ဇာတ်ကားရိုက်ကူးဖို့ ပြင်ဆင်ပြီးကာမှ ရပ်တန့်ရမယ့်အခြေအနေမျိုး ဖြစ်လာတယ်လို့ သရုပ်ဆောင် ဝါဝါအောင် က ဆိုလာ

ဇာတ်ကားရိုက်ကူးဖို့ ပြင်ဆင်ပြီးကာမှ ရပ်တန့်ရမယ့်အခြေအနေမျိုး ဖြစ်လာတယ်လို့ သရုပ်ဆောင် ဝါဝါအောင် က ဆိုလာ

ပြည်တွင်းမှာ COVID 19 ကူးစက်မှု လျော့ကျလာသလို အစိုးရပိုင်းက ဖြေလျှော့မှုများကြောင့် ဇာတ်ကားပြန်ရိုက်ကြဖို့ ပြင်ဆင်နေချိန်မှာ တစ်ကျော့ပြန်ကူးစက်ဖြစ်ပွားပြီး ပြည်တွင်းကူးစက်မှုများလည်း ပြန်ဖြစ်လာခဲ့တာကြောင့်ရပ်တန့်ရမယ့်အခြေအနေမျိုး ဖြစ်လာတယ်ခဲ့တယ်လို့ သရုပ်ဆောင် ဝါဝါအောင် က ဆိုပါတယ်။

 

“Covid က ထပ်ပြီးဖြစ်နေတော့ အခုလုပ်နေတဲ့ ရိုက်ကူးရေးလေးတွေ နားဆိုရင် အားလုံးနားရမှာပေါ့၊ အန်တီဝါကတော့ နားရမယ်ဆိုလည်း လုပ်လက်စ ခိုတောင်မုန့်တီရောင်းတာကို ဆက်လုပ်မယ်လေ၊ အခုလ ရှေ့လဆက်တိုက်ကို ရိုက်ဖို့ပြင်ထားတာ၊ အခုလိုထပ်ဖြစ်တော့ ဘာမှန်းကိုမသိတော့ဘူး၊ ဘာပဲဖြစ်ဖြစ်လေ ကိုယ့်ရဲ့ လုပ်လက်စ မုန့်ရောင်းတဲ့အလုပ်တော့ ဆက်လုပ်ဖြစ်မယ်ထင်တယ်” လို့ သူမကရှင်းပြပါတယ်။

 

ရန်ကုန်မြို့မှာ လွန်ခဲ့တဲ့ဧပြီလက Home Stay ကာလ သတ်မှတ်ချိန်မှာ မိမိအိမ်မှာမုန့်လုပ်စားဖြစ်ရင်း ပရိသတ်တွေကို ကျွေးချင်တဲ့အတွက် ပြင်ဆင်ရောင်းချရင်းကနေ တွင်ကျယ်စွာရောင်းလာရကြောင်း၊ အခုနောက်ပိုင်းမှာဘုန်းကြီးဆွမ်းကပ်တာတွေ ဘာတွေကို လုပ်ဆောင်တာကြောင့် အာရုံဆွမ်းအနေနဲ့ အော်ဒါမှာလေ့ရှိတယ်လို့ သိရပါတယ်။

 

အန်တီဝါရဲ့လက်ရာကို မစားဖူးတဲ့သူတွေ၊ စားချင်တဲ့သူတွေအတွက်လည်းဖြစ်ပါတယ်၊ အိမ်မှာလည်းနေရင်းနဲ့ဘာလုပ်ရမှန်းမသိတာရယ်၊ ကိုယ်စားနေရင်းနဲ့ ရောင်းမယ်ဆိုတဲ့အတွေးနဲ့ ရောင်းတာရယ်၊ ဒီမှာက မန္တလေးမုန့်တီတို့ ဘာတို့လောက်ပဲ ရှိတာကြောင့်လည်း ခိုတောင်မုန့်တီကို လုပ်ဖြစ်တယ်၊ ကိုယ်မလုပ်ဖြစ်ရင်တောင် အော်ဒါမှာလာတာတွေရှိလာတယ်၊ အန်တီဝါတို့က ကိုယ်တိုင်မပို့ဘဲ Delivery နဲ့ ပို့တာတောင်မှ အမြဲမှာတယ်၊ ကိုယ်နားတဲ့ရက်မှာတောင်မှ ပွဲ ၂၀၊ ၃၀၊ ၅၀ စာ မှာတယ်၊ အခုရက်ပိုင်း ဘုန်းကြီးဆွမ်းကပ်ချင်လို့ မှာကြတယ်” လို့ သူမကရှင်းပြပါတယ်။

 

လက်ရှိမှာ MRTV 4 နဲ့ ရိုက်လက်စဖြစ်တဲ့ “အဖြူရောင်သက္ကရာဇ်” လို့ နာမည်ရတဲ့ ဇာတ်လမ်းတွဲဟာလည်း ပင်းတယမှာ ကျောင်းအုပ်ဆရာမကြီးအဖြစ် သရုပ်ဆောင်ကာ လူစုလူဝေးနဲ့ရိုက်ရမှာဖြစ်တဲ့အတွက် ရပ်နားထားကြောင်း၊အခုလ ၂၈ ရက်နေ့ စက်တင်ဘာ ၁၂ ရက်အထိ ရိုက်ကူးဖို့ပြင်ဆင်ထားတဲ့ ဇာတ်လမ်းတွဲတစ်ခုနဲ့ စက်တင်ဘာ ၁၂ရက်မှာ စတင်ဖို့ စီစဉ်ထားတဲ့ ရေနံသာခင်ခင်ကြီး ဇာတ်လမ်းတွေအနေနဲ့ အခုလို ဒုတိယအကြိမ် COVID ပြန်ဖြစ်တာကြောင့် အခြေအနေကို စောင့်ကြည့်ရမယ့်အနေအထားမျိုး ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

 

ပရိသတ်တွေအနေနဲ့ ကျန်းမာရေးကိုဂရုစိုက်ကြပါ၊ အခုက တစ်ကြိမ်မဟုတ်ဘူး၊ နှစ်ကြိမ် ထပ်ဖြစ်တာ ဆိုတော့ ပိုပြီးသတိပြုဖို့လိုပါတယ်၊ အန်တီဝါတို့ အနုပညာသမားတွေအနေနဲ့လည်း အခုလိုအခြေအနေမှာ ရိုက်ရမလားဘာလားတော့ မသိသေးဘူး၊ အခြေအနေစောင့်ကြည့်နေကြတုန်းပါ” လို့ သူမက ဆက်လက်ပြောပြခဲ့ပါတယ်။ 

 

မင်းခေတ်လင်း 

ရန်ကုန်၊ သြဂုတ် - ၂၃

 

( Zawgyi )

 

ျပည္တြင္းမွာ COVID 19 ကူးစက္မႈ ေလ်ာ့က်လာသလို အစိုးရပိုင္းက ေျဖေလွ်ာ့မႈမ်ားေၾကာင့္ ဇာတ္ကားျပန္႐ိုက္ၾကဖို႔ ျပင္ဆင္ေနခ်ိန္မွာ တစ္ေက်ာ့ျပန္ကူးစက္ျဖစ္ပြားၿပီး ျပည္တြင္းကူးစက္မႈမ်ားလည္း ျပန္ျဖစ္လာခဲ့တာေၾကာင့္ ရပ္တန႔္ရမယ့္အေျခအေနမ်ိဳး ျဖစ္လာတယ္ခဲ့တယ္လို႔ သ႐ုပ္ေဆာင္ ဝါဝါေအာင္ က ဆိုပါတယ္။

 

“Covid က ထပ္ၿပီးျဖစ္ေနေတာ့ အခုလုပ္ေနတဲ့ ႐ိုက္ကူးေရးေလးေတြ နားဆိုရင္ အားလုံးနားရမွာေပါ့၊ အန္တီဝါကေတာ့ နားရမယ္ဆိုလည္း လုပ္လက္စ ခိုေတာင္မုန႔္တီေရာင္းတာကို ဆက္လုပ္မယ္ေလ၊ အခုလ ေရွ႕လဆက္တိုက္ကို႐ိုက္ဖို႔ျပင္ထားတာ၊ အခုလိုထပ္ျဖစ္ေတာ့ ဘာမွန္းကိုမသိေတာ့ဘူး၊ ဘာပဲျဖစ္ျဖစ္ေလ ကိုယ့္ရဲ႕ လုပ္လက္စမုန႔္ေရာင္းတဲ့အလုပ္ေတာ့ ဆက္လုပ္ျဖစ္မယ္ထင္တယ္” လို႔ သူမကရွင္းျပပါတယ္။

 

ရန္ကုန္ၿမိဳ႕မွာ လြန္ခဲ့တဲ့ဧၿပီလက Home Stay ကာလ သတ္မွတ္ခ်ိန္မွာ မိမိအိမ္မွာမုန႔္လုပ္စားျဖစ္ရင္း ပရိသတ္ေတြကို ေကြၽးခ်င္တဲ့အတြက္ ျပင္ဆင္ေရာင္းခ်ရင္းကေန တြင္က်ယ္စြာေရာင္းလာရေၾကာင္း၊ အခုေနာက္ပိုင္းမွာ ဘုန္းႀကီးဆြမ္းကပ္တာေတြ ဘာေတြကို လုပ္ေဆာင္တာေၾကာင့္ အာ႐ုံဆြမ္းအေနနဲ႔ ေအာ္ဒါမွာေလ့ရွိတယ္လို႔ သိရပါတယ္။

 

အန္တီဝါရဲ႕လက္ရာကို မစားဖူးတဲ့သူေတြ၊ စားခ်င္တဲ့သူေတြအတြက္လည္းျဖစ္ပါတယ္၊ အိမ္မွာလည္းေနရင္းနဲ႔ဘာလုပ္ရမွန္းမသိတာရယ္၊ ကိုယ္စားေနရင္းနဲ႔ ေရာင္းမယ္ဆိုတဲ့အေတြးနဲ႔ ေရာင္းတာရယ္၊ ဒီမွာက မႏၲေလးမုန႔္တီတို႔ ဘာတို႔ေလာက္ပဲ ရွိတာေၾကာင့္လည္း ခိုေတာင္မုန႔္တီကို လုပ္ျဖစ္တယ္၊ ကိုယ္မလုပ္ျဖစ္ရင္ေတာင္ ေအာ္ဒါမွာလာတာေတြရွိလာတယ္၊ အန္တီဝါတို႔က ကိုယ္တိုင္မပို႔ဘဲ Delivery နဲ႔ ပို႔တာေတာင္မွ အၿမဲမွာတယ္၊ ကိုယ္နားတဲ့ရက္မွာေတာင္မွ ပြဲ ၂၀၊ ၃၀၊ ၅၀ စာ မွာတယ္၊ အခုရက္ပိုင္း ဘုန္းႀကီးဆြမ္းကပ္ခ်င္လို႔ မွာၾကတယ္” လို႔ သူမကရွင္းျပပါတယ္။

 

လက္ရွိမွာ MRTV 4 နဲ႔ ႐ိုက္လက္စျဖစ္တဲ့ “အျဖဴေရာင္သကၠရာဇ္” လို႔ နာမည္ရတဲ့ ဇာတ္လမ္းတြဲဟာလည္း ပင္းတယမွာေက်ာင္းအုပ္ဆရာမႀကီးအျဖစ္ သ႐ုပ္ေဆာင္ကာ လူစုလူေဝးနဲ႔႐ိုက္ရမွာျဖစ္တဲ့အတြက္ ရပ္နားထားေၾကာင္း၊အခုလ ၂၈ ရက္ေန႔ စက္တင္ဘာ ၁၂ ရက္အထိ ႐ိုက္ကူးဖို႔ျပင္ဆင္ထားတဲ့ ဇာတ္လမ္းတြဲတစ္ခုနဲ႔ စက္တင္ဘာ ၁၂ ရက္မွာ စတင္ဖို႔စီစဥ္ထားတဲ့ ေရနံသာခင္ခင္ႀကီး ဇာတ္လမ္းေတြအေနနဲ႔ အခုလို ဒုတိယအႀကိမ္ COVID ျပန္ျဖစ္တာေၾကာင့္အေျခအေနကို ေစာင့္ၾကည့္ရမယ့္အေနအထားမ်ိဳး ျဖစ္လာခဲ့တယ္လို႔ သိရပါတယ္။

 

ပရိသတ္ေတြအေနနဲ႔ က်န္းမာေရးကိုဂ႐ုစိုက္ၾကပါ၊ အခုက တစ္ႀကိမ္မဟုတ္ဘူး၊ ႏွစ္ႀကိမ္ ထပ္ျဖစ္တာ ဆိုေတာ့ ပိုၿပီးသတိျပဳဖို႔လိုပါတယ္၊ အန္တီဝါတို႔ အႏုပညာသမားေတြအေနနဲ႔လည္း အခုလိုအေျခအေနမွာ ႐ိုက္ရမလားဘာလားေတာ့ မသိေသးဘူး၊ အေျခအေနေစာင့္ၾကည့္ေနၾကတုန္းပါ” လို႔ သူမက ဆက္လက္ေျပာျပခဲ့ပါတယ္။ 

 

မင္းေခတ္လင္း 

ရန္ကုန္၊ ၾသဂုတ္ - ၂၃