【နိုင်ငံတကာဆောင်းပါး】စစ်အေးခေတ်က လျှို့ဝှက်စမ်းသပ်မှုများအတွက် ပေးသင့်တဲ့ လျော်ကြေး

【နိုင်ငံတကာဆောင်းပါး】စစ်အေးခေတ်က လျှို့ဝှက်စမ်းသပ်မှုများအတွက် ပေးသင့်တဲ့ လျော်ကြေး

ဘန်းဖီလစ်စ်၏ ငယ်ဘဝအမှတ်တရများထဲတွင် သူငယ်ချင်းများနှင့် ဘတ်စကက်ဘောကစားနည်းများ၊ အိမ်နီးချင်းများနှင့် ၎င်းတို့၏ စိန့်လူးဝစ်အိမ်ရာဝင်းတွင် နွေရာသီအရိပ်တွင် စုဝေးကြခြင်းမျိုးတို့ဖြစ်သည်။

သူမှတ်မိသေးသည်က အေးစိမ့်သောလေကို ခုခံနိုင်သော hazmat ၀တ်စုံနဲ့ အမျိုးသားတွေကို အထပ်မြင့် အဆောက်အဦခေါင်မိုးတွေပေါ်ကနေ ကြည့်ရခြင်းလည်းဖြစ်သည်။

“ကျွန်တော် မြူခိုးတွေကို မှတ်မိနေတယ်”ဟု ယခု အသက် ၇၃ နှစ်ရှိ ဖီးလစ်က ပြောသည်။ “မီးခိုးခေါင်းတိုင်တွေကနေ မီးခိုးတွေထွက်နေတယ်လို့ ငါတို့ထင်ခဲ့တာကို မှတ်မိတယ်။ အဆောက်အဦတွေပေါ်မှာ အဲဒီ မြူခိုးတွေကို တွန်းထုတ်နေတဲ့ စက်တွေရှိတယ်”

စိန့်လူးဝစ်ဒေသရှိ စစ်အေးခေတ် နျူကလီးယား ညစ်ညမ်းမှုဒဏ် ခံရသူများအား ပေးဆောင်ရန် ကွန်ဂရက်က စဉ်းစားနေသကဲ့သို့၊တစ်ချိန်တည်းမှာပင် အစိုးရ၏ လျှို့ဝှက်စမ်းသပ်မှုများအတွက် ပစ်မှတ်ထားခံခဲ့ရသူများအနေ့ဖြင့် ၎င်းတို့ကိုလည်း လျော်ကြေးငွေပေးရမည်ဟု ယုံကြည်ကြသည်။

၁၉၅၀ နှင့် ၁၉၆၀ ခုနှစ်များတွင် စစ်တပ်က အဆောက်အအုံများထိပ်နှင့် ဘူတာရုံနောက်ဘက်တို့တွင် လေမှုတ်ကိရိယာများကို အသုံးပြုကာ အများစုသည် လူမည်းများဖြစ်ကြသည့် စိန့်လူးဝစ်အိမ်ရာပရောဂျက်အနီးရှိ လေထဲသို့ ကင်ဆာဖြစ်စေနိုင်ချေကို ပက်ဖြန်းခဲ့ကြသည်။

အစိုးရက ယင်းကို ဇီဝလက်နက်တိုက်ခိုက်မှုမှာ ဘာဖြစ်လာမလဲဆိုတာ သိရန် ဇင့်ကက်မီယမ်ဆာလဖိုက်ကို ပုံစံတူဖြန်းမှုတ်ခြင်းဟုဆိုကာ အန္တရာယ်မရှိဟု  ငြင်းဆိုခဲ့သည်။

ယင်းအပေါ် ဖိလစ်စ်နှင့် ချေ့စ်တာဒိန်းတို့က သဘောမတူချေ။

၎င်းတို့မှာ Pruitt-Igoe အိမ်ရာဝင်းတွင် ကြီးပြင်းလာသူ အမျိုးသားများဖြစ်ပြီး လျှို့ဝှက်စမ်းသပ်မှုများကြောင့် Pruitt-Igoe နေထိုင်သူအချို့ နောက်ပိုင်းတွင် ခံစားခဲ့ရသည့် ဖျားနာမှုများ သို့မဟုတ် အချိန်မတန်မီ သေဆုံးခြင်းများအတွက် လျော်ကြေးငွေရှာဖွေမှုနှင့် ကျန်းမာရေးဆိုင်ရာလေ့လာမှုများကို ယခုအခါ ဦးဆောင်လျက်ရှိသည်။

ဖိလစ်စ်က "ငါတို့လက်တွေ့စမ်းပြီးသွားပြီ။ဒါက အစီအစဉ်တစ်ခုဘဲ။ပြီးတော့ ဒါဟာ မတော်တဆမှုတော့ မဟုတ်ပါဘူး”

စစ်အေးခေတ်ကာလတွင် လှုပ်ရှားမှုများအတွင်း အစိုးရ၏အခြားလုပ်ဆောင်မှုကြောင့် ထိခိုက်နစ်နာမှုများ တောင်းဆိုနေသူများအတွက် ဖက်ဒရယ်လွှတ်တော်ကိုယ်စားလှယ်များက လျော်ကြေးငွေကို ချိန်ဆနေချိန်တွင် ယခုဖိအားပေးမှုအသစ် ထွက်ပေါ်လာခြင်းဖြစ်သည်။

အစိုးရနှင့် တာဝန်ရှိကုမ္ပဏီများက စိန့်လူးဝစ်မြို့အနီးရှိ အဏုမြူဗုံးထုတ်လုပ်ရေးနှင့် နျူကလီယား စွန့်ပစ်ပစ္စည်းများ သိုလှောင်သည့်နေရာများတွင် ကျန်းမာရေးအန္တရာယ်များ၊ ယိုဖိတ်မှုများနှင့် အခြားပြဿနာများကို သိရှိသော်လည်း မကြာခဏ လျစ်လျူရှုထားကြောင်း အေပီသတင်းဌာနက ဇူလိုင်လတွင် ဖော်ပြခဲ့သည်။

လူအများအပြားက နျူကလီးယားစွန့်ပစ်ပစ္စည်းများကြောင့် ချစ်ရသူများကိုသေစေနိုင်မှုနှင့် ကျန်းမာရေးပြဿနာများကို ဆက်လက်ဖြစ်ပွားစေသည်ဟု ယုံကြည်ထားကြသည်။

Missouri Independent နှင့် အကျိုးအမြတ်မယူသော သတင်းခန်း MuckRock တို့ ပူးပေါင်းဆောင်ရွက်ခြင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် အေပီသတင်းအစီရင်ခံမှုကို လွတ်လပ်စွာ သတင်းအချက်အလက် အက်ဥပဒေဖြင့် ပြင်ပသုတေသီများမှ ရရှိသော စာရွက်စာတမ်းများကို စစ်ဆေးခဲ့သည်။

ရီပတ်ဘလီကန်ပါတီဝင် အမေရိကန် အထက်လွှတ်တော်အမတ် ဂျို့ရှ်ဟော်လေက ထိတွေ့ခံရသူများအတွက် ရှိပြီးသား လျော်ကြေးအစီအစဉ်ကို တိုးချဲ့ပေးရန် တောင်းဆိုသည့် သတင်းများ ထွက်ပေါ် လာပြီးနောက်မကြာခင်မှာ ဥပဒေအဖြစ်ထွက်လာခဲ့သည်။ အဆိုပါ ပြင်ဆင်ချက်ကို အထက်လွှတ်တော်က ထောက်ခံခဲ့သည်။

အောက်လွှတ်တော်တွင် ယင်းပြင်ဆင်ချက်ကို မဲမခွဲရသေးသော်လည်း ဒီမိုကရက်တစ်သမ္မတ ဘိုင်ဒန်က “အဲဒီလူတွေကို ဂရုစိုက်ကြောင်း သေချာအောင် ကူညီပေးဖို့ အသင့်ဖြစ်နေပြီ” ဟု ပြီးခဲ့သည့်လက ပြောကြားခဲ့သည်။

Pruitt-Igoe မြို့ခံဟောင်းများကလည်း ၎င်းတို့ကို ဂရုစိုက်သင့်သည်ဟု ဆိုသည်။

ဖိလစ်စ် နှင့် ၇၅နှစ်အရွယ်ဒိန်း တို့သည် Pruitt-Igoe ကို ကိုယ်စားပြုကာ သမိုင်းဆိုင်ရာ စာရင်းအင်း၊ လျော်ကြေးငွေနှင့် အမှန်တရားရှာဖွေရန် PHACTS ကို ပူးတွဲတည်ထောင်ခဲ့ကြသည်။

၎င်းတို့၏ရှေ့နေ အယ်လ်ကင်ကင်စတာက ဟော်လေ ၏အဆိုပြုချက်ကို ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်ရန် ယခင်က Pruitt-Igoe နေထိုင်သူများပါ၀င်ရန် "သင့်လျော်ပြီး လိုအပ်သည်" ဟု ပြောကြားခဲ့သည်။

ဆေးငွေ့ပက်ဖြန်းခြင်းနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များကို အစိုးရက ၁၉၉၄ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည်။

စစ်အေးခေတ်တွက် စိန့်လူးဝစ်နေရာတစ်ခုတည်းသာ လျှို့ဝှက်စမ်းသပ်မှုကို ခံနေရတာ မဟုတ်ဘဲ အခြားနေရာ သုံးဒါဇင်နီးပါးတွင် အလားတူ ပက်ဖြန်းမှုများ ဖြစ်ပွားခဲ့သည်။အခြားသော လျှို့ဝှက်စမ်းသပ်မှု အမျိုးအစားများလည်း ရှိခဲ့သည်။

၂၀၁၇ခုနှစ်က ထုတ်ဝေခဲ့သော စာအုပ်တစ်အုပ်တွင် စိန့်လူးဝစ်လူမှုဗေဒပညာရှင် လီဆာမာတီနိုတိုင်လာက FOIA တောင်းဆိုမှုမှတစ်ဆင့် ရရှိသောစာရွက်စာတမ်းများကို ကိုးကားပြီး ကိုယ်ဝန်ဆောင်စဉ်အတွင်း မိခင်နှင့် ကလေးများ၏ သွေးထဲသို့ မည်မျှစုပ်ယူသည်ကို တိုင်းတာရန် မြို့ပေါင်းများစွာရှိ ကိုယ်ဝန်ဆောင် မိခင်များအား ရေဒီယိုသတ္တိကြွသံဓာတ်အား မည်သို့မည်ပုံပေးခဲ့သည်ကို အသေးစိတ်ဖော်ပြခဲ့သည်။

အစိုးရသည် ကယ်လီဖိုးနီးယား အထက်တန်းကျောင်း အပါအဝင် အဆောက်အဦများအတွင်း ဓာတ် ရောင်ခြည် ဖြန့်ကျက်မှုများကိုလည်း ဖန်တီးခဲ့သည်။

စိန့်လူးဝစ်ရှိ စမ်းသပ်ဧရိယာအား အမေရိကန်စစ်တပ်မှတ်တမ်းများတွင် “လူဦးရေထူထပ်သော ဆင်းရဲသားရပ်ကွက်တစ်ခု” အဖြစ် ဖော်ပြခဲ့သည်။ ထိုနေရာတွင် နေထိုင်သူ လေးပုံသုံးပုံခန့်သည် လူမည်းများဖြစ်ကြသည်။

“ကျွန်တော်တို့နေတဲ့နေရာကို ဆင်းရဲမွဲတေမှုလို့ ခေါ်ခဲ့တယ်” ဟု ဒိန်းက ဆိုသည်။

“အဲဒါကြောင့် သူတို့က လုပ်တာ။ အမေရိကားလို့ သိကတည်းက သူတို့ဟာ အစွန်းတစ်ဖက်မှာ နေထိုင်သူတွေကို စမ်းသပ်နေတာ။ဘယ်သူမှ မပြောလို့ လုပ်နိုင်တာပေါ့”

Pruitt-Igoe ကို ၁၉၅၀ခုနှစ်များတွင် တည်ဆောက်ခဲ့ပြီး ဝင်ငွေနည်းသူများအတွက် ပိုမိုကောင်းမွန်သော ဘဝသစ်တစ်ခုပေးမည်ဟု ကတိပြုထားသည်။ထိုစီမံကိန်းမှာ မအောင်မြင်ဘဲ ၁၉၇၀ ပြည့်လွန်နှစ်များတွင် ဖျက်သိမ်းခဲ့သည်။

အဆုံးစွန်တွင် နိဋ္ဌိတံသွားသော်လည်း ဒိန်းစ်နှင့် ဖိလစ်စ်က ၎င်းတို့၏ ငယ်ရွယ်စဉ်ကာလတွင် Pruitt-Igoe သည် အမြဲလိုလိုလားလားရှိသည့်နေရာဟု ဆိုသည်။

နှစ်တွေကြာလာတာနဲ့အမျှ၊သူတို့နှစ်ဦးစလုံးသည် တစ်ချိန်က Pruitt-Igoe တွင်နေထိုင်ခဲ့သော ဆွေမျိုးများနှင့် သူငယ်ချင်းများကြား မရေမတွက်နိုင်သော အချိန်မတန်မီ သေဆုံးမှုနှင့် ပုံမှန်မဟုတ်သော ဖျားနာမှုများကို တွေ့မြင်လာရသည်။

ဖိလစ်စ်၏မိခင်သည် ကင်ဆာရောဂါဖြင့် သေဆုံးသွားခဲ့ပြီး ညီမတစ်ဦးမှာ သူမ၏ဆရာဝန်များကို စိတ်ရှုပ်ထွေးစေသည့် တက်ခြင်းဝေဒနာကို ခံစားခဲ့ရသည်ဟု ဆိုသည်။ ဖိလစ်စ်သည် နူးညံ့သိမ်မွေ့သောအကျိတ်တစ်ခုကြောင့် နားတစ်ဖက်တွင် အကြားအာရုံဆုံးရှုံးသွားခဲ့သည်။

ဒိန်းစ်၏အစ်ကိုသည် နှစ်ပေါင်းများစွာ ကျန်းမာရေးပြဿနာများနှင့် ရင်ဆိုင်ခဲ့ရပြီး နှလုံးရောဂါဖြင့် သေဆုံးသွားခဲ့သည်။

ယင်းမှာပက်ဖြန်းခြင်းကြောင့်ဆိုသည်ကို ၎င်းတို့ကနှစ်ဦးစလုံးအံဩနေကြသည်။

အစိုးရလေ့လာမှုတစ်ခုအရ အဆိုးဆုံးအခြေအနေအဖြစ် "ဇင့်ကက်မီယမ်ဆာလ်ဖိုင်ဒ်ကို ထပ်ခါတလဲလဲ ထိတွေ့မှုက ကျောက်ကပ်နဲ့ အရိုးတွေကို အဆိပ်သင့်စေတဲ့အပြင် အဆုတ်ကင်ဆာ ဖြစ်စေနိုင်ပါတယ်” ဟုဆို သည်။

သို့သော်လည်း စိန့်လူးဝစ်မြို့၌ မည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်မနစ်နာခဲ့ကြောင်း အမေရိကန် စစ်တပ်က ငြင်းဆိုထားသည်။

စစ်တပ်ပြောရေးဆိုခွင့်ရှိသူက စစ်တပ်က လုပ်ဆောင်သော ကျန်းမာရေးအကဲဖြတ်မှုများသည် ကျန်းမာရေးအန္တရာယ်ဖြစ်စေမည်မဟုတ်ကြောင်းနှင့် နောက်ဆက်တွဲ လွတ်လပ်သော လေ့လာမှုများက နှိုးဆော်မှု ဖြစ်စေသည့် အကြောင်းရင်းကို မတွေ့ရှိရကြောင်းဖြင့် နိဂုံးချုပ်ကြောင်း AP သတင်းတွင် ဖော်ပြထားသည်။

ဖိလစ်စစ်နှင့် ဒိန်းစ်တို့က ယခင်ကျန်းမာရေးလေ့လာမှုများက စိတ်ပါလက်ပါရှိသည်ဟု ယုံကြည်ကြသည်။လေ့လာမှုအသစ်အဖြစ် ရေဒီယိုသတ္တိကြွပစ္စည်းများမှာ ပက်ဖြန်းခြင်းတွင် တစ်စိတ်တစ်ပိုင်းပါကြောင်း ဟုတ်မဟုတ်သိရန် မြေဆီလွှာကို စမ်းသပ်ကြည့်လိုသည်ဟုဆိုသည်။

ဟော်လေ၏ ဥပဒေကြမ်းကို တိုးချဲ့နိုင်ခြင်း ရှိ၊ မရှိ သေသေချာချာ ရှင်းရှင်းလင်းလင်းမရှိပေ။ သူ့ရုံးသို့ပို့သောစာများမှာ ပြန်မလာပေ။

စိန့်လူးဝစ်မြို့မှ ဒီမိုကရက်တစ် ကိုယ်စားလှယ် ကော်ရီဘုရှ်က သူမနှင့် သူမ၏ ဝန်ထမ်းများမှာ “လောလောဆယ်မှာ Pruitt-Igoe မှာရှိတဲ့ ရေဒီယိုသတ္တိကြွဒြပ်ပေါင်းတွေနဲ့ ဇီဝဓာတုပစ္စည်းတွေကို ပက်ဖြန်းမှုကြောင့် ထိခိုက်သူတွေကို သေချာစေဖို့ ပြည်ထောင်စုအစိုးရအနေနဲ့ လုပ်ဆောင်နိုင်တဲ့ အခြားနည်းလမ်းတွေကို ရှာဖွေနေပါတယ်”ဟုဆိုသည်။

ဒိန်းစ်နှင့် ဖိလစ်စ်တို့က လျော်ကြေးနှင့် အသေးစိတ်လေ့လာမှုအပြင် တောင်းပန်မှုပါလိုသည်ဟု ပြောခဲ့သည်။

“ဒီလို မဖြစ်သင့်ဘူး” ဟု ဒိန်းစ်ကဆိုသည်။

“ကျ​နော်တို့နိုင်ငံသား​တွေကို ကျ​နော်တို့ဒီလိုလုပ်ရင် လွတ်လပ်တဲ့ကမ္ဘာ့ရဲ့​ခေါင်း​ဆောင်လို့ ကျ​နော်တို့ ဘယ်လိုသတ်မှတ်လို့ရမလဲ”

Linko

Ref: Ref: Los Angeles Times| Government should pay compensation for secretive Cold War-era testing, St. Louis victims say