ကိုယ့်ကိုယ်ကို ကာကွယ်မှုက အဓိကကျတယ်ဆိုတဲ့ သရုပ်ဆောင် ပိုးမမှီသာ

ကိုယ့်ကိုယ်ကို ကာကွယ်မှုက အဓိကကျတယ်ဆိုတဲ့ သရုပ်ဆောင် ပိုးမမှီသာ

အခုဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကို ကာကွယ်မှုသာ အဓိကကျတယ်လို့ သရုပ်ဆောင် ပိုးမမှီသာက ပြောပါတယ်။သူဟာ အခုဆိုရင် သရုပ်ဆောင်အလုပ်ကို ခဏရပ် နားထားပြီး လူနာတွေအတွက် ဆရာဝန်အဖြစ်နဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ တာဝန်ထမ်း ဆောင် လို့နေပါတယ်။

“ဒီရောဂါက အားလုံးကလည်း ကြောက်နေကြတယ်၊ ဘာလို့လဲဆိုတော့ သူ့ရဲ့ကူးစက်ပြန့်ပွား မှုက အရမ်းလည်းမြန်တယ်လေ၊ အားလုံးက ငါတို့ဆီကို ကူးတော့မလားဆိုပြီးတော့ အပြင်ကို မထွက်ရဲတော့ဘူး၊ ဒါပေမဲ့အဓိကကတော့ ကိုယ့်ကိုယ်ကို ကာကွယ်မှုက အဓိက ကျပါတယ်၊ ကိုယ့်ဆီမှာ ကိုယ်ခံအား ကောင်းနေရင် ကိုယ့်ဆီကို မဝင်လာတော့ဘူး၊ ခုခံအားကောင်းအောင် နေရမယ်၊ ကောင်းကောင်းအိပ်ပါ၊ ဗီတာမင်စီ သောက်ပါ၊ အထိရောက်ဆုံးက လက်ဆေးတာပါပဲ၊ တစ်ချို့ Mask တပ်ပါ ဆိုပေမယ့် Mask တပ်တာထက် လက်ဆေးတာက ပိုပြီးတော့ အရေးကြီး ပါတယ်၊ တစ်ခုခုကို ကိုင်တွယ်ပြီးတဲ့အခါတိုင်း အစားအသောက် စားသောက်တော့မယ် ဆိုတဲ့ အခါတိုင်း လက်ကို စင်ကြယ်စွာဆေးပါ၊ Mask တပ်ထားတယ် ဆိုရင်လည်း Mask ကို စနစ်တကျ တပ်ပါ၊ အလှဖြစ်တဲ့ Mask တွေထက် ကိုယ့်ကို ထိထိရောက်ရောက် ကာကွယ်ပေး မယ့် Mask မျိုးကို တပ်ဆင်ပါ၊ လူထူထပ်တဲ့နေရာကိုရှောင်ပါ၊ အဓိကကတော့ ကိုယ့်ကိုယ်ကို ကာကွယ်ရင်ရပါတယ်၊ အရမ်းကြီးကြောက်နေဖို့မလိုပါဘူး၊ အရမ်းကြီး လက်လွတ်စပယ်လည်း နေလို့မရတော့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ခုခံအားကောင်းအောင်နေဖို့က အရေးကြီးပါတယ်”လို့ သရုပ်ဆောင် ပိုးမမှီသာက ရှင်းပြပါတယ်။

လက်ရှိမှာ ဆရာဝန်အလုပ်ကိုလုပ်ကိုင်ရင်း သရုပ်ဆောင်အလုပ်ကိုလည်း တစ်ဖက်က လုပ်နေ ပေမယ့် အခုလို ကာလမှာ ကူညီကယ်ဆယ်မှုတွေလုပ်ဆောင်နိုင်ဖို့အတွက် သရုပ်ဆောင် အလုပ်ကို နားကာ ဆရာဝန်အလုပ်ကို အဓိကထားလုပ်ကိုင်နေတာဖြစ်ပါတယ်။

 “ဒီအလုပ်နှစ်ခုက အရမ်းလည်း ကွာခြားတယ်၊ သပ်သပ်စီ။အပ်စပ်မှု မရှိဘူး၊ ပင်ပန်းတယ် ဆိုပေမယ့် ကိုယ့်အတွက် အမြဲတမ်းအသစ်ဖြစ်နေတယ်၊ ဒီဘက်မှာ ရှုတင်တွေ ရိုက်ရ ပေမယ့် ဆေးရုံရောက်သွားရင် နေရတဲ့နေထိုင်မှုနဲ့ အမြဲတမ်း အသစ်ဖြစ်နေတယ်၊ တစ်ခုပြီး တစ်ခုလုပ် ရတော့ ကိုယ့်အတွက် ပျင်းရတယ်မရှိဘူး၊ နှစ်ခုလုံးကို လုပ်ရတာ ပျော်တယ်၊ Duty ဝင်တယ် ဆိုတဲ့အခါ ကိုယ့်ရဲ့ တာဝန်က လူနာတွေရဲ့အသက်ကိုကယ်ရမှာဖြစ်တဲ့အတွက် အလုပ်အပေါ်မှာ အပြည့်အဝစိတ်ထည့်ပြီး လုပ်ဖြစ်တယ်၊ အလုပ်တိုင်းကတော့ Stress တော့ရှိတာပေါ့၊ ညလည်း မအိပ်ရတာမျိုးရှိတယ်၊ ဒါပေမဲ့ ကိုယ်ကြိုက်နှစ်သက်တဲ့အလုပ်ကိုလုပ်ရတော့ မငြိုငြင်ဘူး၊ တစ်ခါတလေတော့ နားနေချင်တာမျိုးရှိတယ်၊ ညီမတို့က နေ့တိုင်းဆေးရုံသွားနေရတာ၊ လူနာတွေ အများကြီးကို ကိုင်တွယ်နေရလို့ တစ်ခုခုကို ကိုင်ပြီးတိုင်း လက်ကိုသေချာဆေးတယ်၊ ဆေးရုံမှာတော့ Mask ကို အချိန်ပြည့်တပ်ထားရတယ်၊ ပရိသတ်တွေ အနေနဲ့လည်း လက်ကို စနစ်တကျဆေးပါလို့တိုက်တွန်းချင်တယ်၊ လက်ဆေးတာဟာ ထိရောက်တဲ့ ကာကွယ်မှုတစ်ခု ဖြစ်လို့ပါပဲ၊ အားလုံးကျန်းမာကြပါစေလို့ ဆုတောင်းစကားပြောပါရစေ”လို့ သူမက ရှင်းပြပါ တယ်။

မင်းခေတ်လင်း

(  Zawgyi  )

 အခုျဖစ္ေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္နဲ႔ပတ္သက္ၿပီး ကိုယ့္ကိုယ္ကို ကာကြယ္မႈသာ အဓိကက်တယ္လို႔ သ႐ုပ္ေဆာင္ ပိုးမမွီသာက ေျပာပါတယ္။သူဟာ အခုဆိုရင္ သ႐ုပ္ေဆာင္အလုပ္ကို ခဏရပ္ နားထားၿပီး လူနာေတြအတြက္ ဆရာဝန္အျဖစ္နဲ႔ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးမွာ တာဝန္ထမ္း ေဆာင္ လို႔ေနပါတယ္။

“ဒီေရာဂါက အားလုံးကလည္း ေၾကာက္ေနၾကတယ္၊ ဘာလို႔လဲဆိုေတာ့ သူ႔ရဲ႕ကူးစက္ျပန႔္ပြား မႈက အရမ္းလည္းျမန္တယ္ေလ၊ အားလုံးက ငါတို႔ဆီကို ကူးေတာ့မလားဆိုၿပီးေတာ့ အျပင္ကို မထြက္ရဲေတာ့ဘူး၊ ဒါေပမဲ့အဓိကကေတာ့ ကိုယ့္ကိုယ္ကို ကာကြယ္မႈက အဓိက က်ပါတယ္၊ ကိုယ့္ဆီမွာ ကိုယ္ခံအား ေကာင္းေနရင္ ကိုယ့္ဆီကို မဝင္လာေတာ့ဘူး၊ ခုခံအားေကာင္းေအာင္ ေနရမယ္၊ ေကာင္းေကာင္းအိပ္ပါ၊ ဗီတာမင္စီ ေသာက္ပါ၊ အထိေရာက္ဆုံးက လက္ေဆးတာပါပဲ၊ တစ္ခ်ိဳ႕ Mask တပ္ပါ ဆိုေပမယ့္ Mask တပ္တာထက္ လက္ေဆးတာက ပိုၿပီးေတာ့ အေရးႀကီး ပါတယ္၊ တစ္ခုခုကို ကိုင္တြယ္ၿပီးတဲ့အခါတိုင္း အစားအေသာက္ စားေသာက္ေတာ့မယ္ ဆိုတဲ့ အခါတိုင္း လက္ကို စင္ၾကယ္စြာေဆးပါ၊ Mask တပ္ထားတယ္ ဆိုရင္လည္း Mask ကို စနစ္တက် တပ္ပါ၊ အလွျဖစ္တဲ့ Mask ေတြထက္ ကိုယ့္ကို ထိထိေရာက္ေရာက္ ကာကြယ္ေပး မယ့္ Mask မ်ိဳးကို တပ္ဆင္ပါ၊ လူထူထပ္တဲ့ေနရာကိုေရွာင္ပါ၊ အဓိကကေတာ့ ကိုယ့္ကိုယ္ကို ကာကြယ္ရင္ရပါတယ္၊ အရမ္းႀကီးေၾကာက္ေနဖို႔မလိုပါဘူး၊ အရမ္းႀကီး လက္လြတ္စပယ္လည္း ေနလို႔မရေတာ့ ကိုယ့္ကိုယ္ကို ကာကြယ္ဖို႔ ခုခံအားေကာင္းေအာင္ေနဖို႔က အေရးႀကီးပါတယ္”လို႔ သ႐ုပ္ေဆာင္ ပိုးမမွီသာက ရွင္းျပပါတယ္။

လက္ရွိမွာ ဆရာဝန္အလုပ္ကိုလုပ္ကိုင္ရင္း သ႐ုပ္ေဆာင္အလုပ္ကိုလည္း တစ္ဖက္က လုပ္ေန ေပမယ့္ အခုလို ကာလမွာ ကူညီကယ္ဆယ္မႈေတြလုပ္ေဆာင္ႏိုင္ဖို႔အတြက္ သ႐ုပ္ေဆာင္ အလုပ္ကို နားကာ ဆရာဝန္အလုပ္ကို အဓိကထားလုပ္ကိုင္ေနတာျဖစ္ပါတယ္။

 “ဒီအလုပ္ႏွစ္ခုက အရမ္းလည္း ကြာျခားတယ္၊ သပ္သပ္စီ။အပ္စပ္မႈ မရွိဘူး၊ ပင္ပန္းတယ္ ဆိုေပမယ့္ ကိုယ့္အတြက္ အၿမဲတမ္းအသစ္ျဖစ္ေနတယ္၊ ဒီဘက္မွာ ရႈတင္ေတြ ႐ိုက္ရ ေပမယ့္ ေဆး႐ုံေရာက္သြားရင္ ေနရတဲ့ေနထိုင္မႈနဲ႔ အၿမဲတမ္း အသစ္ျဖစ္ေနတယ္၊ တစ္ခုၿပီး တစ္ခုလုပ္ ရေတာ့ ကိုယ့္အတြက္ ပ်င္းရတယ္မရွိဘူး၊ ႏွစ္ခုလုံးကို လုပ္ရတာ ေပ်ာ္တယ္၊ Duty ဝင္တယ္ ဆိုတဲ့အခါ ကိုယ့္ရဲ႕ တာဝန္က လူနာေတြရဲ႕အသက္ကိုကယ္ရမွာျဖစ္တဲ့အတြက္ အလုပ္အေပၚမွာ အျပည့္အဝစိတ္ထည့္ၿပီး လုပ္ျဖစ္တယ္၊ အလုပ္တိုင္းကေတာ့ Stress ေတာ့ရွိတာေပါ့၊ ညလည္း မအိပ္ရတာမ်ိဳးရွိတယ္၊ ဒါေပမဲ့ ကိုယ္ႀကိဳက္ႏွစ္သက္တဲ့အလုပ္ကိုလုပ္ရေတာ့ မၿငိဳျငင္ဘူး၊ တစ္ခါတေလေတာ့ နားေနခ်င္တာမ်ိဳးရွိတယ္၊ ညီမတို႔က ေန႔တိုင္းေဆး႐ုံသြားေနရတာ၊ လူနာေတြ အမ်ားႀကီးကို ကိုင္တြယ္ေနရလို႔ တစ္ခုခုကို ကိုင္ၿပီးတိုင္း လက္ကိုေသခ်ာေဆးတယ္၊ ေဆး႐ုံမွာေတာ့ Mask ကို အခ်ိန္ျပည့္တပ္ထားရတယ္၊ ပရိသတ္ေတြ အေနနဲ႔လည္း လက္ကို စနစ္တက်ေဆးပါလို႔တိုက္တြန္းခ်င္တယ္၊ လက္ေဆးတာဟာ ထိေရာက္တဲ့ ကာကြယ္မႈတစ္ခု ျဖစ္လို႔ပါပဲ၊ အားလုံးက်န္းမာၾကပါေစလို႔ ဆုေတာင္းစကားေျပာပါရေစ”လို႔ သူမက ရွင္းျပပါ တယ္။

မင္းေခတ္လင္း