【 ဗေဒင် 】 ကြာသပတေး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုကာလအတွင်း မထင်မှတ်ဘဲ အလှူအတန်းတွေ၊ ဘာသာရေးအလုပ်တွေ ဘုရားဖူးခရီးတွေ သွားရကိန်း ရှိပါတယ်။ဒီကာလအတွင်း စပ်တူကိစ္စတွေ၊ လူမျိုးခြားတွေနဲ့ တွဲလုပ်ရတဲ့ အလုပ်တွေ အကျိုးပေးမယ့် အချိန်ကာလ ရောက်နေပါတယ်။သင့်အတွက် ဒီတစ်ပတ်မှာ ပညာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် အကောင်းဆုံးအကြံပေးနိုင်တာက အင်္ဂါ သားသမီးတွေပါ။အင်္ဂါနံ အလုပ်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား စတဲ့ အလုပ်တွေ စက်ပစ္စည်းဆိုင်ရာ လုပ်ငန်းတွေ ကောင်းပါတယ်။ဒီရက်ပိုင်း စပ်တူလုပ်ငန်းတွေ၊ အစုရှယ်ယာအလုပ်တွေ စာချုပ်စာတမ်းနဲ့လုပ်ရတဲ့ အလုပ်တွေ၊ အိမ်ခြံမြေအလုပ်တွေလည်း ကောင်းပါတယ်။ဒါပေမယ့် သူတစ်ပါးကို အာမခံတာတွေ၊ လောင်းကစားကိစ္စတွေ ဒါတွေကိုရှောင်မှ ဖြစ်ပါလိမ့်မယ်။ကျန်းမာရေးက ကောင်းနေပေမယ့် အဆစ်အမြစ် ကိုက်တတ်ပါတယ်။ပညာရေးကတော့ ကောင်းပါတယ်။လုပ်ငန်းခွင်စာမေးပွဲတွေမှာ သင့်ပညာရေးကံက ပိုကောင်းနေပါတယ်။အိမ်ထောင်ရှင်တွေ အိမ်ထောင်ဘက်အပေါ် ခဏတာဝေးရတတ်ပြီး ချစ်သူများ စိတ်ဆိုးစိတ်ကောက် ခဏခဏဖြစ်တတ်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ယခုတစ်ပတ်လုံး ဘုရားရှင်အား ဇီးယိုဖြင့် ဆွမ်းကပ်လှူကာ ဒိဝါတပတိ ဂါထာကို နေမထွက်ခင် ရွတ်ဖတ်ပူဇော်ပါ။  

ပြည်ပထွက်ခွာလိုသူများ ။     ။ နံနက်စောစော သံဃာတော်များကို ဆွမ်းကပ်လှူကာ လိုသည့်ဆု တောင်းပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ ဘုရားစေတီ၏ အင်္ဂါထောင့်တွင် ပဋ္ဌာန်းနှင့် ဓမ္မစကြာကို ယခုတစ်ပတ်လုံး နံနက်ပိုင်း ၉ နာရီမတိုင်ခင် ရွတ်ဖတ်ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အိမ်ထောင်ဘက်၏ ပုံနှင့် ကာယကံရှင်ပုံကို ဓာတ်ဘူးအသစ်ထဲထည့်ကာ ဘုရားစင်အောက် တစ်ရက်ခန့် ထားပေးပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ ရန်များနေပါက မိဘများ၏ ပုဆိုးစ ထမိန်စကို အိတ်သန့်သန့်ဖြင့်ထည့်ကာ ခေါင်းအုံးအိပ်ပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ မိမိနေ့နံထောင့်ရှိ ဘုရားရှင်အား ရေသက်စေ့ လောင်းလှူပေးပါ။

ထီပေါက်လိုသူများ ။     ။ ထီဆိုင်တွင် ၃ အစ ၅ အဆုံး အင်္ဂါနေနံအက္ခရာ ထီလက်မှတ်ကို ထိုးပါ။
( Zawgyi )
ယခုကာလအတြင္း မထင္မွတ္ဘဲ အလႉအတန္းေတြ၊ ဘာသာေရးအလုပ္ေတြ ဘုရားဖူးခရီးေတြ သြားရကိန္း ရွိပါတယ္။ဒီကာလအတြင္း စပ္တူကိစၥေတြ၊ လူမ်ိဳးျခားေတြနဲ႔ တြဲလုပ္ရတဲ့ အလုပ္ေတြ အက်ိဳးေပးမယ့္ အခ်ိန္ကာလ ေရာက္ေနပါတယ္။သင့္အတြက္ ဒီတစ္ပတ္မွာ ပညာေရး၊ လူမႈေရး၊ စီးပြားေရးအတြက္ အေကာင္းဆုံးအႀကံေပးႏိုင္တာက အဂၤါ သားသမီးေတြပါ။အဂၤါနံ အလုပ္ေတြျဖစ္တဲ့ ဆန္၊ ဆီ၊ ဆား စတဲ့ အလုပ္ေတြ စက္ပစၥည္းဆိုင္ရာ လုပ္ငန္းေတြ ေကာင္းပါတယ္။ဒီရက္ပိုင္း စပ္တူလုပ္ငန္းေတြ၊ အစုရွယ္ယာအလုပ္ေတြ စာခ်ဳပ္စာတမ္းနဲ႔လုပ္ရတဲ့ အလုပ္ေတြ၊ အိမ္ၿခံေျမအလုပ္ေတြလည္း ေကာင္းပါတယ္။ဒါေပမယ့္ သူတစ္ပါးကို အာမခံတာေတြ၊ ေလာင္းကစားကိစၥေတြ ဒါေတြကိုေရွာင္မွ ျဖစ္ပါလိမ့္မယ္။က်န္းမာေရးက ေကာင္းေနေပမယ့္ အဆစ္အျမစ္ ကိုက္တတ္ပါတယ္။ပညာေရးကေတာ့ ေကာင္းပါတယ္။လုပ္ငန္းခြင္စာေမးပြဲေတြမွာ သင့္ပညာေရးကံက ပိုေကာင္းေနပါတယ္။အိမ္ေထာင္ရွင္ေတြ အိမ္ေထာင္ဘက္အေပၚ ခဏတာေဝးရတတ္ၿပီး ခ်စ္သူမ်ား စိတ္ဆိုးစိတ္ေကာက္ ခဏခဏျဖစ္တတ္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ယခုတစ္ပတ္လုံး ဘုရားရွင္အား ဇီးယိုျဖင့္ ဆြမ္းကပ္လႉကာ ဒိဝါတပတိ ဂါထာကို ေနမထြက္ခင္ ႐ြတ္ဖတ္ပူေဇာ္ပါ။  

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ နံနက္ေစာေစာ သံဃာေတာ္မ်ားကို ဆြမ္းကပ္လႉကာ လိုသည့္ဆု ေတာင္းပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ဘုရားေစတီ၏ အဂၤါေထာင့္တြင္ ပ႒ာန္းႏွင့္ ဓမၼစၾကာကို ယခုတစ္ပတ္လုံး နံနက္ပိုင္း ၉ နာရီမတိုင္ခင္ ႐ြတ္ဖတ္ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ အိမ္ေထာင္ဘက္၏ ပုံႏွင့္ ကာယကံရွင္ပုံကို ဓာတ္ဘူးအသစ္ထဲထည့္ကာ ဘုရားစင္ေအာက္ တစ္ရက္ခန႔္ ထားေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ရန္မ်ားေနပါက မိဘမ်ား၏ ပုဆိုးစ ထမိန္စကို အိတ္သန႔္သန႔္ျဖင့္ထည့္ကာ ေခါင္းအုံးအိပ္ပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ မိမိေန႔နံေထာင့္ရွိ ဘုရားရွင္အား ေရသက္ေစ့ ေလာင္းလႉေပးပါ။

ထီေပါက္လိုသူမ်ား ။     ။ ထီဆိုင္တြင္ ၃ အစ ၅ အဆုံး အဂၤါေနနံအကၡရာ ထီလက္မွတ္ကို ထိုးပါ။