【 ဗေဒင် 】 အင်္ဂါ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်းအတွင်း စီးပွားရေး၊ ပညာရေး၊ လူမှုရေး သင်ဘာပဲလုပ်လုပ် သင့်အတွက် နေ့နံသင့်တာက စနေ သားသမီးတွေဖြစ်နေလို့ သူတို့နဲ့ တိုင်ပင်တာက အောင်မြင်နိုင်ပါတယ်။ငွေကတော့ တအားဝင်နေသလို အထွက်လည်းကြမ်းနေတတ်လို့ စုဖို့တော့ ခက်ပါလိမ့်မယ်။ယခုကာလမှာ ငွေရေးကြေးရေးကိစ္စတွေ၊ နေရာသစ်၊ လုပ်ငန်းသစ်၊ အိမ်သစ် ကိစ္စတွေ စလုပ်လို့ ကောင်းပါတယ်။ယခုရက်ပိုင်း စီစဉ်ထားတဲ့ ခရီးသွားလုပ်ငန်းတွေ၊ လုပ်နေတဲ့ အနုပညာလုပ်ငန်းတွေ ဖြစ်မြောက်အောင်မြင်တဲ့ ကာလပါ။ခရီးထွက်တာတွေ၊ ဘုရားဖူးသွားရတာတွေ ဒီကာလမှာ ရှိတတ်ပါတယ်။လူမျိုးခြား၊ ဘာသာခြားနဲ့ စပ်တူလုပ်ရတဲ့ အလုပ်တွေ၊ စာချုပ်စာတမ်း အလုပ်တွေ အိမ်၊ ခြံမြေ ကိစ္စတွေလည်း ကောင်းသလို ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေ အဆင်ပြေတတ်တဲ့ အချိန်အခါပါ။ပညာရေးကတော့ လုပ်ငန်းခွင်ရာထူးဖြေသူတို့ လိုအင်ဆန္ဒပြည့်ပြီလို့ မှတ်လိုက်ပါ။ကျန်းမာရေးမှာ ဝမ်း၊ အာရုံကြောနဲ့ ဆီးနဲ့ဆိုင်ရာ ရောဂါတွေ ဖြစ်တတ်ပါတယ်။အိမ်ထောင်ရေးကတော့ အိမ်ထောင်ရှင်များ ခဏတာ ခွဲခွာရကိန်းရှိပြီး သမီးရည်းစားများကတော့ အဆုံးအဖြတ်ကာလတွေ ရောက်နေပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား စနေနံ ပန်း၊ သစ်သီး၊ အညွှန့်များ ကပ်လှူကာ နံနက်တိုင်း ရှင်သီဝလိဂါထာကို ၉ ခေါက် ရွတ်ဆိုပေးပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ သင့်အိမ်နှင့် အနီးဆုံးစေတီရှိ စနေထောင့်အရပ်တွင် အဓိဋ္ဌာန် ပုတီးစိပ်ပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ လျှောက်ထားသည့် အလုပ်ကို စာရွက်တစ်ရွက်ဖြင့် ရေးပြီး ခေါင်းအုံးအောက် ထားအိပ်ပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ မိမိနေအိမ်တွင် အိမ်ထောင်ဘက်နှစ်ဦး၏ နေ့သင့်နံသင့် ပန်းကို ပန်းအိုးတစ်အိုးဖြင့် သက်သက်ထိုးကာ ယခုတစ်ပတ်လုံး ဘုရားပူဇော်ပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ ယခုတစ်ပတ်လုံး ဘုရားအား ရေသပ္ပါယ်ခြင်း၊ စေတီရင်ပြင်များတွင် အမှိုက်များကောက်ခြင်းများ ပြုလုပ်ကာ ကံမြှင့်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ စေတီများတွင် ညောင်ထောက်ပေးခြင်း၊ ပန်းခြောက်များရှင်းပေးခြင်း ပြုလုပ်ပေးပါ။

ထီကံကောင်းလိုသူများ ။     ။ ထီဆိုင်တွင် စနေနံ အက္ခရာဖြင့် ၆/၇/၈ ဂဏန်းများများပါသော ထီကိုထိုးပါ။

( Zawgyi )

ဒီရက္ပိုင္းအတြင္း စီးပြားေရး၊ ပညာေရး၊ လူမႈေရး သင္ဘာပဲလုပ္လုပ္ သင့္အတြက္ ေန႔နံသင့္တာက စေန သားသမီးေတြျဖစ္ေနလို႔ သူတို႔နဲ႔ တိုင္ပင္တာက ေအာင္ျမင္ႏိုင္ပါတယ္။ေငြကေတာ့ တအားဝင္ေနသလို အထြက္လည္းၾကမ္းေနတတ္လို႔ စုဖို႔ေတာ့ ခက္ပါလိမ့္မယ္။ယခုကာလမွာ ေငြေရးေၾကးေရးကိစၥေတြ၊ ေနရာသစ္၊ လုပ္ငန္းသစ္၊ အိမ္သစ္ ကိစၥေတြ စလုပ္လို႔ ေကာင္းပါတယ္။ယခုရက္ပိုင္း စီစဥ္ထားတဲ့ ခရီးသြားလုပ္ငန္းေတြ၊ လုပ္ေနတဲ့ အႏုပညာလုပ္ငန္းေတြ ျဖစ္ေျမာက္ေအာင္ျမင္တဲ့ ကာလပါ။ခရီးထြက္တာေတြ၊ ဘုရားဖူးသြားရတာေတြ ဒီကာလမွာ ရွိတတ္ပါတယ္။လူမ်ိဳးျခား၊ ဘာသာျခားနဲ႔ စပ္တူလုပ္ရတဲ့ အလုပ္ေတြ၊ စာခ်ဳပ္စာတမ္း အလုပ္ေတြ အိမ္၊ ၿခံေျမ ကိစၥေတြလည္း ေကာင္းသလို ခရီးသြားလုပ္ငန္း လုပ္ကိုင္သူေတြ အဆင္ေျပတတ္တဲ့ အခ်ိန္အခါပါ။ပညာေရးကေတာ့ လုပ္ငန္းခြင္ရာထူးေျဖသူတို႔ လိုအင္ဆႏၵျပည့္ၿပီလို႔ မွတ္လိုက္ပါ။က်န္းမာေရးမွာ ဝမ္း၊ အာ႐ုံေၾကာနဲ႔ ဆီးနဲ႔ဆိုင္ရာ ေရာဂါေတြ ျဖစ္တတ္ပါတယ္။အိမ္ေထာင္ေရးကေတာ့ အိမ္ေထာင္ရွင္မ်ား ခဏတာ ခြဲခြာရကိန္းရွိၿပီး သမီးရည္းစားမ်ားကေတာ့ အဆုံးအျဖတ္ကာလေတြ ေရာက္ေနပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား စေနနံ ပန္း၊ သစ္သီး၊ အၫႊန႔္မ်ား ကပ္လႉကာ နံနက္တိုင္း ရွင္သီဝလိဂါထာကို ၉ ေခါက္ ႐ြတ္ဆိုေပးပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ သင့္အိမ္ႏွင့္ အနီးဆုံးေစတီရွိ စေနေထာင့္အရပ္တြင္ အဓိ႒ာန္ ပုတီးစိပ္ပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ေလွ်ာက္ထားသည့္ အလုပ္ကို စာ႐ြက္တစ္႐ြက္ျဖင့္ ေရးၿပီး ေခါင္းအုံးေအာက္ ထားအိပ္ပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ မိမိေနအိမ္တြင္ အိမ္ေထာင္ဘက္ႏွစ္ဦး၏ ေန႔သင့္နံသင့္ ပန္းကို ပန္းအိုးတစ္အိုးျဖင့္ သက္သက္ထိုးကာ ယခုတစ္ပတ္လုံး ဘုရားပူေဇာ္ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ယခုတစ္ပတ္လုံး ဘုရားအား ေရသပၸါယ္ျခင္း၊ ေစတီရင္ျပင္မ်ားတြင္ အမႈိက္မ်ားေကာက္ျခင္းမ်ား ျပဳလုပ္ကာ ကံျမႇင့္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ေစတီမ်ားတြင္ ေညာင္ေထာက္ေပးျခင္း၊ ပန္းေျခာက္မ်ားရွင္းေပးျခင္း ျပဳလုပ္ေပးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ ထီဆိုင္တြင္ စေနနံ အကၡရာျဖင့္ ၆/၇/၈ ဂဏန္းမ်ားမ်ားပါေသာ ထီကိုထိုးပါ။