ထိရောက်တဲ့ တောင်းပန်မှုမျိုးလုပ်ပါက ကျေအေးပေးဖို့ရှိတယ်ဆိုတဲ့ သရုပ်ဆောင် သံစဉ်မောင်

ထိရောက်တဲ့ တောင်းပန်မှုမျိုးလုပ်ပါက ကျေအေးပေးဖို့ရှိတယ်ဆိုတဲ့ သရုပ်ဆောင် သံစဉ်မောင်

သရုပ်ဆောင် သံစဉ်မောင်ဟာ သရုပ်ဆောင် နေဒွေးကို တရားစွဲဆိုထားတဲ့အမှုနဲ့ပတ်သက်ပြီး ထိရောက်တဲ့ တောင်းပန်မှုမျိုးလုပ်ပါက ကျေအေးပေးဖို့ရှိတယ်လို့ ဆိုပါတယ်။

အခုလိုကာလမှာ အနုပညာအလုပ်တွေကိုလုပ်ဖို့ ကြိုးပမ်းနေပေမယ့် လက်ရှိတရားစွဲထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း လုပ်ဆောင် နေရတဲ့ အခြေအနေမျိုးရှိတယ်လို့ သိရပါတယ်။ သူမဟာ သရုပ်ဆောင် ဘေဘီမောင်ရဲ့ ညီမငယ်လေးအဖြစ် ပရိသတ်တွေ သိရှိလာခဲ့ပြီး တီဗီကြော်ငြာတွေ၊ ပြက္ခဒိန်တွေ အပြင် ဗီဒီယို ဇာတ်ကား တော်တော်များများလည်း ရိုက်ကူးနေရသူဖြစ်သလို အနုပညာသက်တမ်း အနေနဲ့ ၄ နှစ်ခန့်ကို ရောက်ရှိလာတယ်လို့ သိရပါတယ်။

“အခုလောလောဆယ်မှာ အမှုကျေအေးပေးတာမျိုးမဟုတ်ဘူး၊ ဒီအမှုကိစ္စနဲ့ပတ်သက်ပြီးတော့ အဖေက ကျေနပ်တာ၊ မကျေနပ်တာရယ်၊ အဖေ့ဘက်ကရော ဘယ်လို သဘောမျိုးရှိသလဲ ဆိုတာလည်း ကြည့်ရသေး တယ်။ အပြင်မှာသာ သူကတောင်းပန်တာ တကယ်တမ်း မီဒီယာမှာကျတော့ ညီမရေ တောင်းပန်ပါတယ် ဒါတွေကို အစ်ကိုမှားခဲ့ပါတယ်ဆိုတာမရှိဘူး။ သူ့စိတ်နဲ့သူကိုယ် တောင်းပန်တယ်ဆိုရင် ညီမဘက်က အမှုကျေအေးပေးကောင်းကျေအေးပေးနိုင်တယ်။ အခုလိုပြောတာက သူတောင်းပန်တာကို ညီမက ခွင့်လွှတ်တာ အမှုကိစ္စတွေကတော့ လောလောဆယ်ဆက်ပြီးတော့ ရှိနေဦးမှာပါပဲ”လို့ သရုပ်ဆောင် သံစဉ်မောင်က ရှင်းပြပါတယ်။

သူမ တရားစွဲဆိုထားတဲ့ သရုပ်ဆောင်နေဒွေးနဲ့အတူ အင်တာဗျူးဖြေဆိုမှုတွေ လုပ်ဆောင်ခဲ့တာကြောင့် အမှုကိစ္စဟာ ပြေလည် သွားတယ်လို့ ယူဆကြပေမယ့် ထိုအင်တာဗျူးအစီအစဉ်ဟာ Star & Model Agency ရဲ့ ပဲ့ကိုင်ရှင်တစ်ဦးလည်းဖြစ်သလို သူမရဲ့ ဆရာတစ်ဦးလည်းဖြစ်တဲ့ ကိုဂျွန်လွင်က သူတို့ကို ပြန်လည်အဆင်ပြေစေဖို့ ညှိနှိုင်းပေးတာမျိုးဖြစ်ခဲ့ပေမယ့် အဲ့ဒီအစီအစဉ်ဟာ တရားစွဲထားတဲ့ကိစ္စနဲ့ မသက်ဆိုင်ကြောင်း၊ အခုလို အမှုဖွင့်ကာ တရားစွဲဆိုလုပ်ဆောင်နေတာဟာ ထောင်ကျစေလိုတဲ့ဆန္ဒမရှိသလို ယခုအမှုကိစ္စမှာလည်း သူမရဲ့ မိသားစုဝင်တွေ အကုန်လုံးပါလာတဲ့ အတွက်ကြောင့် သူမရဲ့အဖေအပါအဝင် မိသားစုဝင်တွေနဲ့ တိုင်ပင်နေတဲ့အခြေအနေမျိုးဖြစ်ကြောင်း၊ သရုပ်ဆောင် နေဒွေးဘက်က တောင်းပန်တာဟာ ခပ်ပေါ့ပေါ့ အခြေအနေမျိုး ဖြစ်နေတဲ့ အတွက် အပြစ်ကိုဝန်ခံကာထိထိရောက်ရောက်နဲ့ တောင်းပန်တာမျိုးကို သူမဘက်က လိုလားတယ်လို့ သိရပါတယ်။

“အမှုက အခုမှစတာ တရားရုံးကို သူမတက်ရသေးဘူး၊ ညီမပဲ တက်ရသေးတာပါ၊ အမှုကျေအေးပေးဖို့ ဆိုရင် အဖေနဲ့ သူသေချာ ညှိစေချင်တယ်၊ အမှုကိစ္စတွေက အဖေက ပိုသိတယ်”လို့ သူမက ဆိုပါတယ်။ သူမဟာ သရုပ်ဆောင် နေဒွေးနဲ့ ချစ်သူသက်တမ်း ၃ နှစ်အကြာ လက်တွဲလာခဲ့ရင်း ရန်ဖြစ်ကြတဲ့အချိန်မှာ သူမကို ရိုက်နှက် နှိပ်စက်တာတွေကြောင့်လို့ဆိုကာ ပုဒ်မ(၃၂၃)နဲ့ ရန်ကင်း တရားရုံးမှာ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
(ဓာတ်ပုံ- ကိုနိုင် NG)

(  Zawgyi  )

 သ႐ုပ္ေဆာင္ သံစဥ္ေမာင္ဟာ သ႐ုပ္ေဆာင္ ေနေဒြးကို တရားစြဲဆိုထားတဲ့အမႈနဲ႔ပတ္သက္ၿပီး ထိေရာက္တဲ့ ေတာင္းပန္မႈမ်ိဳးလုပ္ပါက ေက်ေအးေပးဖို႔ရွိတယ္လို႔ ဆိုပါတယ္။

အခုလိုကာလမွာ အႏုပညာအလုပ္ေတြကိုလုပ္ဖို႔ ႀကိဳးပမ္းေနေပမယ့္ လက္ရွိတရားစြဲထားတဲ့ကိစၥနဲ႔ ပတ္သက္ၿပီးေတာ့လည္း လုပ္ေဆာင္ ေနရတဲ့ အေျခအေနမ်ိဳးရွိတယ္လို႔ သိရပါတယ္။ သူမဟာ သ႐ုပ္ေဆာင္ ေဘဘီေမာင္ရဲ႕ ညီမငယ္ေလးအျဖစ္ ပရိသတ္ေတြ သိရွိလာခဲ့ၿပီး တီဗီေၾကာ္ျငာေတြ၊ ျပကၡဒိန္ေတြ အျပင္ ဗီဒီယို ဇာတ္ကား ေတာ္ေတာ္မ်ားမ်ားလည္း ႐ိုက္ကူးေနရသူျဖစ္သလို အႏုပညာသက္တမ္း အေနနဲ႔ ၄ ႏွစ္ခန႔္ကို ေရာက္ရွိလာတယ္လို႔ သိရပါတယ္။

“အခုေလာေလာဆယ္မွာ အမႈေက်ေအးေပးတာမ်ိဳးမဟုတ္ဘူး၊ ဒီအမႈကိစၥနဲ႔ပတ္သက္ၿပီးေတာ့ အေဖက ေက်နပ္တာ၊ မေက်နပ္တာရယ္၊ အေဖ့ဘက္ကေရာ ဘယ္လို သေဘာမ်ိဳးရွိသလဲ ဆိုတာလည္း ၾကည့္ရေသး တယ္။ အျပင္မွာသာ သူကေတာင္းပန္တာ တကယ္တမ္း မီဒီယာမွာက်ေတာ့ ညီမေရ ေတာင္းပန္ပါတယ္ ဒါေတြကို အစ္ကိုမွားခဲ့ပါတယ္ဆိုတာမရွိဘူး။ သူ႔စိတ္နဲ႔သူကိုယ္ ေတာင္းပန္တယ္ဆိုရင္ ညီမဘက္က အမႈေက်ေအးေပးေကာင္းေက်ေအးေပးႏိုင္တယ္။ အခုလိုေျပာတာက သူေတာင္းပန္တာကို ညီမက ခြင့္လႊတ္တာ အမႈကိစၥေတြကေတာ့ ေလာေလာဆယ္ဆက္ၿပီးေတာ့ ရွိေနဦးမွာပါပဲ”လို႔ သ႐ုပ္ေဆာင္ သံစဥ္ေမာင္က ရွင္းျပပါတယ္။

သူမ တရားစြဲဆိုထားတဲ့ သ႐ုပ္ေဆာင္ေနေဒြးနဲ႔အတူ အင္တာဗ်ဴးေျဖဆိုမႈေတြ လုပ္ေဆာင္ခဲ့တာေၾကာင့္ အမႈကိစၥဟာ ေျပလည္ သြားတယ္လို႔ ယူဆၾကေပမယ့္ ထိုအင္တာဗ်ဴးအစီအစဥ္ဟာ Star & Model Agency ရဲ႕ ပဲ့ကိုင္ရွင္တစ္ဦးလည္းျဖစ္သလို သူမရဲ႕ ဆရာတစ္ဦးလည္းျဖစ္တဲ့ ကိုဂြၽန္လြင္က သူတို႔ကို ျပန္လည္အဆင္ေျပေစဖို႔ ညႇိႏႈိင္းေပးတာမ်ိဳးျဖစ္ခဲ့ေပမယ့္ အဲ့ဒီအစီအစဥ္ဟာ တရားစြဲထားတဲ့ကိစၥနဲ႔ မသက္ဆိုင္ေၾကာင္း၊ အခုလို အမႈဖြင့္ကာ တရားစြဲဆိုလုပ္ေဆာင္ေနတာဟာ ေထာင္က်ေစလိုတဲ့ဆႏၵမရွိသလို ယခုအမႈကိစၥမွာလည္း သူမရဲ႕ မိသားစုဝင္ေတြ အကုန္လုံးပါလာတဲ့ အတြက္ေၾကာင့္ သူမရဲ႕အေဖအပါအဝင္ မိသားစုဝင္ေတြနဲ႔ တိုင္ပင္ေနတဲ့အေျခအေနမ်ိဳးျဖစ္ေၾကာင္း၊ သ႐ုပ္ေဆာင္ ေနေဒြးဘက္က ေတာင္းပန္တာဟာ ခပ္ေပါ့ေပါ့ အေျခအေနမ်ိဳး ျဖစ္ေနတဲ့ အတြက္ အျပစ္ကိုဝန္ခံကာထိထိေရာက္ေရာက္နဲ႔ ေတာင္းပန္တာမ်ိဳးကို သူမဘက္က လိုလားတယ္လို႔ သိရပါတယ္။

“အမႈက အခုမွစတာ တရား႐ုံးကို သူမတက္ရေသးဘူး၊ ညီမပဲ တက္ရေသးတာပါ၊ အမႈေက်ေအးေပးဖို႔ ဆိုရင္ အေဖနဲ႔ သူေသခ်ာ ညႇိေစခ်င္တယ္၊ အမႈကိစၥေတြက အေဖက ပိုသိတယ္”လို႔ သူမက ဆိုပါတယ္။ သူမဟာ သ႐ုပ္ေဆာင္ ေနေဒြးနဲ႔ ခ်စ္သူသက္တမ္း ၃ ႏွစ္အၾကာ လက္တြဲလာခဲ့ရင္း ရန္ျဖစ္ၾကတဲ့အခ်ိန္မွာ သူမကို ႐ိုက္ႏွက္ ႏွိပ္စက္တာေတြေၾကာင့္လို႔ဆိုကာ ပုဒ္မ(၃၂၃)နဲ႔ ရန္ကင္း တရား႐ုံးမွာ တရားစြဲဆိုထားတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
(ဓာတ္ပုံ- ကိုႏိုင္ NG)