【 ဗေဒင် 】 ဗုဒ္ဓဟူးသားသမီးများအတွက်ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်းအတွင်းမထင်မှတ်ဘဲဘာသာရေး၊ပညာရေး၊အခွင့်အလမ်းကောင်းတွေ နေရာအပြောင်း အလဲ တွေ အလုပ်အကိုင်အပြောင်း အလဲတွေ ပေါ်ထွက်လာတတ်ပါတယ်။ ကွဲကွာနေသူများပြန်ဆုံခြင်း၊ ရပ်ဝေးကမိတ် ဆွေကောင်းများရဲ့ အကူအညီများရတတ်ပါတယ်။ ဆုံးရှုံးထားတဲ့ ငွေကြေးနဲ့ စက်ပစ္စည်းတွေ ပြန်ဝင်လာမယ့် အချိန် ကာလ ပါ။ ယခုရက်ပိုင်းအတွင်းတနင်္လာသားသမီးတွေနဲ့ တိုင်ပင် တာကသင့်အတွက် လူမှုရေး ၊စီးပွားရေး၊ ပညာရေးကိစ္စတွေ မှာအောင်မြင်နိုင်ပါတယ်။ ကား၊ကွန်ပျူတာ၊ ကျောက်မျက်ရတနာ၊ ခရီးသွားလုပ်ငန်းစတဲ့ လုပ်ငန်းတွေ ကောင်းပါတယ်။ ငွေရွှင်နေသလို ဒီရက်ပိုင်း ရပေါက်ရလမ်းတွေ များပါတယ်။ ကိုယ်အပေါ် အငြိုး ထားတဲ့ သူရှိနေတတ်ပါတယ်။ သတိထားပါ။ ပညာရေးကကောင်းနေ တတ်ပါတယ်။ ကျန်းမာရေးက

တော့ ဝမ်း၊ဦးခေါင်းစတဲ့ ရောဂါတွေ ဂရုစိုက်သင့်ပါတယ်။ အိမ်ထောင်ရှင်များ ကြားဆုံးဖြတ်ရခက်တဲ့ ကိစ္စတွေ ပေါ်လာတတ်သလိုသမီးရည်းစားများကြား တဘဝလုံးစာ ဆုံးဖြတ်စရာတွေ ရှိလာတတ်ပါတယ်။ မိန်းမကိစ္စ ရှုပ်တတ်သူများ အရှက်တကွဲဖြစ်ရကိန်း ရှိပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ဘုရားအား ယခု တစ်ပတ်လုံး ကံ့ကော်ပန်းဖြင့် ဆက် ကပ်လှူဒါန်းပူဇော်ပါ။  

ပြည်ပထွက်ခွာလိုသူများ။    ။ လမ်းထဲ အရပ်ထဲ ကြွလာသည့် အလှူခံသီလရှင်ဆရာလေးများကို ဆွမ်းကပ်ပေးပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။  ။ တနင်္လာနံဘုရားစေတီ တွင်  ကံ့ကော်ပန်းနှင့် အောင်သပြေပန်းကို တွဲပြီး ဆက်ကပ် လှူဒါန်းပေးပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။  ။အိမ် ထဲတွင် ဓာတ်ပုံအစုတ်များ၊အပြဲများ တွေ့ပါက လွှင့်ပစ်ပါ။

အချစ်ရေးအဆင်မပြေပါက တနင်္လာနံ သတ္တဝါများကို ကိုယ်လက်နှင့် ကိုင်ကာအစာကျွေးပေးပါ။

လူမှုရေးအတိုက်အခံများသူများ။  ။အိမ်တွင် မိဘ ဝေယျာဝစ္စကို စေတနာပါပါလုပ်ပေးပါ။ မိဘအဝတ်အစားကို လျှော်ဖွပ်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။  ။ ဈေးတွင် ရေသတ္တဝါအရှင်ကို တွေ့ပါက ဝယ်ပြီး နီးစပ်ရာကန်ချောင်းတွင် လွှတ်ပေးပါ။

ထီကံကောင်းလိုသူများ။  ။ တွေ့သည့် ထီဆိုင်တွင် ၂/၄ ဂဏန်းများ များပါသောထီကိုထိုးပါ။ 

(  Zawgyi  )

 ဒီရက္ပိုင္းအတြင္းမထင္မွတ္ဘဲဘာသာေရး၊ပညာေရး၊အခြင့္အလမ္းေကာင္းေတြ ေနရာအေျပာင္း အလဲ ေတြ အလုပ္အကိုင္အေျပာင္း အလဲေတြ ေပၚထြက္လာတတ္ပါတယ္။ ကြဲကြာေနသူမ်ားျပန္ဆုံျခင္း၊ ရပ္ေဝးကမိတ္ ေဆြေကာင္းမ်ားရဲ႕ အကူအညီမ်ားရတတ္ပါတယ္။ ဆုံးရႈံးထားတဲ့ ေငြေၾကးနဲ႔ စက္ပစၥည္းေတြ ျပန္ဝင္လာမယ့္ အခ်ိန္ ကာလ ပါ။ ယခုရက္ပိုင္းအတြင္းတနလၤာသားသမီးေတြနဲ႔ တိုင္ပင္ တာကသင့္အတြက္ လူမႈေရး ၊စီးပြားေရး၊ ပညာေရးကိစၥေတြ မွာေအာင္ျမင္ႏိုင္ပါတယ္။ ကား၊ကြန္ပ်ဴတာ၊ ေက်ာက္မ်က္ရတနာ၊ ခရီးသြားလုပ္ငန္းစတဲ့ လုပ္ငန္းေတြ ေကာင္းပါတယ္။ ေငြ႐ႊင္ေနသလို ဒီရက္ပိုင္း ရေပါက္ရလမ္းေတြ မ်ားပါတယ္။ ကိုယ္အေပၚ အၿငိဳး ထားတဲ့ သူရွိေနတတ္ပါတယ္။ သတိထားပါ။ ပညာေရးကေကာင္းေန တတ္ပါတယ္။ က်န္းမာေရး

ကေတာ့ ဝမ္း၊ဦးေခါင္းစတဲ့ ေရာဂါေတြ ဂ႐ုစိုက္သင့္ပါတယ္။ အိမ္ေထာင္ရွင္မ်ား ၾကားဆုံးျဖတ္ရခက္တဲ့ ကိစၥေတြ ေပၚလာတတ္သလိုသမီးရည္းစားမ်ားၾကား တဘဝလုံးစာ ဆုံးျဖတ္စရာေတြ ရွိလာတတ္ပါတယ္။ မိန္းမကိစၥ ရႈပ္တတ္သူမ်ား အရွက္တကြဲျဖစ္ ရကိန္း ရွိပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။ဘုရားအား ယခု တစ္ပတ္လုံး ကံ့ေကာ္ပန္းျဖင့္ ဆက္ ကပ္လႉဒါန္းပူေဇာ္ပါ။  

ျပည္ပထြက္ခြာလိုသူမ်ား။    ။ လမ္းထဲ အရပ္ထဲ ႂကြလာသည့္ အလႉခံသီလရွင္ဆရာေလးမ်ားကို ဆြမ္းကပ္ေပးပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။  ။ တနလၤာနံဘုရားေစတီ တြင္  ကံ့ေကာ္ပန္းႏွင့္ ေအာင္သေျပပန္းကို တြဲၿပီး ဆက္ကပ္ လႉဒါန္းေပးပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။  ။အိမ္ ထဲတြင္ ဓာတ္ပုံအစုတ္မ်ား၊အၿပဲမ်ား ေတြ႕ပါက လႊင့္ပစ္ပါ။

အခ်စ္ေရးအဆင္မေျပပါက တနလၤာနံ သတၱဝါမ်ားကို ကိုယ္လက္ႏွင့္ ကိုင္ကာအစာေကြၽးေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။  ။အိမ္တြင္ မိဘ ေဝယ်ာဝစၥကို ေစတနာပါပါလုပ္ေပးပါ။ မိဘအဝတ္အစားကို ေလွ်ာ္ဖြပ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။  ။ ေဈးတြင္ ေရသတၱဝါအရွင္ကို ေတြ႕ပါက ဝယ္ၿပီး နီးစပ္ရာကန္ေခ်ာင္းတြင္ လႊတ္ေပးပါ။

ထီကံေကာင္းလိုသူမ်ား။  ။ ေတြ႕သည့္ ထီဆိုင္တြင္ ၂/၄ ဂဏန္းမ်ား မ်ားပါေသာထီကိုထိုးပါ။