စွပ်စွဲသူတွေ လာမရှင်းတာကြောင့် နောက်ဘာမှရှင်းစရာမလိုတော့ဘူးလို့ ယုန်လေး က ဆို

စွပ်စွဲသူတွေ လာမရှင်းတာကြောင့် နောက်ဘာမှရှင်းစရာမလိုတော့ဘူးလို့ ယုန်လေး က ဆို

“စည်းလုံးသင့်ပြီ မြန်မာပြည်/ငါတို့အားလုံးရဲ့ မြေ” လို့ နာမည်ရတဲ့သီချင်းနဲ့ပတ်သက်လို့ စွပ်စွဲဝေဖန်သူတွေဟာ မျက်နှာချင်းဆိုင် လာမရှင်းတာကြောင့် နောက်ဘာမှရှင်းစရာမလိုတော့ဘူးလို့ အဆိုပါသီချင်းဖန်တီးသူ ယုန်လေး က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“အချိန် တစ်နာရီခွဲ နှစ်နာရီရတယ်၊ အားလုံး ရန်ကုန်ထဲမှာပဲရှိကြတယ်၊ မျက်နှာချင်းဆိုင် သူလည်းပညာရှင် ကျွန်တော်လည်းပညာရှင် ထုတ်တဲ့သူတိုင်း၊ တေးရေးဘက်မှာလည်း ထုတ်တဲ့သူရှိတယ်၊ အဲ့ဒီလိုမျိုးကို လာရှင်းဆိုရင် ရှင်းမယ်၊ အခုမရှင်းဘူးဆိုတာ ကျွန်တော်နောက် ဘာမှရှင်းစရာမရှိတော့ဘူး၊ ဖေ့ဘွတ်မှာတော့ လူတိုင်းကိုလိုက်မရှင်းနိုင်ဘူး၊ ဘာတွေတိုင်ပင်ဦးမှာမို့လို့ အေးဆေးမှရှင်းမှာလဲ၊ လာလေအမှန်ပဲ၊ ကျွန်တော်က သွေးဆူနေတဲ့သူ ပိုတောင်မှားနိုင်သေးတယ်၊ ဟုတ်တယ်မဟုတ်လား၊ သူတို့မှန်ရင်လာရှင်းလေ” လို့ ယုန်လေး က ပြောပါတယ်။

သြဂုတ်လ ၇ ရက် ညနေ ၅ နာရီမှာ ယုန်လေး အပါအဝင် သရုပ်ဆောင် မြင့်မြတ်၊ ညီနန္ဒ၊ မိုးမိုး၊ ထူးခြား၊ သားညီ စတဲ့ အနုပညာရှင်တွေဟာ ရုပ်ရှင်အစည်းအရုံးသို့လာရောက်ခဲ့ကြပေမယ့် အဆိုပါဖြစ်စဉ်အတွက် ရုပ်ရှင်အစည်းအရုံးက နေရာအသုံးပြုခွင့်မပေးခဲ့တာကြောင့် အဝင်မှာရှိတဲ့ ကော်ဖီဆိုင်မှာ မီဒီယာတွေနဲ့တွေ့ဆုံစဉ် ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်ဖြေမှာမဟုတ်ဘူး၊ အားလုံးကိုတောင်းပန်ပါတယ်၊ ကျွန်တော့်ကို စွပ်စွဲတဲ့သူတွေ ဖေ့ဘွတ်မှာတော့ မစွပ်စွဲနဲ့ ဒဲ့လာရှင်း၊ ပညာရှင်အနေနဲ့ပဲ ထိပ်တိုက်ပြောမယ်လေ၊ သူတို့လည်း ဒါရိုက်တာတွေရှိတယ်၊ ပရိုဂျူဆာတွေရှိတယ်၊ ရုပ်ရှင်အနုပညာဆိုတာ သူတို့သိတယ်၊ နိုင်ငံရေးကို Colour မရောက် ရောက်အောင်ဆိုးပြီးတော့ ကျွန်တော့်ကိုချောက်ထဲချတယ်၊ ၁၀ မိနစ်ခြား၊ ၁၅ မိနစ်ခြား ကျွန်တော့်ကိုလှော်နေတာ၊ ကျွန်တော့်ဘဝကို စုတ်ပြတ်သတ်အောင်လုပ်နေတာ၊ တကယ့် NLD Strong ဦးဇာဂနာ ထားပါတော့၊ သူ့ရဲ့သမိုင်းမှာ သူဒါမို့လို့ မြင်နိုင်တာ ကျွန်တော်လက်ခံတယ်၊ ဘာကောင်မှလည်းမဟုတ်ဘူး၊ ဘာမှလည်းမဟုတ်ဘူး၊ အခုမှ ဖေ့ဘွတ်ပေါ်လာမှ ဂန်မကျယ်နဲ့၊ လာလေ ထိပ်တိုက် ဒီကိုလာရှင်းမယ်လေ၊ ပြောမယ်လေ၊ မင်းလဲပညာရှင် ငါလည်းပညာရှင် ပြောမယ်လေ” လို့ ယုန်လေး က ထုတ်ဖော်ပြောကြားပါတယ်။

အဆိုပါသီချင်း ရိုက်ကူးတဲ့ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ယုန်လေး ကို အနုပညာလှုပ်ရှားမှုအတွက် တစ်နှစ်ပိတ်လိုက်သလို ယခုကိစ္စအတွက်လည်း အေးဆေးတဲ့အခြေအနေတစ်ခုကျမှသာ ဆွေးနွေးရှင်းလင်းတာတွေလုပ်ဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။

“ကျွန်တော်လည်း တစ်နှစ်ပိတ်ခံရတယ်၊ ဒါနဲ့ပတ်သက်လို့ မကျေနပ်တာတွေ ကျေနပ်တာတွေ ကျွန်တော်မပြောဘူး၊ ဒါ သူပိတ်ချင်လို့ပိတ်တယ်ဗျာ၊ ဘာမှမဖြစ်ဘူး၊ အဲ့ဒါမကျေနပ်တာ ကျေနပ်တာ ဘာမှမရှိဘူး၊ ဦးညီကိုလည်းချစ်တယ်၊ သူငါ့ကိုပိတ်လို့ အဲ့ဘဲကြီးကို စော်ကားတဲ့ထဲမှာလည်းမပါဘူး၊ ကျွန်တော့်ကို သူမုန်းရင် ဒါပါစင်နယ်၊ သူသည် တလောကလုံးကို ချစ်ချစ်ခင်ခင်နဲ့ အားလုံးရဲ့အပေါ်မှာလည်းရှိတယ်၊ အားလုံးရဲ့ဆရာကောင်းလည်းဟုတ်တယ်၊ သူသည် တကယ့်လူကြီး၊ ကျွန်တော်ကြိုက်တဲ့ကားတွေလည်း ရိုက်နိုင်ခဲ့တယ်၊ သမာသမတ်ရှိတဲ့လူကြီး၊ သူဟာနဲ့သူ ကျွန်တော့်ကိုမုန်းတာ သူနဲ့ ကျွန်တော်နဲ့ ပါစင်နယ်၊ သူ့ရဲ့ရပ်တည်ချက် အရမ်းကောင်းခဲ့တယ်၊ သူ့အပေါ် ကျွန်တော်လေးစားပြီးသား၊ ဦးဝင်းမြိုင်ကတော့ ဒိုးတော့ ချီးထုပ်ကြီး၊ ဘာလဲတောင်းပန်တယ်၊ တောင်းပန်တာလက်ခံတယ်၊ တောင်းပန်တာ ကျေအေးတယ်၊ ဘာလဲ ဒီအစည်းအဝေးမှာ ဒီကောင်က NLD ကို စော်ကားတယ်၊ ဘာညာပြောတယ်၊ အဆင်းဘီးတပ်ပေးတယ်” လို့ ယုန်လေး က သတင်းမီဒီယာတွေရှေ့မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ သြဂုတ် - ၈

( Zawgyi )

“စည္းလုံးသင့္ၿပီ ျမန္မာျပည္/ငါတို႔အားလုံးရဲ႕ ေျမ” လို႔ နာမည္ရတဲ့သီခ်င္းနဲ႔ပတ္သက္လို႔ စြပ္စြဲေဝဖန္သူေတြဟာ မ်က္ႏွာခ်င္းဆိုင္ လာမရွင္းတာေၾကာင့္ ေနာက္ဘာမွရွင္းစရာမလိုေတာ့ဘူးလို႔ အဆိုပါသီခ်င္းဖန္တီးသူ ယုန္ေလး က ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

“အခ်ိန္ တစ္နာရီခြဲ ႏွစ္နာရီရတယ္၊ အားလုံး ရန္ကုန္ထဲမွာပဲရွိၾကတယ္၊ မ်က္ႏွာခ်င္းဆိုင္ သူလည္းပညာရွင္ ကြၽန္ေတာ္လည္းပညာရွင္ ထုတ္တဲ့သူတိုင္း၊ ေတးေရးဘက္မွာလည္း ထုတ္တဲ့သူရွိတယ္၊ အဲ့ဒီလိုမ်ိဳးကို လာရွင္းဆိုရင္ ရွင္းမယ္၊ အခုမရွင္းဘူးဆိုတာ ကြၽန္ေတာ္ေနာက္ ဘာမွရွင္းစရာမရွိေတာ့ဘူး၊ ေဖ့ဘြတ္မွာေတာ့ လူတိုင္းကိုလိုက္မရွင္းႏိုင္ဘူး၊ ဘာေတြတိုင္ပင္ဦးမွာမို႔လို႔ ေအးေဆးမွရွင္းမွာလဲ၊ လာေလအမွန္ပဲ၊ ကြၽန္ေတာ္က ေသြးဆူေနတဲ့သူ ပိုေတာင္မွားႏိုင္ေသးတယ္၊ ဟုတ္တယ္မဟုတ္လား၊ သူတို႔မွန္ရင္လာရွင္းေလ” လို႔ ယုန္ေလး က ေျပာပါတယ္။

ၾသဂုတ္လ ၇ ရက္ ညေန ၅ နာရီမွာ ယုန္ေလး အပါအဝင္ သ႐ုပ္ေဆာင္ ျမင့္ျမတ္၊ ညီနႏၵ၊ မိုးမိုး၊ ထူးျခား၊ သားညီ စတဲ့ အႏုပညာရွင္ေတြဟာ ႐ုပ္ရွင္အစည္းအ႐ုံးသို႔လာေရာက္ခဲ့ၾကေပမယ့္ အဆိုပါျဖစ္စဥ္အတြက္ ႐ုပ္ရွင္အစည္းအ႐ုံးက ေနရာအသုံးျပဳခြင့္မေပးခဲ့တာေၾကာင့္ အဝင္မွာရွိတဲ့ ေကာ္ဖီဆိုင္မွာ မီဒီယာေတြနဲ႔ေတြ႕ဆုံစဥ္ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ေျဖမွာမဟုတ္ဘူး၊ အားလုံးကိုေတာင္းပန္ပါတယ္၊ ကြၽန္ေတာ့္ကို စြပ္စြဲတဲ့သူေတြ ေဖ့ဘြတ္မွာေတာ့ မစြပ္စြဲနဲ႔ ဒဲ့လာရွင္း၊ ပညာရွင္အေနနဲ႔ပဲ ထိပ္တိုက္ေျပာမယ္ေလ၊ သူတို႔လည္း ဒါ႐ိုက္တာေတြရွိတယ္၊ ပ႐ိုဂ်ဴဆာေတြရွိတယ္၊ ႐ုပ္ရွင္အႏုပညာဆိုတာ သူတို႔သိတယ္၊ ႏိုင္ငံေရးကို Colour မေရာက္ ေရာက္ေအာင္ဆိုးၿပီးေတာ့ ကြၽန္ေတာ့္ကိုေခ်ာက္ထဲခ်တယ္၊ ၁၀ မိနစ္ျခား၊ ၁၅ မိနစ္ျခား ကြၽန္ေတာ့္ကိုေလွာ္ေနတာ၊ ကြၽန္ေတာ့္ဘဝကို စုတ္ျပတ္သတ္ေအာင္လုပ္ေနတာ၊ တကယ့္ NLD Strong ဦးဇာဂနာ ထားပါေတာ့၊ သူ႔ရဲ႕သမိုင္းမွာ သူဒါမို႔လို႔ ျမင္ႏိုင္တာ ကြၽန္ေတာ္လက္ခံတယ္၊ ဘာေကာင္မွလည္းမဟုတ္ဘူး၊ ဘာမွလည္းမဟုတ္ဘူး၊ အခုမွ ေဖ့ဘြတ္ေပၚလာမွ ဂန္မက်ယ္နဲ႔၊ လာေလ ထိပ္တိုက္ ဒီကိုလာရွင္းမယ္ေလ၊ ေျပာမယ္ေလ၊ မင္းလဲပညာရွင္ ငါလည္းပညာရွင္ ေျပာမယ္ေလ” လို႔ ယုန္ေလး က ထုတ္ေဖာ္ေျပာၾကားပါတယ္။

အဆိုပါသီခ်င္း ႐ိုက္ကူးတဲ့ျဖစ္စဥ္ေတြနဲ႔ပတ္သက္ၿပီး ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးက ယုန္ေလး ကို အႏုပညာလႈပ္ရွားမႈအတြက္ တစ္ႏွစ္ပိတ္လိုက္သလို ယခုကိစၥအတြက္လည္း ေအးေဆးတဲ့အေျခအေနတစ္ခုက်မွသာ ေဆြးေႏြးရွင္းလင္းတာေတြလုပ္ဖို႔ အစီအစဥ္ရွိတယ္လို႔ သိရပါတယ္။

“ကြၽန္ေတာ္လည္း တစ္ႏွစ္ပိတ္ခံရတယ္၊ ဒါနဲ႔ပတ္သက္လို႔ မေက်နပ္တာေတြ ေက်နပ္တာေတြ ကြၽန္ေတာ္မေျပာဘူး၊ ဒါ သူပိတ္ခ်င္လို႔ပိတ္တယ္ဗ်ာ၊ ဘာမွမျဖစ္ဘူး၊ အဲ့ဒါမေက်နပ္တာ ေက်နပ္တာ ဘာမွမရွိဘူး၊ ဦးညီကိုလည္းခ်စ္တယ္၊ သူငါ့ကိုပိတ္လို႔ အဲ့ဘဲႀကီးကို ေစာ္ကားတဲ့ထဲမွာလည္းမပါဘူး၊ ကြၽန္ေတာ့္ကို သူမုန္းရင္ ဒါပါစင္နယ္၊ သူသည္ တေလာကလုံးကို ခ်စ္ခ်စ္ခင္ခင္နဲ႔ အားလုံးရဲ႕အေပၚမွာလည္းရွိတယ္၊ အားလုံးရဲ႕ဆရာေကာင္းလည္းဟုတ္တယ္၊ သူသည္ တကယ့္လူႀကီး၊ ကြၽန္ေတာ္ႀကိဳက္တဲ့ကားေတြလည္း ႐ိုက္ႏိုင္ခဲ့တယ္၊ သမာသမတ္ရွိတဲ့လူႀကီး၊ သူဟာနဲ႔သူ ကြၽန္ေတာ့္ကိုမုန္းတာ သူနဲ႔ ကြၽန္ေတာ္နဲ႔ ပါစင္နယ္၊ သူ႔ရဲ႕ရပ္တည္ခ်က္ အရမ္းေကာင္းခဲ့တယ္၊ သူ႔အေပၚ ကြၽန္ေတာ္ေလးစားၿပီးသား၊ ဦးဝင္းၿမိဳင္ကေတာ့ ဒိုးေတာ့ ခ်ီးထုပ္ႀကီး၊ ဘာလဲေတာင္းပန္တယ္၊ ေတာင္းပန္တာလက္ခံတယ္၊ ေတာင္းပန္တာ ေက်ေအးတယ္၊ ဘာလဲ ဒီအစည္းအေဝးမွာ ဒီေကာင္က NLD ကို ေစာ္ကားတယ္၊ ဘာညာေျပာတယ္၊ အဆင္းဘီးတပ္ေပးတယ္” လို႔ ယုန္ေလး က သတင္းမီဒီယာေတြေရွ႕မွာ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ၾသဂုတ္ - ၈