိတ အလုပ်တွေလုပ်နေကြတဲ့ မြို့နယ်စေတနာ့ဝန်ထမ်း ကြက်ခြေနီတပ်ဖွဲ့ဝင်တွေကိုလည်း စက်ဘီးအပါအဝင် အထောက်အကူပြုပစ္စည်းကိရိယာတွေကို မကြာခဏလှူဒါန်းကူညီတတ်တာတွေကြောင့် သူ့ကိုချစ်ခင် အားပေးသူတွေ များပြားနေတာဖြစ်ပါတယ်။

သူ့အနေနဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်ဖို့အစီအစဉ်ရှိပေမယ့် လောလောဆယ်မှာ ပရဟိတအလုပ်တွေနဲ့ အချိန်ကုန်နေတာဖြစ်သလို နှစ်ကုန်ပိုင်းလောက်မှာ ဇာတ်ကားတစ်ကားရိုက်ဖို့ ကမ်းလှမ်းထားတာတွေရှိတယ်လို့ သိရပါတယ်။

“အနုပညာအလုပ်က လုပ်မှာပါ၊ ကျွန်တော့်ပရိသတ်ကိုလည်း ကျွန်တော် အနုပညာနဲ့တင်ဆက်ချင်ပါသေးတယ်၊ လောလောဆယ်တော့ ဒီဘက်မှာ လုပ်ကိုင်နေတာကြောင့် အချိန်လုနေရတယ်၊ ပွင့်လင်းရာသီထဲမှာတော့ ဇာတ်ကားရိုက်ဖြစ်မယ်ထင်တယ်”လို့ သူက ရှင်းပြပါတယ်။

သူ့ကို အကူအညီတောင်းလာတဲ့ ဂုဏ်ပြုဇာတ်ကားတွေအတွက်လည်း မေတ္တာနဲ့ ပါဝင်ပေးခဲ့တာတွေရှိတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ သြဂုတ် - ၁၅

( Zawgyi )

ျမန္မာဇာတ္ကားေတြမွာ ပရိသတ္ေတြရဲ႕ အားေပးမႈကိုခံခဲ့ရတဲ့ သ႐ုပ္ေဆာင္ ေဝဠဳေက်ာ္ဟာ ယခုဆိုရင္ မြန္ျပည္နယ္က ေရေဘးသင့္ေဒသေတြမွာ စိတ္ေရာကိုယ္ပါႏွစ္ျမဳပ္ၿပီး ပရဟိတအလုပ္ေတြကို လုပ္ေဆာင္ေနပါတယ္။

ထို႔ေၾကာင့္လည္း လတ္တေလာမွာ ႀကဳံေတြ႕ေနတဲ့အမႈအရင္ဆိုင္ေနတဲ့ ကိစၥကိုလည္း တရား႐ုံးခြင့္တင္ကာ လူမႈ ပရဟိတအလုပ္ေတြကို သြားေရာက္လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။

“ေရေဘးႀကဳံေနရတဲ့ မိသားစုေတြရဲ႕ဘဝကိုစာနာမိၿပီး စစၿပီးျဖစ္တဲ့အခ်ိန္ကတည္းက အကူအညီေပး လုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္၊ ပရဟိတအလုပ္ေတြက ကြၽန္ေတာ့္ရဲ႕ရွင္သန္ေနတဲ့ဘဝနဲ႔ တစ္ထပ္တည္းပါပဲ၊ တစ္ခ်ိဳ႕႐ြာေတြဆိုရင္ ေတာ္ေတာ္ေလးကို ဒုကၡေရာက္ၾကရပါတယ္၊ ထန္းပင္အျမင့္နီးနီးေလာက္ ရွိေနတဲ့ ႐ြာေတြကို ကြၽန္ေတာ္တို႔အဖြဲ႕ေတြက ကူညီကယ္ဆယ္ေရး လုပ္ငန္းလုပ္ေဆာင္ေနတာျဖစ္ပါတယ္၊ အခုေတာင္မွ တျခားကိစၥေတြအကုန္လုံးေဘးဖယ္ၿပီးေတာ့ သြားေရာက္လုပ္ေဆာင္ေနတာပါ၊ တျခားေတာ့ ဘာမွေျပာဆိုစရာ မရွိပါဘူး”လို႔ သ႐ုပ္ေဆာင္ ေဝဠဳေက်ာ္က ရွင္းျပပါတယ္။

သူဟာ ျမန္မာႏိုင္ငံ ၾကက္ေျခနီ အသင္းမွာလည္း ရာသက္ပန္ၾကက္ေျခနီဝင္ တစ္ဦးအျဖစ္ လုပ္ေဆာင္ေနတာျဖစ္သလို ရန္ကုန္တိုင္းေဒသႀကီးအတြင္းထဲမွာ ျဖစ္ပြားတဲ့ မီးေလာင္မႈျဖစ္စဥ္ေတြအပါအဝင္ သဘာဝေဘးအႏၲရာယ္ေတြမွာလည္း ရွာေဖြကယ္ဆယ္ေရး လုပ္ငန္းေတြကို ပရဟိတအဖြဲ႕ေတြနဲ႔အတူ ဝင္ေရာက္အကူအညီေပးတဲ့အျပင္ ေဖာင္ေဒးရွင္းကိုလည္း တည္ေထာင္ထားကာ ေဖာင္ေဒးရွင္းမွတစ္ဆင့္ လႉဒါန္းမႈေတြကိုလည္း လုပ္ေဆာင္လ်က္ရွိပါတယ္။ ပရဟိတ အလုပ္ေတြလုပ္ေနၾကတဲ့ ၿမိဳ႕နယ္ေစတနာ့ဝန္ထမ္း ၾကက္ေျခနီတပ္ဖြဲ႕ဝင္ေတြကိုလည္း စက္ဘီးအပါအဝင္ အေထာက္အကူျပဳပစၥည္းကိရိယာေတြကို မၾကာခဏလႉဒါန္းကူညီတတ္တာေတြေၾကာင့္ သူ႔ကိုခ်စ္ခင္ အားေပးသူေတြ မ်ားျပားေနတာျဖစ္ပါတယ္။

သူ႔အေနနဲ႔ အႏုပညာအလုပ္ေတြကို လုပ္ကိုင္ဖို႔အစီအစဥ္ရွိေပမယ့္ ေလာေလာဆယ္မွာ ပရဟိတအလုပ္ေတြနဲ႔ အခ်ိန္ကုန္ေနတာျဖစ္သလို ႏွစ္ကုန္ပိုင္းေလာက္မွာ ဇာတ္ကားတစ္ကား႐ိုက္ဖို႔ ကမ္းလွမ္းထားတာေတြရွိတယ္လို႔ သိရပါတယ္။

“အႏုပညာအလုပ္က လုပ္မွာပါ၊ ကြၽန္ေတာ့္ပရိသတ္ကိုလည္း ကြၽန္ေတာ္ အႏုပညာနဲ႔တင္ဆက္ခ်င္ပါေသးတယ္၊ ေလာေလာဆယ္ေတာ့ ဒီဘက္မွာ လုပ္ကိုင္ေနတာေၾကာင့္ အခ်ိန္လုေနရတယ္၊ ပြင့္လင္းရာသီထဲမွာေတာ့ ဇာတ္ကား႐ိုက္ျဖစ္မယ္ထင္တယ္”လို႔ သူက ရွင္းျပပါတယ္။

သူ႔ကို အကူအညီေတာင္းလာတဲ့ ဂုဏ္ျပဳဇာတ္ကားေတြအတြက္လည္း ေမတၱာနဲ႔ ပါဝင္ေပးခဲ့တာေတြရွိတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ၾသဂုတ္ - ၁၅