【 ဗေဒင် 】တနင်္လာသားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

 ဒီရက်ပိုင်းအတွင်းမထင်မှတ်ဘဲဘာသာရေး၊ပညာရေး၊ အခွင့် အလမ်းကောင်းတွေ ပေါ်ထွက်လာတတ် ပါတယ်။ ကွဲကွာနေ သူများပြန်ဆုံခြင်း၊ရပ်ဝေးက မိတ်ဆွေကောင်းများရဲ့ အကူအညီများ ရတတ်ခြင်းများ ကြုံတတ်ပါတယ်။ ယခုတစ်ပတ် လူမှုရေး၊စီးပွားရေး၊ ပညာရေးအောင်မြင်လိုသောကိစ္စများအတွက် သောကြာသား သမီး တွေနဲ့တိုင်ပင်သင့်ပါတယ်။နေရာသစ်၊လုပ်ငန်းသစ်၊အိမ်ရာသစ်ကိစ္စတွေ ကောင်းပါတယ်။စပ်တူလုပ်ရတဲ့အလုပ်တွေသတိထားပါ။မိသားစုအတွင်း၊လုပ်ငန်းခွင် အတွင်းသာယာ နေပါလိမ့်မယ်။ကုန်ခြောက်လုပ်ငန်းတွေ အကျိုးပေးပါလိမ့်မယ်။ ငွေကံလေးကောင်းနေ တတ် သလို မိသားစုအတွင်းအလှူအတန်းလုပ်ရတာတွေ ကြုံရတတ် ပါတယ်။ ဒါပေမယ့် ကိုယ်ရဲ့အောင်မြင်မှုကို မလိုလားသူတွေရဲ့အပုပ် ချမှု၊မိတ်ရင်းဆွေရင်း ဆရာရင်းတွေရဲ့ အထင် အမြင်လွဲမှုတွေ ရှိတတ်ပါတယ်။ စပ်တူရှယ်ယာ အလုပ်တွေ၊ စာချုပ်စာတမ်း နဲ့လုပ်ရ တဲ့ အလုပ်တွေ ၊ အိမ်ခြံမွေ အမွေကိစ္စတွေ အကျိုးပေးတတ်တဲ့ အချိန်ကာလပါ။ ပြည်တွင်းပြည်ပခရီးတွေ စီစဉ်ထားသမျှ လွယ်လွယ် ကူကူ ဖြစ်မြောက်လာတတ်ပါတယ်။ ဒီရက်ပိုင်း နှလုံး၊အာရုံကြော ရောဂါတွေဖြစ်တတ်လို့ ဂရုစိုက် သင့်ပါတယ်။ ငယ်ရွယ်သူတွေရဲ့ ပညာရေးကံကတော့ ဂရုစိုက်သင့်ပြီး ဝန်ထမ်းတွေအတွက် လုပ်ငန်း ခွင် စာမေး ပွဲ ရာထူးစာမေးပွဲဖြေဆိုထားသူများရည်မှန်းချက် ပြည့်စုံ ပါမယ်။ အိမ်ထောင်ရှင်များ စိတ်ကသိကအောင့် ဖြစ်စရာနဲ့ ငယ်ရွယ် သူများကြား အထင်လွဲစကားများစရာ ကြုံရပါလိမ့်မယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။နံနက်နေမထွက်မီ နေထွက်ရာဘက် ဦးတည်ကာ ဒိဝါတပတိ ဂါထာကို ကိုးခေါက်တိတိ ယုံယုံ ကြည်ကြည် ယခုတစ်ပတ်လုံးရွတ်ဆိုပါ။

ပြည်ပထွက်ခွာလိုသူများ။    ။ ရပ်ထဲရွာထဲ နံနက်စောစောဈေးရောင်း (သို့မဟုတ်) လမ်းလျှောက်တတ်သည့် သက်ကြီးရွယ်အိုများကို ဖိနပ်လှူပေးပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။     ။ ရွှေတိဂုံဘုရားအောင်မြေ တွင် ကံံကော်ညွှန်၉ ညွှန် ကပ်လှူကာ လျှောက်ထား သည့် အလုပ်အား အဓိဋ္ဌာန်ပြု လိုရာဆုတောင်းပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။  ။ အိမ်တွင် ကြည့် မှန် အဟောင်းများရှိပါကလွှင့်ပစ်ပါ။ ချစ်သူနှင့် တွေ့ရန် သွားသည့် အခါတိုင်း ရေမွှေးဆွတ်သွားပါ။

လူမှုရေးအတိုက်အခံများသူများ။  ။စေတီရင်ပြင်များတွင် မေတ္တာ သုတ် ရွတ်ဆို၍ သန့်ရှင်းရေးလုပ်ပြီးနောက် ဆီမီးပူဇော်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ဘုရားသို့သွားသည့် လမ်းကို ပြင်ပေးခြင်း၊ တံတားပြင် ပေးခြင်း ၊ရေတွင်းကန် ဆယ်ခြင်း၊ ညောင်ထောက်ပေးခြင်းများ ပြုလုပ်ပါ။

ထီကံကောင်းလိုသူများ။       ။ တနင်္လာနံ နာမည်ဖြင့် စသော ထီဆိုင် တွင်  ၂/၆  ဂဏန်းများများပါသည့် ထီလက်မှတ်ကိုရွေးထိုးပါ။  

(   Zawgyi  )

  ဒီရက္ပိုင္းအတြင္းမထင္မွတ္ဘဲဘာသာေရး၊ပညာေရး၊ အခြင့္ အလမ္းေကာင္းေတြ ေပၚထြက္လာတတ္ ပါတယ္။ ကြဲကြာေန သူမ်ားျပန္ဆုံျခင္း၊ရပ္ေဝးက မိတ္ေဆြေကာင္းမ်ားရဲ႕ အကူအညီမ်ား ရတတ္ျခင္းမ်ား ႀကဳံတတ္ပါတယ္။ ယခုတစ္ပတ္ လူမႈေရး၊စီးပြားေရး၊ ပညာေရးေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ ေသာၾကာသား သမီး ေတြနဲ႔တိုင္ပင္သင့္ပါတယ္။ေနရာသစ္၊လုပ္ငန္းသစ္၊အိမ္ရာသစ္ကိစၥေတြ ေကာင္းပါတယ္။စပ္တူလုပ္ရတဲ့အလုပ္ေတြသတိထားပါ။မိသားစုအတြင္း၊လုပ္ငန္းခြင္ အတြင္းသာယာ ေနပါလိမ့္မယ္။ကုန္ေျခာက္လုပ္ငန္းေတြ အက်ိဳးေပးပါလိမ့္မယ္။ ေငြကံေလးေကာင္းေန တတ္ သလို မိသားစုအတြင္းအလႉအတန္းလုပ္ရတာေတြ ႀကဳံရတတ္ ပါတယ္။ ဒါေပမယ့္ ကိုယ္ရဲ႕ေအာင္ျမင္မႈကို မလိုလားသူေတြရဲ႕အပုပ္ ခ်မႈ၊မိတ္ရင္းေဆြရင္း ဆရာရင္းေတြရဲ႕ အထင္ အျမင္လြဲမႈေတြ ရွိတတ္ပါတယ္။ စပ္တူရွယ္ယာ အလုပ္ေတြ၊ စာခ်ဳပ္စာတမ္း နဲ႔လုပ္ရ တဲ့ အလုပ္ေတြ ၊ အိမ္ၿခံေမြ အေမြကိစၥေတြ အက်ိဳးေပးတတ္တဲ့ အခ်ိန္ကာလပါ။ ျပည္တြင္းျပည္ပခရီးေတြ စီစဥ္ထားသမွ် လြယ္လြယ္ ကူကူ ျဖစ္ေျမာက္လာတတ္ပါတယ္။ ဒီရက္ပိုင္း ႏွလုံး၊အာ႐ုံေၾကာ ေရာဂါေတြျဖစ္တတ္လို႔ ဂ႐ုစိုက္ သင့္ပါတယ္။ ငယ္႐ြယ္သူေတြရဲ႕ ပညာေရးကံကေတာ့ ဂ႐ုစိုက္သင့္ၿပီး ဝန္ထမ္းေတြအတြက္ လုပ္ငန္း ခြင္ စာေမး ပြဲ ရာထူးစာေမးပြဲေျဖဆိုထားသူမ်ားရည္မွန္းခ်က္ ျပည့္စုံ ပါမယ္။ အိမ္ေထာင္ရွင္မ်ား စိတ္ကသိကေအာင့္ ျဖစ္စရာနဲ႔ ငယ္႐ြယ္ သူမ်ားၾကား အထင္လြဲစကားမ်ားစရာ ႀကဳံရပါလိမ့္မယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။နံနက္ေနမထြက္မီ ေနထြက္ရာဘက္ ဦးတည္ကာ ဒိဝါတပတိ ဂါထာကို ကိုးေခါက္တိတိ ယုံယုံ ၾကည္ၾကည္ ယခုတစ္ပတ္လုံး႐ြတ္ဆိုပါ။

ျပည္ပထြက္ခြာလိုသူမ်ား။    ။ ရပ္ထဲ႐ြာထဲ နံနက္ေစာေစာေဈးေရာင္း (သို႔မဟုတ္) လမ္းေလွ်ာက္တတ္သည့္ သက္ႀကီး႐ြယ္အိုမ်ားကို ဖိနပ္လႉေပးပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။     ။ ေ႐ႊတိဂုံဘုရားေအာင္ေျမ တြင္ ကံံေကာ္ၫႊန္၉ ၫႊန္ ကပ္လႉကာ ေလွ်ာက္ထား သည့္ အလုပ္အား အဓိ႒ာန္ျပဳ လိုရာဆုေတာင္းပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။  ။ အိမ္တြင္ ၾကည့္ မွန္ အေဟာင္းမ်ားရွိပါကလႊင့္ပစ္ပါ။ ခ်စ္သူႏွင့္ ေတြ႕ရန္ သြားသည့္ အခါတိုင္း ေရေမႊးဆြတ္သြားပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။  ။ေစတီရင္ျပင္မ်ားတြင္ ေမတၱာ သုတ္ ႐ြတ္ဆို၍ သန႔္ရွင္းေရးလုပ္ၿပီးေနာက္ ဆီမီးပူေဇာ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ဘုရားသို႔သြားသည့္ လမ္းကို ျပင္ေပးျခင္း၊ တံတားျပင္ ေပးျခင္း ၊ေရတြင္းကန္ ဆယ္ျခင္း၊ ေညာင္ေထာက္ေပးျခင္းမ်ား ျပဳလုပ္ပါ။

ထီကံေကာင္းလိုသူမ်ား။       ။ တနလၤာနံ နာမည္ျဖင့္ စေသာ ထီဆိုင္ တြင္  ၂/၆  ဂဏန္းမ်ားမ်ားပါသည့္ ထီလက္မွတ္ကိုေ႐ြးထိုးပါ။