【 ဗေဒင် 】တနင်္လာသားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

အဖက်ဖက်က ပြဿနာတွေနဲ့ရှုပ်ထွေးတတ်တဲ့အချိန်ကာလပါ။ ကံတရားက ကိုယ်ဘက် ရှိမလိုလိုနဲ့ တခြားဘက်ရောက်တတ်လို့ လုပ်ငန်းသစ်၊နေရာသစ်ကိုရွှေ့တာတွေ မလုပ်သင့်တဲ့ ကာလပါ။ ဒီကာလမှာ ပညာရေး၊လူမှုရေး၊ စီးပွားရေးကိစ္စတွေမှာ ကြာသပတေး သားသမီးတွေ ကို တိုင်ပင်တာအကောင်းဆုံးပါဘဲ။ စပ်တူကိစ္စတွေကတော့ မလုပ်ပါနဲ့ဦး။ ငွေကံကတော့ သင့်ပါ တယ်။ ဒီရက်ပိုင်းဘာသာရေးကတော့ယခင်ကထက်ပိုလုပ်သင့်တဲ့ အချိန်ကာလပါ။ ယခုကာလ အတွင်းရပ်ဝေးက အကူအညီ ရတတ်ပါတယ်။ ခရီးကံကတော့ အလွန် ကောင်းပါ တယ်။ အိမ်ခြံမြေလုပ်ငန်းတွေ၊ ရတနာလုပ်ငန်းတွေ၊ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေ အလုပ်အကိုင်တွေ ကောင်းတဲ့ အချိန်အခါပါ။ စပ်တူအလုပ်တွေ၊ လူမျိုးခြားနဲ့လုပ်တဲ့ အလုပ်တွေ ကောင်းပါတယ်။  ကျန်းမာရေးကတော့ ဒီရက်ပိုင်းမှာမျက်စိနဲ့ ပတ်သက်တဲ့ ရောဂါတွေ၊ အစားအသောက်ကြောင့် ဖြစ်တဲ့ရောဂါတွေ ဖြစ်တတ်ပါတယ်။ ပညာရေးကံကတော့ကောင်းပါတယ်။ ဝန်ထမ်းတွေ ရာထူးတိုးဖြေခွင့် ရကိန်းရှိနေပါတယ်။ အိမ်ထောင်ရှင်များ သတင်းကောင်းတွေနဲ့ ပြည့်နေတတ်သလိုငယ်ရွယ်သူများကတော့  ခဏတာဝေးနေပါလိမ့်မယ်။
 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ယခုတစ်ပတ်လုံး ဘုရားရှင် အား မာလကာသီးဖြင့် သစ်သီးဆွမ်းမပြတ်ပူဇော်ပေးပါ။

ပြည်ပထွက်ခွာလိုသူများ။    ။ ဆွမ်းခံကြွလာသည့် သီလရှင်များကို နိုင်သလောက် ထီး၊ဖိနပ် စသည်တို့ ကပ်လှူ ပေးပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။      ။ ။ဘုရားစေတီရှိ ကြသပတေးထောင့်တွင် အရဟံဂါထာကိုအဓိဋ္ဌာန်ဖြင့် သက်စေ့ပုတီးစိပ်ပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။   ။ ရွှေနှင့် ရွှေရောင်ပစ္စည်းကိုယခုတစ်ပတ် မဝတ်ပါနှင့်။တခြားသူကသင့်ကိုလာပေးပါကလည်းမယူပါနှင့်။

လူမှုရေးအတိုက်အခံများသူများ။  ။ ။ဘုရား၊ကျောင်း၊စေတီများတွင် မေတ္တာသုတ် ရွတ်ဆိုကာ သန့်ရှင်းရေး ပြုလုပ်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။  ။ငါး၊လိပ် စသည့် ရေသတ္တဝါများကို မွေးနေ့တွင် အစာကျွေးပါ။

ထီကံကောင်းလိုသူများ။     ။လမ်းသွားရင်းတွေ့သည့် ထီဆိုင်တွင်  ၂ /၅ ဂဏန်းများများ ပါသည့် ထီနံပါတ်ကိုရှာထိုးပါ။

(  Zawgyi  )

 အဖက္ဖက္က ျပႆနာေတြနဲ႔ရႈပ္ေထြးတတ္တဲ့အခ်ိန္ကာလပါ။ ကံတရားက ကိုယ္ဘက္ ရွိမလိုလိုနဲ႔ တျခားဘက္ေရာက္တတ္လို႔ လုပ္ငန္းသစ္၊ေနရာသစ္ကိုေ႐ႊ႕တာေတြ မလုပ္သင့္တဲ့ ကာလပါ။ ဒီကာလမွာ ပညာေရး၊လူမႈေရး၊ စီးပြားေရးကိစၥေတြမွာ ၾကာသပေတး သားသမီးေတြ ကို တိုင္ပင္တာအေကာင္းဆုံးပါဘဲ။ စပ္တူကိစၥေတြကေတာ့ မလုပ္ပါနဲ႔ဦး။ ေငြကံကေတာ့ သင့္ပါ တယ္။ ဒီရက္ပိုင္းဘာသာေရးကေတာ့ယခင္ကထက္ပိုလုပ္သင့္တဲ့ အခ်ိန္ကာလပါ။ ယခုကာလ အတြင္းရပ္ေဝးက အကူအညီ ရတတ္ပါတယ္။ ခရီးကံကေတာ့ အလြန္ ေကာင္းပါ တယ္။ အိမ္ၿခံေျမလုပ္ငန္းေတြ၊ ရတနာလုပ္ငန္းေတြ၊ခရီးသြားလုပ္ငန္းလုပ္ကိုင္သူေတြ အလုပ္အကိုင္ေတြ ေကာင္းတဲ့ အခ်ိန္အခါပါ။ စပ္တူအလုပ္ေတြ၊ လူမ်ိဳးျခားနဲ႔လုပ္တဲ့ အလုပ္ေတြ ေကာင္းပါတယ္။  က်န္းမာေရးကေတာ့ ဒီရက္ပိုင္းမွာမ်က္စိနဲ႔ ပတ္သက္တဲ့ ေရာဂါေတြ၊ အစားအေသာက္ေၾကာင့္ ျဖစ္တဲ့ေရာဂါေတြ ျဖစ္တတ္ပါတယ္။ ပညာေရးကံကေတာ့ေကာင္းပါတယ္။ ဝန္ထမ္းေတြ ရာထူးတိုးေျဖခြင့္ ရကိန္းရွိေနပါတယ္။ အိမ္ေထာင္ရွင္မ်ား သတင္းေကာင္းေတြနဲ႔ ျပည့္ေနတတ္သလိုငယ္႐ြယ္သူမ်ားကေတာ့  ခဏတာေဝးေနပါလိမ့္မယ္။
 
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။ယခုတစ္ပတ္လုံး ဘုရားရွင္ အား မာလကာသီးျဖင့္ သစ္သီးဆြမ္းမျပတ္ပူေဇာ္ေပးပါ။

ျပည္ပထြက္ခြာလိုသူမ်ား။    ။ ဆြမ္းခံႂကြလာသည့္ သီလရွင္မ်ားကို ႏိုင္သေလာက္ ထီး၊ဖိနပ္ စသည္တို႔ ကပ္လႉ ေပးပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။      ။ ။ဘုရားေစတီရွိ ၾကသပေတးေထာင့္တြင္ အရဟံဂါထာကိုအဓိ႒ာန္ျဖင့္ သက္ေစ့ပုတီးစိပ္ပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။   ။ ေ႐ႊႏွင့္ ေ႐ႊေရာင္ပစၥည္းကိုယခုတစ္ပတ္ မဝတ္ပါႏွင့္။တျခားသူကသင့္ကိုလာေပးပါကလည္းမယူပါႏွင့္။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။  ။ ။ဘုရား၊ေက်ာင္း၊ေစတီမ်ားတြင္ ေမတၱာသုတ္ ႐ြတ္ဆိုကာ သန႔္ရွင္းေရး ျပဳလုပ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။  ။ငါး၊လိပ္ စသည့္ ေရသတၱဝါမ်ားကို ေမြးေန႔တြင္ အစာေကြၽးပါ။

ထီကံေကာင္းလိုသူမ်ား။     ။လမ္းသြားရင္းေတြ႕သည့္ ထီဆိုင္တြင္  ၂ /၅ ဂဏန္းမ်ားမ်ား ပါသည့္ ထီနံပါတ္ကိုရွာထိုးပါ။