【 ဗေဒင် 】 တနင်္လာသားသမီးများအတွက်ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ကံတရားကအကျိုးပေးတဲ့ ဘက်ရောက်နေတဲ့ အတွက် လုပ်ငန်းသစ်၊နေရာသစ် စတာတွေ အစပြု လုပ် တာ ကောင်း ပါတယ်။ ပညာရေး၊လူမှုရေး၊ စီးပွားရေးအတွက် သောကြာ သားသမီးတွေ ကို တိုင်ပင်တာ အကောင်း ဆုံးပါဘဲ။ စပ်တူရှယ်ယာကိစ္စတွေ လုပ်လို့ကောင်းတဲ့ အချိန်ကာလပါ။ ငွေကံကောင်းနေတတ်ပါတယ်။ အရာရာ ကိုယ် အောင်မြင်မှု ကို မလိုလားသူတွေရဲ့ အတိုက်အခိုက် ရှိပါတယ်။ မိသားစုအတွင်းအလှူ အတန်းလုပ်ရ တာတွေကြုံရတတ်ပါ တယ်။ ပြည်တွင်းပြည်ပ ခရီးတွေ မထင်မှတ်ဘဲခရီးကောင်းတွေ၊ ဘုရားဖူးခရီးတွေ သွားရကိန်းရှိပါတယ်။ ဒီရက်ပိုင်း ဝမ်း၊ဆီး၊ အာရုံကြော ရောဂါတွေဖြစ်တတ်လို့ ဂရုစိုက် သင့် ပါတယ်။ ပညာသင်ရေးကတော့ လုပ်ငန်းခွင် စာမေးပွဲရာထူးစာမေးပွဲဖြေဆိုထားသူများရည်မှန်းချက် ပြည်စုံပါမယ်။ အိမ်ထောင်ရှင်များ စိတ်ကသိ ကအောင်ဖြစ်စရာတွေ့ တတ်ပါတယ်။ ငယ်ရွယ်သူများ ဘဝအချိုးအကွေ့ ကိုကြုံတွေ့တတ်ပါတယ်။ သတိထားပါ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။ ။ နံနက်နေမတက်မီ ဒိဝါတပတိ ဂါထာကိုကိုးခေါက် တိတိ ယုံယုံကြည်ကြည် တစ်ပတ်လုံးရွတ်ဆိုပါ။

ပြည်ပထွက်ခွာလိုသူများ။ ။ နံနက်စောစောတန်းဆွမ်းကြွလာသည့် သံဃာတော်များကို ဆွမ်းထလောင်းပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။ ။ ရွှေတိဂုံဘုရားအောင်မြေတွင် အဓိဋ္ဌာန်ပြုပါ။ ဘုရားအား ကံ့ကော်ညွန့် ၉ ညွှန့်ကပ်လှူကာဆုတောင်းပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။ ။ အိမ်တွင် ကြည့်မှန် အဟောင်းများရှိပါက လွှတ်ပစ်ပါ။ ချစ်သူနှင့်တွေ့ရန်သွားသည့် အခါတိုင်း ရေမွှေးဆွတ်သွားပါ။

လူမှုရေးအတိုက်အခံများသူများ။ ။ စေတီရင်ပြင်များတွင် မေတ္တာသုတ်ရွတ်ဆို၍ သန့်ရှင်းရေးလုပ်ကာ ဆီမီး ပူဇော်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။   ။ နံနက်ဘက်ထကာအိမ်ရှေ့လမ်းကို သန့်ရှင်းပေးပြီး ခို၊စာကလေး များအတွက် အစာကျွေးပါ။

ထီကံကောင်းလိုသူများ။  ။ ထီဆိုင်တွင် ၂ အစ ၆ အဆုံးဂဏန်းပါသည့်ကို ထီလက်မှတ်ကို ရွေးထိုးပါ။

(  Zawgyi  )

 ကံတရားကအက်ိဳးေပးတဲ့ ဘက္ေရာက္ေနတဲ့ အတြက္ လုပ္ငန္းသစ္၊ေနရာသစ္ စတာေတြ အစျပဳ လုပ္ တာ ေကာင္း ပါတယ္။ ပညာေရး၊လူမႈေရး၊ စီးပြားေရးအတြက္ ေသာၾကာ သားသမီးေတြ ကို တိုင္ပင္တာ အေကာင္း ဆုံးပါဘဲ။ စပ္တူရွယ္ယာကိစၥေတြ လုပ္လို႔ေကာင္းတဲ့ အခ်ိန္ကာလပါ။ ေငြကံေကာင္းေနတတ္ပါတယ္။ အရာရာ ကိုယ္ ေအာင္ျမင္မႈ ကို မလိုလားသူေတြရဲ႕ အတိုက္အခိုက္ ရွိပါတယ္။ မိသားစုအတြင္းအလႉ အတန္းလုပ္ရ တာေတြႀကဳံရတတ္ပါ တယ္။ ျပည္တြင္းျပည္ပ ခရီးေတြ မထင္မွတ္ဘဲခရီးေကာင္းေတြ၊ ဘုရားဖူးခရီးေတြ သြားရကိန္းရွိပါတယ္။ ဒီရက္ပိုင္း ဝမ္း၊ဆီး၊ အာ႐ုံေၾကာ ေရာဂါေတြျဖစ္တတ္လို႔ ဂ႐ုစိုက္ သင့္ ပါတယ္။ ပညာသင္ေရးကေတာ့ လုပ္ငန္းခြင္ စာေမးပြဲရာထူးစာေမးပြဲေျဖဆိုထားသူမ်ားရည္မွန္းခ်က္ ျပည္စုံပါမယ္။ အိမ္ေထာင္ရွင္မ်ား စိတ္ကသိ ကေအာင္ျဖစ္စရာေတြ႕ တတ္ပါတယ္။ ငယ္႐ြယ္သူမ်ား ဘဝအခ်ိဳးအေကြ႕ ကိုႀကဳံေတြ႕တတ္ပါတယ္။ သတိထားပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။ ။ နံနက္ေနမတက္မီ ဒိဝါတပတိ ဂါထာကိုကိုးေခါက္ တိတိ ယုံယုံၾကည္ၾကည္ တစ္ပတ္လုံး႐ြတ္ဆိုပါ။

ျပည္ပထြက္ခြာလိုသူမ်ား။ ။ နံနက္ေစာေစာတန္းဆြမ္းႂကြလာသည့္ သံဃာေတာ္မ်ားကို ဆြမ္းထေလာင္းပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။ ။ ေ႐ႊတိဂုံဘုရားေအာင္ေျမတြင္ အဓိ႒ာန္ျပဳပါ။ ဘုရားအား ကံ့ေကာ္ၫြန႔္ ၉ ၫႊန႔္ကပ္လႉကာဆုေတာင္းပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။ ။ အိမ္တြင္ ၾကည့္မွန္ အေဟာင္းမ်ားရွိပါက လႊတ္ပစ္ပါ။ ခ်စ္သူႏွင့္ေတြ႕ရန္သြားသည့္ အခါတိုင္း ေရေမႊးဆြတ္သြားပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။ ။ ေစတီရင္ျပင္မ်ားတြင္ ေမတၱာသုတ္႐ြတ္ဆို၍ သန႔္ရွင္းေရးလုပ္ကာ ဆီမီး ပူေဇာ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။   ။ နံနက္ဘက္ထကာအိမ္ေရွ႕လမ္းကို သန႔္ရွင္းေပးၿပီး ခို၊စာကေလး မ်ားအတြက္ အစာေကြၽးပါ။

ထီကံေကာင္းလိုသူမ်ား။  ။ ထီဆိုင္တြင္ ၂ အစ ၆ အဆုံးဂဏန္းပါသည့္ကို ထီလက္မွတ္ကို ေ႐ြးထိုးပါ။