【 ဆောင်းပါး 】 တရုတ်ရဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးကို ဦးဆောင်နေတဲ့ တရုတ်ကွန်မြူနစ်ပါတီ

【 ဆောင်းပါး 】 တရုတ်ရဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးကို ဦးဆောင်နေတဲ့ တရုတ်ကွန်မြူနစ်ပါတီ

အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ အမျိုးသားကွန်ဂရက်က ပြီးခဲ့တဲ့ အောက်တိုဘာလမှာ တရုတ်၏ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးသို့ လမ်းကြောင်းကို အဆိုပြုခဲ့ချိန်မှစတင်ပြီး တရုတ်ရဲ့ ပညာရေးနယ်ပယ်မှာ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးကို လေ့လာကြခြင်းတွေ ပိုမိုများပြားလာပါတယ်။

တရုတ်နိုင်ငံမှာတော့ ကွန်မြူနစ်ပါတီဟာ ထင်ရှားတဲ့ လေ့လာစရာ နယ်ပယ်တစ်ရပ်ဖြစ်ပါတယ်။ဒါပေမဲ့ အနောက်နိုင်ငံတွေအနေနဲ့ ယနေ့ခတ် တရုတ်ကွန်မြူနစ်ပါတီအပေါ် နားလည်မှု အားနည်းနေပြီး မကြာခင်ပျောက်ကွယ်သွားတဲ့မယ့် အားလျော့လာတဲ့ အဖွဲ့အစည်းတစ်ခုလို့ မြင်နေကြပါတယ်။

နိုင်ငံရေးပါတီတွေဆိုတာ ခေတ်မီဖွံ့ဖြိုးတိုးတက်လာခြင်းရဲ့ လွှမ်းမိုးမှုကိုခံရတဲ့ ထုတ်ကုန်တစ်ခုလို့ ပြောလို့ရပါတယ်။ခေတ်မီဖွံ့ဖြိုးတိုးတက်ခြင်းရဲ့ လမ်းကြောင်းမှာ နိုင်ငံရေးပါတီဟာ အရေးပါပါတယ်။ခေတ်မီဖွံ့ဖြိုးတိုးတက်ခြင်းဆိုတာ အယူဝါဒတစ်ခုဖြစ်သလို နည်းပညာလမ်းကြောင်းကို အခြေခံပြီး လက်တွေ့ကျကျ တွန်းအားလိုအပ်တဲ့ အခြေအနေလည်းဖြစ်ပါတယ်။

အနောက်နိုင်ငံတွေရဲ့ အမျိုးသားခေတ်မီဖွံ့ဖြိုးတိုးတက်မှုကြောင့် နိုင်ငံရေးပါတီတွေ ပေါ်လာတယ်ဆိုပေမယ့် ဒီပါတီတွေနဲ့ အခြားအဖွဲ့အစည်းတွေဟာ ယှဉ်ပြိုင်မှုပြင်းထန်နေပြီး ရှုံးနိမ့်ပါကလည်း အုတ်မြစ်အထိ ပြိုလဲနိုင်တဲ့ အခြေအနေဖြစ်နေပါတယ်။  

ဒုတိယကမ္ဘာစစ်ပြီးတဲ့အချိန်မှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ ကိုလိုနီစနစ်အောက်ကနေ လွတ်မြောက်ခဲ့ကြပေမယ့် တည်ငြိမ်တဲ့ နိုင်ငံရေးအခြေအနေတွေတော့ မရရှိခဲ့ကြတာဖြစ်ပါတယ်။လွတ်လပ်ရေးရပြီးတဲ့နောက်မှာ ကိုလိုနီဝါဒရဲ့ အကျိုးဆက်တွေကို ဆက်လက်ရင်ဆိုင်ရပြီး ပါတီပေါင်းစုံစနစ်အပါအဝင် အနောက်နိုင်ငံတွေရဲ့ မူဝါဒတွေကို ကျင့်သုံးဖို့ ကြိုးစားခဲ့ကြပါတယ်။အပေါ်ယံအားဖြင့်တော့ ဒီနိုင်ငံတွေဟာ အနောက်နိုင်ငံတွေရဲ့ နိုင်ငံရေးစနစ်မျိုး ပိုင်ဆိုင်နိုင်ပြီဟု ဆိုနိုင်သော်လည်း လက်တွေ့မှာတော့ အကျိုးရှိစွာ အကောင်အထည်ဖော်နိုင်ခြင်းမျိုးမရှိဘဲ များစွာသော ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ တည်ငြိမ်တဲ့ နိုင်ငံရေးစနစ်တည်ဆောက်ဖို့ ကြိုးပမ်းနေရဆဲဖြစ်ပါတယ်။  

နိုင်ငံရေးပါတီတွေနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုကြားက ဆက်ဆံရေးကို ကမ္ဘာလုံးဆိုင်ရာ အတိုင်းအတာနဲ့ပြောရရင် တရုတ်လိုမျိုး အတွေ့အကြုံဟာ ရှားပါးပြီး အဖိုးတန်ပါတယ်။ဒါပေမဲ့ များစွာသောလူတွေဟာ တရုတ်ကွန်မြူနစ်ပါတီအကြောင်း ဂဃဏန မသိတာကြောင့် ဒီလိုမျိုး အဖိုးတန်တဲ့ အတွေ့အကြုံကို ပြန်လည်မမျှဝေနိုင်တာဖြစ်ပါတယ်။

အခုအချိန်မှာတော့ အမေရိကန်က တရုတ်နဲ့ ဆက်ဆံရေးကို “ဒီမိုကရေစီနှင့် အာဏာရှင်စနစ်” ဟု သတ်မှတ်ပေမယ့် ထိုကဲ့သို့ ရိုးရှင်းတာမျိုးလည်း မဟုတ်ပါဘူး။  

တရုတ်နိုင်ငံမှာတော့ နိုင်ငံရေးပါတီဆိုတဲ့ အသုံးအနှုန်းဟာ အနောက်နိုင်ငံများဆီက လာတာဖြစ်ပါတယ်။တရုတ်နိုင်ငံရဲ့ သမိုင်းတစ်လျှောက်မှာတော့ နိုင်ငံတော်ဟာ လူမှုရေး၊ စီးပွားရေး၊ ကဏ္ဍပေါင်းစုံရဲ့ အပေါ်မှာရှိနေတဲ့ ထိပ်တန်းဖွဲ့စည်းမှုဖြစ်ပါတယ်။ အနောက်တိုင်းနိုင်ငံတွေက သုံးလာကြတဲ့ “အချုပ်အခြာအာဏာ” ဆိုတာနဲ့ ဆိုဗီယက်ပြည်ထောင်စုရဲ့ ကွန်မြူနစ်ဆိုင်ရာ အယူဝါဒတွေက ဒီစနစ်ကိုပဲ ပြန်လည်ပြောင်းလဲသုံးစွဲတာဖြစ်ပါတယ်။

တရုတ်နိုင်ငံကတော့ ဖွဲ့စည်းတဲ့စနစ်နဲ့ပတ်သက်ပြီး နိုင်ငံရေးပုံစံအသစ်ကို ပြောင်းလဲလိုက်ပေမယ့် ယဉ်ကျေးမှုဆိုင်ရာ လက္ခဏာရပ်တွေကိုတော့ မပျောက်ပျက်အောင် ထိန်းသိမ်းသွားမှာဖြစ်ပါတယ်။

အနောက်နိုင်ငံတွေနဲ့ မတူတဲ့အချက်က တရုတ်ရဲ့ နိုင်ငံရေးပါတီဆိုတာက လူမှုအဖွဲ့အစည်းတစ်ခုမဟုတ်ဘဲ အဖွဲ့အစည်းအားလုံးကို ထိန်းချုပ်တဲ့ ထိပ်တန်းစနစ်တစ်ခုဖြစ်နေတာပဲဖြစ်ပါတယ်။လည်ပတ်မှုနဲ့ တာဝန်ယူမှုကိုကြည့်ရင် တရုတ်နိုင်ငံရဲ့ နိုင်ငံရေးပါတီတွေက အစိုးရအတွက်သာမဟုတ်ဘဲ ဖွံ့ဖြိုးတိုးတက်မှုအတွက်ပါ ပါဝင်ပါတယ်။ဖွံ့ဖြိုးတိုးတက်နေဆဲ တရုတ်နိုင်ငံရဲ့ အဓိကမဏ္ဍိုင်ကတော့ ဖွံ့ဖြိုးတိုးတက်မှုပါတီဖြစ်ပါတယ်။နှစ်ပေါင်းမျာစွာတိုင် တရုတ်ရဲ့ နိုင်ငံရေးပါတီတွေဟာ အနောက်တိုင်းနိုင်ငံတွေရဲ့ ပါတီတွေလိုမျိုးပဲ အုပ်ချုပ်ရေးအုတ်မြစ်ကို ရှာဖွေခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ အုပ်ချုပ်ရေးအုတ်မြစ်မှာဆိုရင် အယူဝါဒတွေ ပေါင်းစပ်ထားတာကို တွေ့ရပါတယ်။ဥပမာအားဖြင့် လမ်းစဉ်အားလုံး၌ ပြည်သူများရဲ့ ဒီမိုကရေစီဆိုတဲ့ မူဝါဒဖြစ်ပါတယ်။ဒါပေမဲ့ အနောက်နိုင်ငံတွေနဲ့ မတူတာကတော့ တရုတ်ကွန်မြူနစ်ပါတီဟာ ရှင်သန်ဖို့သာ ကြိုးပမ်းရတာမဟုတ်ဘဲ နယ်ပယ်ပေါင်းစုံမှာ ဖွံ့ဖြိုးတိုးတက်မှုတွေကို လမ်းညွှန်ဦးဆောင်ရတာဖြစ်ပါတယ်။  လက်တွေ့မှာတော့ ပြန်လည်ပြုပြင်ရေးနဲ့ တံခါးဖွင့်မူဝါဒတွေ စတင်ကတည်းက ရေရှည်တည်တံ့သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ လူမှုရေးတည်ငြိမ်မှုနဲ့ ခေါင်းဆောင်မှု အဓိကနယ်ပယ်သုံးခုစလုံးမှာ အောင်မြင်မှုရတဲ့ နိုင်ငံအနည်းငယ်ထဲမှာ တရုတ်ကအပါအဝင်ဖြစ်ပါတယ်။

အနောက်နိုင်ငံများအနေနဲ့ ရေရှည်တည်တံ့သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိခဲ့သော်လည်း လူမှုရေးနဲ့ အုပ်ချုပ်ရေးပြဿနာတွေကို ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။  

တရုတ်ရဲ့ ကွန်မြူနစ်ပါတီနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုအကြား ဆက်ဆံရေးဟာ နိုင်ငံရေးအရသာမဟုတ်ဘဲ ပညာရေးပိုင်းမှာလည်း ထင်ရှားပါတယ်။

ပထမဆုံးအနေနဲ့ တရုတ်ရဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းလို့ပြောရင် ဥရောပ ဒါမှမဟုတ်လည်း အမေရိကန်ရဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကိုလည်း အသိအမှတ်ပြုပါတယ်။သို့သော်လည်း လူသားယဉ်ကျေးမှုတွေ ကွဲပြားတဲ့အလျောက် မတူညီတဲ့ နားလည်မှုတွေ၊ အကြောင်းအရာတွေရှိနေတာကြောင့် ခေတ်မီဖွံ့ဖြိုးတိုးတက်မှုတွေဟာလည်း ပုံစံအမျိုးမျိုးနဲ့ရှိပါတယ်။

ဒုတိယအနေနဲ့ တရုတ်ရဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းဆိုတာဟာ နိုင်ငံအနေနဲ့ ကိုယ်ပိုင်လူသားယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာနဲ့ နိုင်ငံ့အခြေအနေတွေနဲ့ ကိုက်ညီတဲ့ တိုးတက်မှုမျိုးကိုရရှိမှသာ အောင်မြင်တယ်လို့ဆိုနိုင်မှာဖြစ်ပါတယ်။နိုင်ငံအားလုံးအနေနဲ့ ကိုယ့်အခြေအနေနဲ့ ကိုက်ညီတဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုကိုရရှိနိုင်ဖို့လည်း မျှော်လင့်ပါတယ်။  

တတိယအချက်အနေနဲ့ တရုတ်ရဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းဆိုတာဟာ မိမိတို့ရဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းပုံစံကို အခြားနိုင်ငံတွေအပေါ်မှာ တွန်းအားပေးမှာမဟုတ်တဲ့ အချက်ဖြစ်ပါတယ်။

စတုတ္ထအချက်အနေနဲ့ကတော့ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်ရာမှာ မိမိတို့ဟာ လူသားယဉ်ကျေးမှုများအကြား ဆွေးနွေးမှုများပြုလုပ်ခြင်း၊ အပြန်အလှန်သင်ယူခြင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးတွဲမြှင့်တင်ခြင်းကို တိုက်တွန်းအားပေးပါတယ်။

စိုးနိုင်ထွန်း
Ref - CMG | CPC a 'developmental party' that leads China's modernization