【 ဗေဒင် 】စနေသားသမီးများအတွက်ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်းအတွင်းမထင်မှတ်ဘဲဘာသာရေး၊ပညာရေး၊အခွင့်အလမ်းကောင်းတွေ ပေါ်ထွက်လာတတ် ပါတယ်။ကွဲကွာနေသူ များပြန် ဆုံခြင်း၊ ရပ်ဝေးကမိတ်ဆွေကောင်းများရဲ့ အကူအညီများရတတ်ပါ တယ်။ယခုရက်ပိုင်းအတွင်းသောကြာသားသမီးတွေနဲ့တိုင်ပင်တာကသင့်အတွက် လူမှုရေး၊စီးပွားရေး၊ပညာရေးကိစ္စတွေမှာအောင်မြင်နိုင် ပါတယ်။နေရာသစ်လုပ်ငန်းသစ်အိမ်ရာသစ်ကိစ္စတွေ ကောင်းပါ တယ်။စပ်တူလုပ်ရတဲ့အလုပ် တွေ သတိထားပါ။မိသားစုအတွင်း၊ လုပ်ငန်းခွင်အတွင်းသာယာနေပါ လိမ့် မယ်။ ကုန်ခြောက်လုပ်ငန်းတွေ အကျိုးပေးပါလိမ့်မယ်။ငွေကတော့ တအားဝင်နေသလို တအား ထွက်နေတတ်ပါတယ်။ပညာရေးကံကောင်းနေတတ်ပါတယ်။မြင့်မား တဲ့ ပညာသင်ခွင့်ရမဲ့အခွင့်အရေးရှိနေပါ တယ်။ အိမ်ထောင်ရှင်များ၊ သမီးရည်းစားများစကားကတောက်ကဆများကိန်းရှိပါတယ်။ကျန်းမာရေးကတော့ အအိပ်အစားပျက်တာတွေကြောင့် သင်နေထိုင် မကောင်းခဏခဏဖြစ်တတ်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။ ။ ယခုတစ်ပတ်လုံး နံနက်စောစောထကာရှင်သီဝလိဂါထာ ၉ ခေါက် ရွတ်ဆိုပါ။

 
ပြည်ပထွက်ခွာလိုသူများ။ ။ မိမိသွားလိုသောအရပ်ထောင့်ရှိသက်ကြီး ရွယ်အိုအားနေရာထိုင်ခင်းတစ်ခုခုလှူပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။ ။လျှောက်ထားသည့် အလုပ် နာမည် အားခေါင်းအုံးအောက်ထားအိပ်ပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။ ။ အိမ်အတွင်း အင်းပျက်၊ အဆောင်ပျက်တွေရှိရင် စွန့်ပစ်ပါ။

လူမှုရေးအတိုက်အခံများသူများ။  ။ စေတီရင်ပြင်ရှိပန်းခြောက် များ၊ သစ်ရွက်ခြောက်များ ကောက်ကာရှင်းလင်း ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။   ။ ငါး၊လိပ်စသည် ရေသတ္တဝါ များကို အစာကျွေးကာဆုတောင်းပါ။

ထီကံကောင်းလိုသူများ။    ။ စနေနံထီဆိုင်တွင် ၆/၇ ဂဏန်းများ များ ပါသောထီကိုထိုးပါ။

(  Zawgyi  )

 ဒီရက္ပိုင္းအတြင္းမထင္မွတ္ဘဲဘာသာေရး၊ပညာေရး၊အခြင့္အလမ္းေကာင္းေတြ ေပၚထြက္လာတတ္ ပါတယ္။ကြဲကြာေနသူ မ်ားျပန္ ဆုံျခင္း၊ ရပ္ေဝးကမိတ္ေဆြေကာင္းမ်ားရဲ႕ အကူအညီမ်ားရတတ္ပါ တယ္။ယခုရက္ပိုင္းအတြင္းေသာၾကာသားသမီးေတြနဲ႔တိုင္ပင္တာကသင့္အတြက္ လူမႈေရး၊စီးပြားေရး၊ပညာေရးကိစၥေတြမွာေအာင္ျမင္ႏိုင္ ပါတယ္။ေနရာသစ္လုပ္ငန္းသစ္အိမ္ရာသစ္ကိစၥေတြ ေကာင္းပါ တယ္။စပ္တူလုပ္ရတဲ့အလုပ္ ေတြ သတိထားပါ။မိသားစုအတြင္း၊ လုပ္ငန္းခြင္အတြင္းသာယာေနပါ လိမ့္ မယ္။ ကုန္ေျခာက္လုပ္ငန္းေတြ အက်ိဳးေပးပါလိမ့္မယ္။ေငြကေတာ့ တအားဝင္ေနသလို တအား ထြက္ေနတတ္ပါတယ္။ပညာေရးကံေကာင္းေနတတ္ပါတယ္။ျမင့္မား တဲ့ ပညာသင္ခြင့္ရမဲ့အခြင့္အေရးရွိေနပါ တယ္။ အိမ္ေထာင္ရွင္မ်ား၊ သမီးရည္းစားမ်ားစကားကေတာက္ကဆမ်ားကိန္းရွိပါတယ္။က်န္းမာေရးကေတာ့ အအိပ္အစားပ်က္တာေတြေၾကာင့္ သင္ေနထိုင္ မေကာင္းခဏခဏျဖစ္တတ္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။ ။ ယခုတစ္ပတ္လုံး နံနက္ေစာေစာထကာရွင္သီဝလိဂါထာ ၉ ေခါက္ ႐ြတ္ဆိုပါ။

 
ျပည္ပထြက္ခြာလိုသူမ်ား။ ။ မိမိသြားလိုေသာအရပ္ေထာင့္ရွိသက္ႀကီး ႐ြယ္အိုအားေနရာထိုင္ခင္းတစ္ခုခုလႉပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။ ။ေလွ်ာက္ထားသည့္ အလုပ္ နာမည္ အားေခါင္းအုံးေအာက္ထားအိပ္ပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။ ။ အိမ္အတြင္း အင္းပ်က္၊ အေဆာင္ပ်က္ေတြရွိရင္ စြန႔္ပစ္ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။  ။ ေစတီရင္ျပင္ရွိပန္းေျခာက္ မ်ား၊ သစ္႐ြက္ေျခာက္မ်ား ေကာက္ကာရွင္းလင္း ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။   ။ ငါး၊လိပ္စသည္ ေရသတၱဝါ မ်ားကို အစာေကြၽးကာဆုေတာင္းပါ။

ထီကံေကာင္းလိုသူမ်ား။    ။ စေနနံထီဆိုင္တြင္ ၆/၇ ဂဏန္းမ်ား မ်ား ပါေသာထီကိုထိုးပါ။