【 ဗေဒင် 】 သောကြာသားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်းအတွင်းအလုပ်များနေသလိုစိတ်မောလူမောဖြစ်နေရတဲ့အတွက် ကျန်းမာရေးပါ ညံနေ တတ် ပါတယ်။ အလုပ်ကထွက်ချင်တဲ့

စိတ်တွေ ဖြစ်နေသလိုစိတ်ကအေးအေးချမ်းချမ်းနေရတဲ့အရပ်ကိုပြေးထွက်သွားချင်တဲ့စိတ်တွေပေါက်နေတတ်ပါတယ်။ဘာကိစ္စမဆိုမပြီးပြတ်ဘဲတန်းလန်းဖြစ်နေလို့ သင့်မှာစိတ်ပျက်မှုတွေဖြစ်နေရတာပါ။

ခေါင်းကိုအေးအေးထားပြီးအလုပ်ကိုဂရုတစိုက်လုပ်ရမယ့် အချိန်ကာလပါ။ ငွေကြေး ကံ နည်း နည်းညံနေပေမယ့် ကူညီဆောင်မမယ့်သူကတော့ ရှိနေပါတယ်။ယခုတစ်ပတ် လူမှုရေး ၊စီးပွားရေး၊ ပညာရေး

အောင်မြင်လိုသောကိစ္စများအတွက် စနေသားသမီးများနှင့်  တိုင်ပင်ဆောင်ရွက်ပါ။ အခုချိန်မှာလူမျိုးခြားနဲ့ တွဲလုပ်တဲ့ အလုပ်တွေ အောင်မြင်မှု ရရှိတတ်တဲ့အခါဖြစ်နေလို့ စပ်တူလုပ်ရတဲ့ အလုပ်လည်း အောင်မြင်တဲ့ကာလပါ။ ခရီးသွားလုပ်ငန်းသမားတွေ၊ ဆန်ဆီကုန်သည်တွေ အလုပ်မကောင်းတတ်ပါဘူး။ပညာရေးကိစ္စမှာ ဝန်ထမ်းတွေ အတတ်ပညာသင်သူတွေ အောင်မြင်မှုရှိနေတဲ့ အချိန်အခါပါ။ ကျန်းမာရေး ကတော့ အစာမှား၊ဆေးမှားနဲ့  နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေ ဖြစ်တတ်ပါတယ်။ အိမ်ထောင်သည်တွေအဆင်မပြေသလိုငယ်ရွယ်သူတွေကတော့  အဆင်ပြေပြီးမှ လွဲတတ်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ ဘုရားရှင်အားယခုရက်သတ္တပတ်လုံး ဘုရားပန်းမညှိုးအောင် ဂရုစိုက်ကပ်လှူပါ။

ပြည်ပထွက်ခွာလိုသူများ။   ။ကိုယ်သွားမည့်နိုင်ငံအမည်ပါ နေနံပန်းကို ဘုရားတွင်ပန်းထိုးကာ လိုရာ ဆုတောင်း ပါလေ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။    ။ နေအိမ်အရပ်မှ စနေနံထောင်တွင် ဆန်ကိုးဆုပ်ကို နံနက်စောစော ပစ်ပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။  ။ရွှေရောင်ပစ္စည်းများ၊လက်ဝတ်ရတနာများဒီတစ်ပတ် မဝတ် ပါနှင့်။ တခြားသူအိမ်သို့ ယူလာပါကလက်မခံပါနှင့်။

လူမှုရေးအတိုက်အခံများသူများ။    ။ဘုရား၊ကျောင်း၊စေတီများတွင် မေတ္တာသုတ်ရွတ်ဆိုကာ သန့်ရှင်းရေး လုပ်ပေးပါ။  

ကျန်းမာရေးမကောင်းသူများ။  ။ရပ်ထဲရွာထဲမှ သက်ကြီးရွယ်အိုများကိုဆေးဝါးအာဟာရ လှူဒါန်းပေးပါ။

ထီကံကောင်းလိုသူများ။  ။ စနေ့နံအက္ခဖြင့်စသော ထီဆိုင်တွင် ၆/၇ ဂဏန်းများပါသော ထီလက်မှတ်ကိုထိုးပေးပါ။ 

(   Zawgyi  )

 ဒီရက္ပိုင္းအတြင္းအလုပ္မ်ားေနသလိုစိတ္ေမာလူေမာျဖစ္ေနရတဲ့အတြက္ က်န္းမာေရးပါ ညံေန တတ္ ပါတယ္။ အလုပ္ကထြက္ခ်င္တဲ့စိတ္ေတြ ျဖစ္ေနသလိုစိတ္ကေအးေအးခ်မ္းခ်မ္းေနရတဲ့အရပ္ကိုေျပးထြက္သြားခ်င္တဲ့စိတ္ေတြေပါက္ေနတတ္ပါတယ္။

ဘာကိစၥမဆိုမၿပီးျပတ္ဘဲတန္းလန္းျဖစ္ေနလို႔ သင့္မွာစိတ္ပ်က္မႈေတြျဖစ္ေနရတာပါ။ေခါင္းကိုေအးေအးထားၿပီးအလုပ္ကိုဂ႐ုတစိုက္လုပ္ရမယ့္ အခ်ိန္ကာလပါ။ ေငြေၾကး ကံ နည္း နည္းညံေနေပမယ့္ ကူညီေဆာင္မမယ့္သူကေတာ့ ရွိေနပါတယ္။
ယခုတစ္ပတ္ လူမႈေရး ၊စီးပြားေရး၊ ပညာေရးေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ စေနသားသမီးမ်ားႏွင့္  တိုင္ပင္ေဆာင္႐ြက္ပါ။ အခုခ်ိန္မွာ လူမ်ိဳးျခားနဲ႔ တြဲလုပ္တဲ့ အလုပ္ေတြ ေအာင္ျမင္မႈ ရရွိတတ္တဲ့အခါျဖစ္ေနလို႔ စပ္တူလုပ္ရတဲ့ အလုပ္လည္း ေအာင္ျမင္တဲ့ကာလပါ။ ခရီးသြားလုပ္ငန္းသမားေတြ၊ ဆန္ဆီကုန္သည္ေတြ အလုပ္မေကာင္းတတ္ပါဘူး။ ပညာေရးကိစၥမွာ ဝန္ထမ္းေတြ အတတ္ပညာသင္သူေတြ ေအာင္ျမင္မႈရွိေနတဲ့ အခ်ိန္အခါပါ။ က်န္းမာေရး ကေတာ့ အစာမွား၊
ေဆးမွားနဲ႔  ႏွလုံးနဲ႔ပတ္သက္တဲ့ ေရာဂါေတြ ျဖစ္တတ္ပါတယ္။ အိမ္ေထာင္သည္ေတြ အဆင္မေျပသလို ငယ္႐ြယ္သူေတြကေတာ့  အဆင္ေျပၿပီးမွ လြဲတတ္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။ ဘုရားရွင္အားယခုရက္သတၱပတ္လုံး ဘုရားပန္းမညႇိဳးေအာင္ ဂ႐ုစိုက္ကပ္လႉပါ။

ျပည္ပထြက္ခြာလိုသူမ်ား။   ။ကိုယ္သြားမည့္ႏိုင္ငံအမည္ပါ ေနနံပန္းကို ဘုရားတြင္ပန္းထိုးကာ လိုရာ ဆုေတာင္း ပါေလ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။    ။ ေနအိမ္အရပ္မွ စေနနံေထာင္တြင္ ဆန္ကိုးဆုပ္ကို နံနက္ေစာေစာ ပစ္ပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။  ။ေ႐ႊေရာင္ပစၥည္းမ်ား၊လက္ဝတ္ရတနာမ်ားဒီတစ္ပတ္ မဝတ္ ပါႏွင့္။ တျခားသူအိမ္သို႔ ယူလာပါကလက္မခံပါႏွင့္။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။    ။ဘုရား၊ေက်ာင္း၊ေစတီမ်ားတြင္ ေမတၱာသုတ္႐ြတ္ဆိုကာ သန႔္ရွင္းေရး လုပ္ေပးပါ။  

က်န္းမာေရးမေကာင္းသူမ်ား။  ။ရပ္ထဲ႐ြာထဲမွ သက္ႀကီး႐ြယ္အိုမ်ားကိုေဆးဝါးအာဟာရ လႉဒါန္းေပးပါ။

ထီကံေကာင္းလိုသူမ်ား။  ။ စေန႔နံအကၡျဖင့္စေသာ ထီဆိုင္တြင္ ၆/၇ ဂဏန္းမ်ားပါေသာ ထီလက္မွတ္ကိုထိုးေပးပါ။