【နိုင်ငံတကာဆောင်းပါး】ကျယ်ပြန့်လာသော အမေရိကန်ကားလုပ်ငန်းသပိတ်တွင် ဘိုင်ဒင်ပါဝင်မည်ဟု မျှော်လင့်ရ

【နိုင်ငံတကာဆောင်းပါး】ကျယ်ပြန့်လာသော အမေရိကန်ကားလုပ်ငန်းသပိတ်တွင် ဘိုင်ဒင်ပါဝင်မည်ဟု မျှော်လင့်ရ

အမေရိကန်ပြည်ထောင်စု မော်တော်ယာဉ်ထုတ်လုပ်ရေးကဏ္ဍမှ သပိတ်သည် တပတ်ကျော် ကြာလာပြီး ပျံ့နှံ့နေသည်။ ထိုကဏ္ဍမှ အလုပ်သမားသမဂ္ဂသည် အမြင့်ဆုံးအဆင့်တွင် နိုင်ငံရေးပြဿနာဖြစ်လာနိုင်သော ထိုပဋိပက္ခကို ပိုမိုခက်ခဲလာစေသည်။

မော်တော်ကား ထုတ်လုပ်ရေးအလုပ်သမားများ သပိတ်ကို ထောက်ခံရန် စက်တင်ဘာလ ၂၆ ရက် အင်္ဂါနေ့တွင် ဒက်ထရိုက်သို့ သွားမည်ဖြစ်ကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် ကြေညာသည်။

"ကားထုတ်လုပ်သူတွေနဲ့ အော်တိုမိုဘီးအလုပ်သမား သမဂ္ဂအကြား နှစ်ဘက်လုံး အကျိုးရှိအောင်လုပ်ရမယ့် အချိန်ရောက်နေပြီ" ဟု လူမှုကွန်ရက် X တွင်သူရေးသားသည်။

ကားထုတ်လုပ်သူများသည် ၎င်းတို့၏ စံချိန်တင်သော အကျိုးအမြတ်များကို အလုပ်သမားများသို့ ခွဲပေးသင့်ကြောင်း အသက် ၈၀ ရှိပြီဖြစ်သော ဒီမိုကရက်တစ် သမ္မတဘိုင်ဒင်က လူသိရှင်ကြား မကြခဏ ပြောခဲ့ဖူးသည်။ မော်တော်ယာဉ်အလုပ် သမား သမဂ္ဂခေါင်းဆောင်က ဖိတ်ကြားသောကြောင့် ဘိုင်ဒင်ထိုသို့ထုတ်ပြန်ခြင်းဖြစ်သည်။ သို့သော် ဒေါ်နယ်ထရမ့်ကို ထိုနေရာတွင် ကြိုဆိုမည်မဟုတ်ကြောင်း ရှောင်ဖိန်းရှင်းပြသည်။ သမ္မတဟောင်းထရမ့်သည် ဗုဒ္ဓဟူးနေ့တွင် မီရှီဂန်တွင် ရှိမည်ဖြစ်ကြောင်း ကြေညာထားသည်။

အလုပ်သမား ၁၈၀၀၀ အလုပ်မလုပ်

ထိုအလုပ်သမားသမဂ္ဂသည် ၎င်း၏လှုပ်ရှားမှုကို ပိုမိုခိုင်မာအောင်လုပ်ဆောင်နေပြီး အမေရိကန်ပြည်နယ် ၂၀ ခန့်မှ မော်တော်ယာဉ်အစိတ်အပိုင်းဖြန့်ချိသည့်ဌာန နောက်ထပ် ၃၈ ခုကိုလည်း ပိတ်ပစ်လိုက်သည်။

ထိုသို့ တိုးချဲ့လိုက်သောကြောင့် ကားထုတ်လုပ်သည့် လုပ်ငန်း ၂ ခုကို ထိခိုက်စေမည်ဖြစ်သည်။ တစ်ခုမှာ နိုင်ငံရေးပရောဂ မကင်းခြင်းကို ရှုတ်ချသည့် General Motors ဖြစ်ပြီး အခြားတစ်ခုမှာ Stellantis ဖြစ်သည်။ ထိုလုပ်ငန်းကြီး ၂ ခုသည် ၎င်းတို့၏ အဆိုပြုချက်များ အထူးသဖြင့် လစာနှင့်ပတ်သက်သည့်အချက်များကို ပိုမိုကောင်းမွန်အောင်မလုပ်ကြောင်း ရှောင်ဖိန်း ရှင်းပြသည်။

အခြားတဘက်တွင် Ford က အဆိုပြုချက်ကောင်းများပြုလုပ်သောကြောင့် ယခုအကြိမ် သပိတ်တိုးချဲ့ခြင်းတွင် ပါဝင်သော်လည်း ညှိနှိုင်းမှု ပြီးစီးအောင်စောင့်နေသောကြောင့် မီရှီဂန်ပြည်နယ် ဝိန်းမှ တပ်ဆင်စက်ရုံကို အလုပ်သမားများက ပိတ်ထားဆဲဖြစ်သည်။

သမဂ္ဂဝင်အလုပ်သမား ၁၅၀၀၀၀ အနက် ၁၈၀၀၀ ခန့်သည် အလုပ်မဆင်းသေးပေ။ ယခုသပိတ်ကြောင့် ကားထုတ်လုပ်သူများသည် အခြားအလုပ်သမားများကိုလည်း အလုပ်မပေးနိုင်သေးပေ။

လက်ရှိအချိန်အထိ စီးပွားရေးထိခိုက်မှုအကန့်အသတ်ဖြင့်သာရှိသေးသော်လည်း Stellantis နှင့် General Motors တွင် သပိတ်တိုးချဲ့ခြင်းသည် ရိုက်ခတ်မှုများနိုင်သည်။ ထိုနေရာများသည် ရောင်းပြီးကားများအတွက် အစိတ်အပိုင်းများထုတ်ပေးသော နေရာများဖြစ်သောကြောင့် ပြည်သူလူထုကို တိုက်ရိုက်ထိခိုက်နိုင်သည်။

" သူတို့က အမြတ်တွေ အရမ်းရတယ် အထူးသဖြင့် Stellantis က အမြတ်အရမ်းရတယ်" ဟု ရှောင်ဖိန်းက CNBC သို့ရှင်းပြပြီး အလုပ်သမားသမဂ္ဂ အနာဂတ်တွင်ဖြစ်နိုင်သည့် အရေးယူဆောင်ရွက်မှုများကိုလည်း စဉ်းစားနေကြောင်း သူပြော သည်။

Linko

Ref:FRI၊United States: strike in the automobile sector extends, Joe Biden expected among the strikers