【 ဗေဒင် 】 အင်္ဂါ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသောကိစ္စများအတွက် ကြာသပတေး သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ရမယ့် အချိန်ကာလပါ။ယခုရက်ပိုင်းအတွင်း အဘက်ဘက်ကကံတွေ လာဘ်လာဘတွေပွင့်လန်းနေတတ်ပါတယ်။ဆုံးရှုံးခဲ့တဲ့ အခွင့်အရေးတွေ၊ ပစ္စည်းဥစ္စာတွေ၊အခွင့်အရေးတွေ ပြန်ရတတ်တဲ့အချိန်ကာလပါ။အလုပ်အကိုင်တွေ တိုးချဲ့မယ်ဆိုရင် ဒီရက်ပိုင်းတိုးချဲ့သင့်ပါတယ်။ငွေကံကောင်းနေတတ်သလို  အတိုက်အခိုက်လည်းရှိပါတယ်။ဒီကာလအတွင်း မိသားစုအတွင်း အလှူအတန်းလုပ်ရတာတွေ ကြုံရတတ်ပါတယ်။စပ်တူရှယ်ယာအလုပ်များ အကျိုးမပေးသေးပါဘူး။အလှကုန်ရောင်းသူတွေ အဆင်ပြေတတ်တဲ့ကာလပါ။ဒီရက်ပိုင်း ပြည်တွင်း ပြည်ပ ခရီးတွေ အဆင်မပြေဖြစ်တတ်ပါတယ်။ဒီရက်ပိုင်း ရောဂါဟောင်းတွေ ပြန်ထတတ်သလို ဝမ်း၊ ဆီး၊အာရုံကြော ရောဂါတွေဖြစ်တတ်လို့ ဂရုစိုက်သင့်ပါတယ်။ပညာရေးကတော့ လုပ်ငန်းခွင်အတွင်းစာမေးပွဲ ရာထူးစာမေးပွဲ ဖြေဆိုထားသူများရည်မှန်းချက်ပြည့်စုံပါမယ်။အိမ်ထောင်ရှင်များ စိတ်ကသိကအောင့်ဖြစ်စရာ တွေ့တတ်ပါတယ်။ငယ်ရွယ်သူများ မထင်မှတ်ဘဲ ပျော်ရွှင်စရာကြုံရပါလိမ့်မယ်။

 

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်       နံနက်နေမတက်မီ ဒိဝါတပတိဂါထာကို နေထွက်ရာဘက်ဦးတည်ကာ ကိုးခေါက်တိတိ ယုံယုံကြည်ကြည်  တစ်ပတ်လုံးရွတ်ဆိုပါ။

 

ပြည်ပထွက်ခွာလိုသူများ        နံနက်စောစော တန်းဆွမ်းကြွလာသည့် သံဃာတော်များကို ဆွမ်းလောင်းပါ။

 

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ       ယခုတစ်ပတ်အတွင်း ရွှေတိဂုံဘုရား အောင်မြေတွင် အဓိဋ္ဌာန်ပြုပါ။ဘုရားအား အောင်သပြေ  ညွှန့် ကပ်လှူကာ လိုရာဆုတောင်းပါ။

 

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ       နေအိမ်နှင့် အိပ်ခန်းအတွင်း ကြည့်မှန် အဟောင်းများ၊အကွဲများရှိပါက လွှင့်ပစ်ပါ။ဒီရက်ပိုင်း ချစ်သူနှင့်တွေ့ရန် သွားသည့်အခါတိုင်း ရေမွှေးဆွတ်သွားပါ။

 

လူမှုရေးအတိုက်အခံများသူများ       စေတီရင်ပြင်တွင် မေတ္တာသုတ်ရွတ်၍ သန့်ရှင်းရေးလုပ်ပြီးလျှင်  ဆီမီးပူဇော်ပေးပါ။

 

ကျန်းမာရေးမကောင်းသူများ       နံနက်ဘက်ထ၍ အိမ်ရှေ့လမ်းအား သန့်ရှင်းရေးလုပ်ပြီး ခို၊ စာကလေးများကိုအစာကျွေးပါ။

 

ထီကံကောင်းလိုသူများ       လမ်းထိပ်ထီဆိုင်တွင် င်္အဂါနေ့နံ အက္ခရာဖြင့်စကာ  / ဂဏန်းများများပါသည့် ထီလက်မှတ်ကိုရွေးထိုးပါ။

 

( Zawgyi )

 

ယခုတစ္ပတ္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ ၾကာသပေတး သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ရမယ့္ အခ်ိန္ကာလပါ။ယခုရက္ပိုင္းအတြင္း အဘက္ဘက္ကကံေတြ လာဘ္လာဘေတြ ပြင့္လန္းေနတတ္ပါတယ္။ဆုံးရႈံးခဲ့တဲ့ အခြင့္အေရးေတြ၊ ပစၥည္းဥစၥာေတြ၊အခြင့္အေရးေတြျပန္ရတတ္တဲ့အခ်ိန္ကာလပါ။အလုပ္အကိုင္ေတြ တိုးခ်ဲ႕မယ္ဆိုရင္ ဒီရက္ပိုင္းတိုးခ်ဲ႕သင့္ပါတယ္။ေငြကံေကာင္းေနတတ္သလို  အတိုက္အခိုက္လည္းရွိပါတယ္။ဒီကာလအတြင္း မိသားစုအတြင္း အလႉအတန္းလုပ္ရတာေတြ ႀကဳံရတတ္ပါတယ္။စပ္တူရွယ္ယာအလုပ္မ်ား အက်ိဳးမေပးေသးပါဘူး။အလွကုန္ေရာင္းသူေတြ အဆင္ေျပတတ္တဲ့ကာလပါ။ဒီရက္ပိုင္း ျပည္တြင္း ျပည္ပ ခရီးေတြ အဆင္မေျပျဖစ္တတ္ပါတယ္။ဒီရက္ပိုင္း ေရာဂါေဟာင္းေတြ ျပန္ထတတ္သလို ဝမ္း၊ ဆီး၊အာ႐ုံေၾကာ ေရာဂါေတြျဖစ္တတ္လို႔ ဂ႐ုစိုက္သင့္ပါတယ္။ပညာေရးကေတာ့လုပ္ငန္းခြင္အတြင္း စာေမးပြဲ ရာထူးစာေမးပြဲ ေျဖဆိုထားသူမ်ားရည္မွန္းခ်က္ျပည့္စုံပါမယ္။အိမ္ေထာင္ရွင္မ်ား စိတ္ကသိကေအာင့္ျဖစ္စရာ ေတြ႕တတ္ပါတယ္။ငယ္႐ြယ္သူမ်ား မထင္မွတ္ဘဲ ေပ်ာ္႐ႊင္စရာႀကဳံရပါလိမ့္မယ္။

 

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္       နံနက္ေနမတက္မီ ဒိဝါတပတိဂါထာကို ေနထြက္ရာဘက္ဦးတည္ကာ ကိုးေခါက္တိတိ ယုံယုံၾကည္ၾကည္  တစ္ပတ္လုံး႐ြတ္ဆိုပါ။

 

ျပည္ပထြက္ခြာလိုသူမ်ား        နံနက္ေစာေစာ တန္းဆြမ္းႂကြလာသည့္ သံဃာေတာ္မ်ားကို ဆြမ္းေလာင္းပါ။

 

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား       ယခုတစ္ပတ္အတြင္း ေ႐ႊတိဂုံဘုရား ေအာင္ေျမတြင္ အဓိ႒ာန္ျပဳပါ။ဘုရားအား ေအာင္သေျပ  ၫႊန္႔ ကပ္လႉကာ လိုရာဆုေတာင္းပါ။

 

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား       ေနအိမ္ႏွင့္ အိပ္ခန္းအတြင္း ၾကည့္မွန္အေဟာင္းမ်ား၊ အကြဲမ်ားရွိပါက လႊင့္ပစ္ပါ။ဒီရက္ပိုင္း ခ်စ္သူႏွင့္ေတြ႕ရန္ သြားသည့္အခါတိုင္း ေရေမႊးဆြတ္သြားပါ။

 

လူမႈေရးအတိုက္အခံမ်ားသူမ်ား       ေစတီရင္ျပင္တြင္ ေမတၱာသုတ္႐ြတ္၍ သန႔္ရွင္းေရးလုပ္ၿပီးလွ်င္  ဆီမီးပူေဇာ္ေပးပါ။

 

က်န္းမာေရးမေကာင္းသူမ်ား       နံနက္ဘက္ထ၍ အိမ္ေရွ႕လမ္းအား သန႔္ရွင္းေရးလုပ္ၿပီး ခို၊ စာကေလးမ်ားကို အစာေကြၽးပါ။

 

ထီကံေကာင္းလိုသူမ်ား       လမ္းထိပ္ထီဆိုင္တြင္ အၤဂါေန႔နံ အကၡရာျဖင့္စကာ  / ဂဏန္းမ်ားမ်ားပါသည့္ ထီလက္မွတ္ကိုေ႐ြးထိုးပါ။