【 ဗေဒင် 】 ဗုဒ္ဓဟူး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီတစ်ပတ် ပညာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် အကောင်းဆုံးအကြံပေးနိုင်တာက အင်္ဂါသားသမီးတွေဘဲ ရှိပါတယ်။ဒီကာလမှာ ပင်ပန်းပြီး စိတ်တိုင်းမကျစရာ များနေတတ်တဲ့ ကာလဖြစ်နေပါတယ်။တတ်နိုင်သမျှ  စိတ်အေးအေးထားပြီး လုပ်ကိုင်ရင် အားလုံးအဆင်ပြေသွားပါလိမ့်မယ်။သင်အခက်အခဲရှိနေရင် မထင်ထားတဲ့ မိတ်ကောင်းဆွေကောင်းတွေက သင့်ကို လာကူညီပါလိမ့်မယ်။ငွေဝင်သင့်ပေမယ် ကုန်ကျမှုများနေတတ်ပါတယ်။ငွေများများရှိရင် တခြားအသုံးတွေ ပေါ်လာတတ်ပါတယ်။မိသားစုထဲ အဆင်မပြေမှုတွေ ရှိနေတတ်သလို လုပ်ငန်းခွင်ထဲ ကိုယ်ထက်ကြီးကဲသူတွေက အမြင်မကြည်မှုတွေ ရှိနေတတ်ပါတယ်။ခရီးသွားဖို့ ရည်ရွယ်ထားရင် ပျက်တတ်ပေမယ့် နိုင်ငံခြားခရီးသွားရတဲ့ ကံရှိနေပါတယ်။အင်္ဂါနံလုပ်ငန်းတွေဖြစ်တဲ့ ဆန်၊ ဆေး၊ စက်ပစ္စည်း၊ စာအုပ် လုပ်ငန်းစတဲ့ လုပ်ငန်းတွေ ဒီကာလမှာကောင်းပြီး  အိမ်၊ ခြံ၊ မြေ စတဲ့ အလုပ်တွေ ဒီကာလမှာ မကောင်းသေးပါဘူး။လက်လွှဲရောင်းတဲ့ အလုပ်တွေ သတိထားပါ။ ဒီရက်ပိုင်း လူမျိုးခြားနဲ့ စပ်တူကိစ္စတွေ အကျိုးမပေးတတ်ပါဘူး။ကျန်းမာရေးက ကောင်းနေပေမယ့် ခါး၊ အစာအိမ်၊ ခြေထောက်တွေ ဂရုစိုက်ပါ။ပညာရေးကတော့ အာရုံစိုက်မှ အကျိုးများတဲ့ အချိန်ပါ။အိမ်ထောင်ရှင် ချစ်သူအချင်းချင်း ဘာမဟုတ်သည့် ကိစ္စဖြင့် အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။  

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားရှင်အား ယခုရက်သတ္တပတ်အတွင်း ဆီထမင်းကို အုန်းသီးဖွေးဖွေးဖြင့် ကပ်လှူပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ လမ်းထဲ ဆွမ်းဆန်ကြွသည့် သီလရှင်ဆရာများကို ထီး၊ ဖိနပ်၊ ဆွမ်းဆန် လှူပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ နေအိမ်အရပ်မှ အင်္ဂါထောင့်အရပ်ရှိ ဘုရားစေတီတွင် သန့်ရှင်းရေးလုပ်ပြီး ပဋ္ဌာန်းနှင့် ဓမ္မစကြာကို ရွတ်ဖတ်ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ သင့်အိမ်ထောင်ဘက်၏ ပုံမှန်အသုံးအဆောင်တစ်ခုကို ခေါင်းအုံးအောက်ထားအိပ်ကာ စိတ်ထဲက မေတ္တာသုတ်ရွတ်ဆိုပြီး အိပ်ပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ ယခုတစ်ပတ်လုံး ဘုရားစေတီများတွင် အရဟံ၊ သံမ္ဗုဒ္ဓေဂါထာ နှစ်မျိုးလုံးကို သက်စေ့ရွတ်ဆိုပူဇော်ပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ ငါး၊ လိပ် ရေသတ္တဝါများကို ယခုတစ်ပတ် နံနက်ဘက် အစာကျွေးပါ။

ထီကံကောင်းလိုသူများ ။     ။ အင်္ဂါနံ အက္ခရာဖြင့် စသည့် ထီဆိုင်တွင် ၃/၄ ဂဏန်းများပါသည့် ထီလက်မှတ်ကို ရှာထိုးပါ။
( Zawgyi )
ဒီတစ္ပတ္ ပညာေရး၊ လူမႈေရး၊ စီးပြားေရးအတြက္ အေကာင္းဆုံးအႀကံေပးႏိုင္တာက အဂၤါသားသမီးေတြဘဲ ရွိပါတယ္။ဒီကာလမွာ ပင္ပန္းၿပီး စိတ္တိုင္းမက်စရာ မ်ားေနတတ္တဲ့ ကာလျဖစ္ေနပါတယ္။တတ္ႏိုင္သမွ်  စိတ္ေအးေအးထားၿပီး လုပ္ကိုင္ရင္ အားလုံးအဆင္ေျပသြားပါလိမ့္မယ္။သင္အခက္အခဲရွိေနရင္ မထင္ထားတဲ့ မိတ္ေကာင္းေဆြေကာင္းေတြက သင့္ကို လာကူညီပါလိမ့္မယ္။ေငြဝင္သင့္ေပမယ္ ကုန္က်မႈမ်ားေနတတ္ပါတယ္။ေငြမ်ားမ်ားရွိရင္ တျခားအသုံးေတြ ေပၚလာတတ္ပါတယ္။မိသားစုထဲ အဆင္မေျပမႈေတြ ရွိေနတတ္သလို လုပ္ငန္းခြင္ထဲ ကိုယ္ထက္ႀကီးကဲသူေတြက အျမင္မၾကည္မႈေတြ ရွိေနတတ္ပါတယ္။ခရီးသြားဖို႔ ရည္႐ြယ္ထားရင္ ပ်က္တတ္ေပမယ့္ ႏိုင္ငံျခားခရီးသြားရတဲ့ ကံရွိေနပါတယ္။အဂၤါနံလုပ္ငန္းေတြျဖစ္တဲ့ ဆန္၊ ေဆး၊ စက္ပစၥည္း၊ စာအုပ္ လုပ္ငန္းစတဲ့ လုပ္ငန္းေတြ ဒီကာလမွာေကာင္းၿပီး  အိမ္၊ ၿခံ၊ ေျမ စတဲ့ အလုပ္ေတြ ဒီကာလမွာ မေကာင္းေသးပါဘူး။လက္လႊဲေရာင္းတဲ့ အလုပ္ေတြ သတိထားပါ။ ဒီရက္ပိုင္း လူမ်ိဳးျခားနဲ႔ စပ္တူကိစၥေတြ အက်ိဳးမေပးတတ္ပါဘူး။က်န္းမာေရးက ေကာင္းေနေပမယ့္ ခါး၊ အစာအိမ္၊ ေျခေထာက္ေတြ ဂ႐ုစိုက္ပါ။ပညာေရးကေတာ့ အာ႐ုံစိုက္မွ အက်ိဳးမ်ားတဲ့ အခ်ိန္ပါ။အိမ္ေထာင္ရွင္ ခ်စ္သူအခ်င္းခ်င္း ဘာမဟုတ္သည့္ ကိစၥျဖင့္ အဆင္မေျပမႈေတြ ျဖစ္တတ္ပါတယ္။  

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားရွင္အား ယခုရက္သတၱပတ္အတြင္း ဆီထမင္းကို အုန္းသီးေဖြးေဖြးျဖင့္ ကပ္လႉပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ လမ္းထဲ ဆြမ္းဆန္ႂကြသည့္ သီလရွင္ဆရာမ်ားကို ထီး၊ ဖိနပ္၊ ဆြမ္းဆန္ လႉပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ေနအိမ္အရပ္မွ အဂၤါေထာင့္အရပ္ရွိ ဘုရားေစတီတြင္ သန႔္ရွင္းေရးလုပ္ၿပီး ပ႒ာန္းႏွင့္ ဓမၼစၾကာကို ႐ြတ္ဖတ္ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ သင့္အိမ္ေထာင္ဘက္၏ ပုံမွန္အသုံးအေဆာင္တစ္ခုကို ေခါင္းအုံးေအာက္ထားအိပ္ကာ စိတ္ထဲက ေမတၱာသုတ္႐ြတ္ဆိုၿပီး အိပ္ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ယခုတစ္ပတ္လုံး ဘုရားေစတီမ်ားတြင္ အရဟံ၊ သံမၺဳေဒၶဂါထာ ႏွစ္မ်ိဳးလုံးကို သက္ေစ့႐ြတ္ဆိုပူေဇာ္ပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ငါး၊ လိပ္ ေရသတၱဝါမ်ားကို ယခုတစ္ပတ္ နံနက္ဘက္ အစာေကြၽးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ အဂၤါနံ အကၡရာျဖင့္ စသည့္ ထီဆိုင္တြင္ ၃/၄ ဂဏန္းမ်ားပါသည့္ ထီလက္မွတ္ကို ရွာထိုးပါ။