【 ဗေဒင် 】 အင်္ဂါ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်အတွင်း လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသောကိစ္စများအတွက် တနင်္လာ သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။ငွေကံ တအားကောင်းနေသလို အရောင်းအဝယ်ကိစ္စတွေမှာ ဘာလုပ်လုပ်အောင်မြင်တဲ့ အချိန်အခါရောက်နေပါတယ်။အရောင်းအဝယ်သမားတွေ လောဘမကြီးဘဲ အေးအေးဆေးဆေး ခေါင်းသုံးလုပ်ရင် အမြတ်အစွန်းများတဲ့ကာလပါ စပ်တူလုပ်တဲ့ကိစ္စတွေ ဒီအချိန်စလုပ်တာ အကောင်းဆုံးပါ။ရပ်ခြားက လူမျိုးခြားအကူအညီ မထင်မှတ်ထားဘဲရတတ်ပါတယ်။လက်အောက်ငယ်သားကြောင့် စိတ်ရှုပ်ရတတ်သလို လူရင်းက သစ္စာဖောက်တတ်ပါတယ်။စာချုပ်စာတမ်းကိစ္စတွေ၊ အိမ်မြေခြံ စတဲ့ ကိစ္စတွေမှာ ခေါင်းအေးအေးထားပြီးမှ ဆုံးဖြတ်သင့်ပါတယ်။ပညာရေးကတော့ ကံကောင်းနေတတ်ပြီး လိုရာရောက်စေပါလိမ့်မယ်။ကျန်းမာရေးကတော့ ခြေထောက်၊ ဗိုက်မကောင်းတာတွေ၊ လေအောင့်တာတွေ၊ ခါးနာတာတွေ ဖြစ်တတ်ပါတယ်။ချစ်သူများအကြား ပျော်ရွင်စရာတွေ ဆိုက်ရောက်လာပါပေမယ့်။အိမ်ထောင်ရှင်များ ကြားလူဝင်ကိန်းရှိပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား ပန်းအိုးတွင် အောင်သပြေထိုးကာ ရှင်သီဝလိဂါထာ ရွတ်ဖတ်ပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ အလုပ်ကိစ္စသွားတိုင်း တဟိ့  ံ တဟိ့  ံ ဂါထာကို သက်စေ့ရွတ်ဖတ် ပူဇော်ပေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ အိမ်အနီးရှိ ဘုရားစေတီသို့ နံနက်စောစော ပဋ္ဌာန်းဒေသနာဖြင့် ရွတ်ဖတ်ပူဇော်ပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ ဒီရက်ပိုင်း စိတ်ချင်းအဆင်မပြေဖြစ်နေသည့် အိမ်ထောင်ဘက်များ မိုးလင်းတိုင်း မှန်ကြည့်ပြီးမှ စကားပြောပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ ဘုန်းကြီးကျောင်းသို့သွားကာ ကုဋီဆေးကြောပေးပါ။ရေဖြည့်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ ရေသတ္တဝါများ ထားသည့်ကန်သို့ ရေဖြည့်ပေးပါ။

ထီကံကောင်းလိုသူများ ။     ။ စက်ဘီးနှင့်ရောင်းသည့် ထီဆိုင်တွင် ၂/၃ ဂဏန်းကို များများပါအောင်ထိုးပါ။
( Zawgyi )
ဒီရက္အတြင္း လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ တနလၤာ သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။ေငြကံ တအားေကာင္းေနသလို အေရာင္းအဝယ္ကိစၥေတြမွာ ဘာလုပ္လုပ္ေအာင္ျမင္တဲ့ အခ်ိန္အခါေရာက္ေနပါတယ္။အေရာင္းအဝယ္သမားေတြ ေလာဘမႀကီးဘဲ ေအးေအးေဆးေဆး ေခါင္းသုံးလုပ္ရင္ အျမတ္အစြန္းမ်ားတဲ့ကာလပါ စပ္တူလုပ္တဲ့ကိစၥေတြ ဒီအခ်ိန္စလုပ္တာ အေကာင္းဆုံးပါ။ရပ္ျခားက လူမ်ိဳးျခားအကူအညီ မထင္မွတ္ထားဘဲရတတ္ပါတယ္။လက္ေအာက္ငယ္သားေၾကာင့္ စိတ္ရႈပ္ရတတ္သလို လူရင္းက သစၥာေဖာက္တတ္ပါတယ္။စာခ်ဳပ္စာတမ္းကိစၥေတြ၊ အိမ္ေျမၿခံ စတဲ့ ကိစၥေတြမွာ ေခါင္းေအးေအးထားၿပီးမွ ဆုံးျဖတ္သင့္ပါတယ္။ပညာေရးကေတာ့ ကံေကာင္းေနတတ္ၿပီး လိုရာေရာက္ေစပါလိမ့္မယ္။က်န္းမာေရးကေတာ့ ေျခေထာက္၊ ဗိုက္မေကာင္းတာေတြ၊ ေလေအာင့္တာေတြ၊ ခါးနာတာေတြ ျဖစ္တတ္ပါတယ္။ခ်စ္သူမ်ားအၾကား ေပ်ာ္႐ြင္စရာေတြ ဆိုက္ေရာက္လာပါေပမယ့္။အိမ္ေထာင္ရွင္မ်ား ၾကားလူဝင္ကိန္းရွိပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား ပန္းအိုးတြင္ ေအာင္သေျပထိုးကာ ရွင္သီဝလိဂါထာ ႐ြတ္ဖတ္ပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ အလုပ္ကိစၥသြားတိုင္း တဟိ့  ံ တဟိ့  ံ ဂါထာကို သက္ေစ့႐ြတ္ဖတ္ ပူေဇာ္ေပးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ အိမ္အနီးရွိ ဘုရားေစတီသို႔ နံနက္ေစာေစာ ပ႒ာန္းေဒသနာျဖင့္ ႐ြတ္ဖတ္ပူေဇာ္ပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ ဒီရက္ပိုင္း စိတ္ခ်င္းအဆင္မေျပျဖစ္ေနသည့္ အိမ္ေထာင္ဘက္မ်ား မိုးလင္းတိုင္း မွန္ၾကည့္ၿပီးမွ စကားေျပာပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ဘုန္းႀကီးေက်ာင္းသို႔သြားကာ ကုဋီေဆးေၾကာေပးပါ။ေရျဖည့္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ေရသတၱဝါမ်ား ထားသည့္ကန္သို႔ ေရျဖည့္ေပးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ စက္ဘီးႏွင့္ေရာင္းသည့္ ထီဆိုင္တြင္ ၂/၃ ဂဏန္းကို မ်ားမ်ားပါေအာင္ထိုးပါ။