【 ဗေဒင် 】စနေသားသမီးများအတွက်ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ် လူမှုရေး ၊စီးပွားရေး ပညာရေးအောင်မြင်လိုသောကိစ္စများအတွက် တနင်္လာသားသမီး များနှင့်  တိုင်ပင်ဆောင်ရွက်ပါ။ ယခုရက်ပိုင်းအတွင်း ငွေကံကောင်းနေတတ်သလို အဘက်ဘက်က ကံတွေ ပွင့်လန်းနေ တတ်လို့  အလုပ်အကိုင်တွေ ဒီရက်ပိုင်းတိုးချဲ့သင့်ပါတယ်။ အရာရာကိုယ်အောင်မြင်မှု ကို မလိုလားသူတွေရဲ့ အတိုက်အခိုက်ရှိပါတယ်။  မိသားစုအတွင်း အလှူ အတန်းလုပ် ရတာတွေ ကြုံရတတ်ပါ တယ်။ စပ်တူ ရှယ်ယာအလုပ်များ အကျိုးမပေးသေး ပါဘူး။ ခေတ္တဆိုင်းငံထား ပါဦး။ ပြည်တွင်းပြည်ပခရီးတွေ အဆင်ပြေတတ်ပါ တယ်။ ဒီရက်ပိုင်း ဝမ်း၊ဆီး၊အာရုံကြော ရောဂါတွေဖြစ်တတ်လို့ ဂရုစိုက်သင့်ပါတယ်။ ပညာသင်ရေးကတော့ လုပ်ငန်းခွင် စာမေးပွဲ ရာထူးစာမေးပွဲ ဖြေဆိုထားသူများ ရည်မှန်းချက် ပြည်စုံ ပါမယ်။ အိမ်ထောင်ရှင်များ စိတ်ကသိကအောင်ဖြစ်စရာတွေ့ တတ်ပါတယ်။ငယ်ရွယ်သူများ မထင်မှတ်ဘဲ ပျော်ရွှင်စရာကြုံရပါလိမ့်မယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။မနက်နေမတက်မီ ဒီဝါတပတိ ဂါထာကို  ကိုးခေါက် တိတိ ယုံယုံကြည်ကြည် တစ်ပတ်လုံးရွတ်ဆိုပါ။

ပြည်ပထွက်ခွာလိုသူများ။    ။ နံနက်စောစော တန်းဆွမ်းကြွလာသည့် သံဃာတော်များကို ဆွမ်းထလောင်းပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။     ။ ရွှေတိဂုံဘုရားအောင်မြေတွင် အဓိဋ္ဌာန်ပြုပါ။ဘုရားအား အောင်သပြေ ၉ ညွှန် ကပ်လှူကာ ဆုတောင်းပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။  ။ အိမ်တွင် ကြည့်မှန် အဟောင်းများရှိပါက လွှတ်ပစ်ပါ။ ချစ်သူနှင့်တွေ့ရန်သွားသည့်အခါတိုင်း  ရေမွှေးဆွတ်သွားပါ။

လူမှုရေးအတိုက်အခံများသူများ။  ။စေတီရင်ပြင်များတွင် မေတ္တာသုတ်ရွက်၍ သန့်ရှင်းရေးလုပ်ကာ ဆီမီးပူဇော်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ နံနက်ဘက်ထကာ အိမ်ရှေ့လမ်းကို သန့်ရှင်းပြီး ခို၊စာကလေးများ အတွက် အစာကျွေးပါ။

ထီကံကောင်းလိုသူများ။             ။ ထီဆိုင်တွင်  ၂ အစ ၇ အဆုံးဂဏန်းများများပါသည့်ကို ရွေးထိုးပါ။

(  Zawgyi  )

  ယခုတစ္ပတ္ လူမႈေရး ၊စီးပြားေရး ပညာေရးေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ တနလၤာသားသမီး မ်ားႏွင့္  တိုင္ပင္ေဆာင္႐ြက္ပါ။ ယခုရက္ပိုင္းအတြင္း ေငြကံေကာင္းေနတတ္သလို အဘက္ဘက္က ကံေတြ ပြင့္လန္းေန တတ္လို႔  အလုပ္အကိုင္ေတြ ဒီရက္ပိုင္းတိုးခ်ဲ႕သင့္ပါတယ္။ အရာရာကိုယ္ေအာင္ျမင္မႈ ကို မလိုလားသူေတြရဲ႕ အတိုက္အခိုက္ရွိပါတယ္။  မိသားစုအတြင္း အလႉ အတန္းလုပ္ ရတာေတြ ႀကဳံရတတ္ပါ တယ္။ စပ္တူ ရွယ္ယာအလုပ္မ်ား အက်ိဳးမေပးေသး ပါဘူး။ ေခတၱဆိုင္းငံထား ပါဦး။ ျပည္တြင္းျပည္ပခရီးေတြ အဆင္ေျပတတ္ပါ တယ္။ ဒီရက္ပိုင္း ဝမ္း၊ဆီး၊အာ႐ုံေၾကာ ေရာဂါေတြျဖစ္တတ္လို႔ ဂ႐ုစိုက္သင့္ပါတယ္။ ပညာသင္ေရးကေတာ့ လုပ္ငန္းခြင္ စာေမးပြဲ ရာထူးစာေမးပြဲ ေျဖဆိုထားသူမ်ား ရည္မွန္းခ်က္ ျပည္စုံ ပါမယ္။ အိမ္ေထာင္ရွင္မ်ား စိတ္ကသိကေအာင္ျဖစ္စရာေတြ႕ တတ္ပါတယ္။ငယ္႐ြယ္သူမ်ား မထင္မွတ္ဘဲ ေပ်ာ္႐ႊင္စရာႀကဳံရပါလိမ့္မယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။မနက္ေနမတက္မီ ဒီဝါတပတိ ဂါထာကို  ကိုးေခါက္ တိတိ ယုံယုံၾကည္ၾကည္ တစ္ပတ္လုံး႐ြတ္ဆိုပါ။

ျပည္ပထြက္ခြာလိုသူမ်ား။    ။ နံနက္ေစာေစာ တန္းဆြမ္းႂကြလာသည့္ သံဃာေတာ္မ်ားကို ဆြမ္းထေလာင္းပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။     ။ ေ႐ႊတိဂုံဘုရားေအာင္ေျမတြင္ အဓိ႒ာန္ျပဳပါ။ဘုရားအား ေအာင္သေျပ ၉ ၫႊန္ ကပ္လႉကာ ဆုေတာင္းပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။  ။ အိမ္တြင္ ၾကည့္မွန္ အေဟာင္းမ်ားရွိပါက လႊတ္ပစ္ပါ။ ခ်စ္သူႏွင့္ေတြ႕ရန္သြားသည့္အခါတိုင္း  ေရေမႊးဆြတ္သြားပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။  ။ေစတီရင္ျပင္မ်ားတြင္ ေမတၱာသုတ္႐ြက္၍ သန႔္ရွင္းေရးလုပ္ကာ ဆီမီးပူေဇာ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ နံနက္ဘက္ထကာ အိမ္ေရွ႕လမ္းကို သန႔္ရွင္းၿပီး ခို၊စာကေလးမ်ား အတြက္ အစာေကြၽးပါ။

ထီကံေကာင္းလိုသူမ်ား။             ။ ထီဆိုင္တြင္  ၂ အစ ၇ အဆုံးဂဏန္းမ်ားမ်ားပါသည့္ကို ေ႐ြးထိုးပါ။