【 သရော်စာ 】 တက်ကနီကာလာ ညီလာခံ
ရောင်စုံညီလာခံကြီး ကျင်းပလေပြီ။
ညီလာခံဟူသော အသံကြားသဖြင့် လန့်တော့မသွားကြစေလို။
ယခုညီလာခံကား အဝှာညီလာခံလို ဟိုဘုတ်အုတ်စိမ်းကြီးရေးပြီး တိုင်းပြည်ကို မသာချသည့် ကြေးစည်လို ဒူဝေဝေလည်နေအောင်လုပ်မည့် ညီလာခံမျိုးတော့မဟုတ်။
သိုးဆောင်း ဗြိတိသျှအင်္ဂလိပ်ဘာသာဖြင့် တက္ကနီကာလာကွန်းဖရင့်၊ သကျသာကီဘာမထီ မျိုးချစ်ဒီမိုကရက်တစ် ကျေးဇူးတော်ရှင် ရွှေပြည်တော်ကြီး၏ ဘာသာစကား အလိုအားဖြင့် ရောင်စုံညီလာခံဟု အမည်တွင်သည့် ညီလာခံပေ။
ထိုပြင်တဝ လူတစ်ယောက်မှ မပါသော ညီလာခံလည်း ဖြစ်ပေသည်။
ညီလာခံခေါင်းစဉ်အတိုင်း ဝါ၊ စိမ်း၊ နီ၊ပြာ၊ ခရမ်း၊ လိမ္မော်၊ အညို၊ အနက်၊ အဖြူတည်းဟူသော အရောင်များသာ တက်ရောက်သော ညီလာခံပေတည်း။
ယခုလို တက္ကနီကာလာ ညီလာခံကြီး စတင်ဖြစ်လာရန် ဘယ်နည်းဘယ်ပုံဖြင့် အခြေခံလာရသနည်းဟု ဆိုရလျှင်..။
သကျသာကီဘာမထီ မျိုးချစ်ဒီမိုကရက်တစ် ကျေးဇူးတော်ရှင် ရွှေပြည်တော်ကြီးတွင် ခေတ်အဆက်ဆက် ဖားစားပြီး ပေါင်းလုပ်ရသည့် ဖဆပလခေတ်၊ တော်တော်လေးလှန်သွားသည့် တော်လှန်ရေးကောင်စီခေတ်၊ မဆလာကြိတ်သလို အကြိတ်ခံရသည့် လမ်းစဉ်ပါတီခေတ်၊ စစ်စေတနာရှင်အစိုးရခေတ်၊ နောက်တစ်ပြန် ဘောင်းဘီချွတ်ဒီမိုကရေစီခေတ်၊ ယခုအခါ ကနခိုစိမ်းအစိတ်သား မြိုထားမိသည့် ဒီမိုချန်းပီးခေတ် သို့တိုင် အစိုးရများပြောင်းခဲ့လေပြီ။
ထိုအစိုးရတို့ ကာလတစ်လျှောက် ဘာပါတီ၊ ညာပါတီ၊ ဘာအဖွဲ့၊ ညာအဖွဲ့များက ကိုယ်စားပြုအရောင်များ သတ်မှတ်ခဲ့ကြသည်ကော။
သူ့ပါတီ၊ ကိုယ့်ပါတီ၊ သူ့အရောင်၊ ကိုယ့်အရောင် ခွဲကြရာမှ မြန်မာပြည်ရှိ အရောင်လောကတွင်လည်း လူတို့ကဲ့သို့ သွေးကွဲခြင်း စတင်ပေါ်လာပေတော့သည်။
ကျေးဇူးတော်ရှင် ရွှေနိုင်ငံတော်ကြီးတွင် မည်သည့်အရောင်က အတော်ဆုံးဖြစ်မည်နည်းဟု အဝါရောင်၊ အနီရောင်နှင့် အစိမ်းရောင်တို့ စတင်ငြင်းခုန်ကြလေသည်။
သူတို့ သုံးရောင်ကား နိုင်ငံတော်အလံတွင် ပါဝင်သော အရောင်များဖြစ်သဖြင့် အရောင်များထဲတွင် ဆရာကျသော အရောင်များပေ။သူတို့သုံးယောက်ကို ကားယားခွထားသည့် ကြယ်ဖြူကြီးကတော့ ဘာမှဝင်မပြော။ဝင်ပြောသည်က အပြာ။
အပြာသည် နန်းကျအရောင်ဖြစ်သည်။အရင်နိုင်ငံတော်အလံတုန်းက သူက အနီ၏ အထက်ဘက်ကျကျမှာ ဆရာကျကျ ပြာနေသည့် ငတိပေပဲ။အခုတော့ တစ်ချိန်က အတူရှိခဲ့သည့် အနီက သူ့ကို အဖက်မလုပ်သလို၊ မနေ့တစ်နေ့ကမှ ပေါ်လာသည့် အဝါနှင့် အစိမ်းကလည်း သူ့ကို ရှိသည်ဟုပင်မမှတ်။ဒီတော့ အပြာကြီးကလည်း နှစ်ပေါင်းသုံးလေးဆယ်ကြာ အလံပေါ်တွင် လွှမ်းထားသော သူက ဆရာအကျဆုံးဟု ထအော်တော့သည်။
သို့နှင့် အခြားသော အရောင်များလည်း ပါဝင်လာပြီး ကျေးဇူးတော်ရှင်နိုင်ငံတော်တွင် မည်သည့်ကာလာက မာစတာကျသည်ကို ရွေးချယ်ဖို့ရာ ညီလာခံဖြစ်လာချင်းပေတည်း။
ညီလာခံ သဘာပတိအဖြစ် တစ်လုံးတည်းရှိသော ကြယ်ဖြူကြီးကို ခန့်အပ်လိုက်ကြသည်။
ညီလာခံ ရှိလျှင် ညီလာခံ သီချင်းရှိရပေမည်။
ညီလာခံ သီချင်းအတွက် ပထမဆုံး တင်သွင်းလိုက်သူက အဝါ။
''ရွှေဝါရောင် သန့်ရှင်းကို လူထုက မဲပေးကြသည်…ကျွေးတာကိုစား၊ ပေးတာယူထား…ဖက်ဆစ်နဲ့ ဒီမိုကရေစီ..အားလုံးသိသည်။မဲပေးမမှားဖို့ နှိုးဆော်သည်…ခြိမ်းခြောက်တာ တို့မကြောက်သည်။ရဲရဲဝံ့ဝံ့ ရင်ဆိုင်သည့် သန့်ရှင်းပေးမယ့် သန့်ရှင်းလာပြီ''
''ဟိတ်ကောင်..အဝါကောင်..တိတ်စမ်း..ရှင်ပြုတုန်းက ရွှေထီးဆောင်းခဲ့တာတွေ လာအော်ဆိုမနေစမ်းနဲ့''
အစိမ်း၏ အော်သံကြောင့် အဝါက ဆိုလက်စ သီချင်းကို ရပ်လိုက်သည်။
''ဟေ့..အစိမ်းကောင်..ဒီသီချင်းကို နယ်နယ်ရရ မမှတ်နဲ့ကွ…ဟိုး ၅၀ ပြည့်နှစ်များဆီက ငါတို့ အဝါရောင် ဘုန်းမီးတောက်စဉ်မှာ တစ်နိုင်ငံလုံးဝါထိန်ခဲ့ကြတဲ့ သန့်ရှင်းဖဆပလမဲဆွယ်သီချင်းကွ.. မင်းတို့ အစိမ်းလို တီဗွီမှာ အဆိုတော်တွေ တစ်ချိန်လုံးလွှင့်ပြတာတောင် လူတစ်ယောက် အလွတ်မရတဲ့ ဟင်္သာတဖားခုံညှင်းရဲ့သီချင်းမျိုး မဟုတ်ဘူးကွ''
ထိုအချိန်တွင် အပြာက မတ်တပ်ထရပ်ပြီး သီချင်းတစ်ပုဒ်ကောက်အော်လိုက်သည်။
''အနီခံမှာ အပြာဆင့်
စပါးနှံ စက်သွားနှင့်
တို့ပြည်ထောင်စု အလံတော်သည် တလူလူလွှင့်လို့ ချီလာပြီ ပြည်သူအပေါင်းတို့ ပျော်ရွှင်သည်''
အပြာက သူခေတ်ကောင်းစဉ် လမ်းစဉ်ပါတီခေတ်က အလံသီချင်းကို ဆိုလိုက်ခြင်းပင်။
သူဆိုဆိုခြင်းပင် ထိုင်နေကြသောအရောင်များထံမှ အသံတစ်ခု ထွက်လာသည်။
''အနီခံမှာ အပြာဆင့်
စပါးနှံ စက်သွားနှင့်
တို့ပြည်ထောင်စု အလံတော်သည် ဗိုလ်ချုပ်စျေးက ဝယ်လာသည်
တစ်ထည် ၅ ကျပ်တန်ပါသည် ..
ဆေးဆိုးပန်းရိုက် ဖြစ်ပါသည်..''
ရောင်စုံညီလာခံတစ်ခုလုံး တဟားဟားအော်ရယ်ကြသဖြင့် အပြာသည် ရှက်ကိုးရှက်ကန်းဖြင့် ပြန်ထိုင်သွားလေ၏။
သဘာပတိကြီး ကြယ်ဖြူက စားပွဲကို တူဖြင့်ထုပြီး ငြိမ်ရန်အချက်ပေးလိုက်သည်။
''ကဲ..သီချင်းကိစ္စ ခဏထားကြမယ်…အခု လိုရင်းကိုသွားကြစို့..အရောင်ကိုယ်စားလှယ်များ အချက်အလက်များ တင်ပြကြပါ''
သီချင်းကိစ္စတုန်းကလိုပင် ပထမဆုံး စတင်သူက အဝါ။
''ခုနက ကျွန်တော်ဆိုတဲ့ သီချင်းလိုပဲ..လွတ်လပ်ပြီးစ မြန်မာနိုင်ငံ ရဲ့ ပထမဆုံးဝန်ကြီးချုပ်ဦးဆောင်တဲ့ ပါတီရဲ့ ကိုယ်စားပြုအရောင်ဟာ ကျွန်တော်တို့အဝါပါ..အဲ့ဒီကာလက တစ်တိုင်းပြည်လုံး အဝါ..မှ အဝါ..''
''ကန့်ကွက်ပါတယ်.သဘာပတိကြီးခင်ဗျား..ကန့်ကွက်ပါတယ်''
လက်သီးလက်မောင်းတန်းပြီး ထလာသူ အနီ။
''ကဲ..မောင်နီ..မောင်ဝါပြောတာကို ဘာကြောင့် ကန့်ကွက်တာလဲ''
''ဒီလိုပါ ဥက္ကဌကြီး..အဲ့ဒီတုန်းက တစ်တိုင်းပြည်လုံး အဝါဆိုတာ ဒီအမေရိကန်လက်ဝေခံအရင်းရှင်အစိုးရ ရဲ့ ဝါဒဖြန့်မှုပါ။ တကယ်က အခြေခံကျတဲ့ ကျေးလက်တွေနဲ့ တိုးတက်တဲ့ တက္ကသိုလ်ကျောင်းသားတွေ ကြားမှာ ကျုပ်တို့ အနီ ဟာ လွှမ်းမိုးထားခဲ့ပါတယ်။ ကျောင်းသားနီတွေ၊ လယ်သမားနီတွေ၊ အလုပ်သမားနီ၊ တော်လှန်နီ၊ အလေးနီ၊ နီရမည်၊ ချွန်ရမည်..အို..အရှေ့တခွင်လုံးနီ…''
''ဟိုးထား..ဟိုးထား…''
လက်သီးလက်မောင်းတန်းကာ အနီတရားဟောနေသော အနီ ကို တားမြစ်ပြီး နောက်ထပ် ထလာသူမှာလည်း အနီပင်။
''ဟ..ဒီတစ်ယောက်ကလည်း အနီပဲလား..မင်းတို့အနီချင်း..ဘယ်လိုကွာတာလဲဟ''
''အနီချင်း တူပေမယ့်..အနီချင်း မတူပါဘူး..သဘာပတိကြီးခင်ဗျား..သူက လက်ဝဲနီ ပါ.. ကျွန်တော်က အခု ခေတ်သစ်အပ်ဒိတ် အနီ..ကွန်တန်ပိုရရီအနီ..…လက်ရှိအာဏာရအနီ.လူထုမဲနဲ့ တက်လာတဲ့အနီပါ…လက်သန်းလေးတွေရဲ့ အနီပါ…မေမေ့ရဲ့ အနီရောင်ပါ…ဒီဘဲကြီးလို အိုးမော်ဒယ်လ် လက်ဝဲ တရုတ်နီ မဟုတ်ပါဘူး…အနီဟောင်းကြီးတွေကို အတိတ်မှာပဲ အိပ်ခိုင်းလိုက်ပါတော့''
''ဘာကွ..ကိုးဆယ်ခုနှစ်မှ ပေါ်လာတဲ့ မလောက်လေးမလောက်စားအနီရောင်ကများ ငါ့တို့လို မူလလက်ဟောင်းအနီကို စော်စော်ကားကား တရုတ်နီတဲ့ ဟုတ်လား…ဟေ့ကောင်.. မင်းတို့ကမှ…ဂမ်ဘီယာနီ..အာဂျင်တီးနားနီကွ''
လက်ဝဲနီ နှင့် မေမေနီ တို့ တစ်ယောက်နှင့် တစ်ယောက်ရန်စောင်နေကြသဖြင့် သဘာပတိက ခုံကို တူဖြင့် ခပ်ကျယ်ကျယ်ထုလိုက်ရတော့သည်။
''သဘာပတိကြီး ကျွန်တော် တင်ပြပါရစေ..အခု အနီ နှစ်နီ သတ်နေကြတာဟာ ပြည်ထောင်စုကြီး မစည်းလုံးတာပါပဲ..ဒီတော့ ဒီလို ချောက်ထဲ ကျခါနီး လက်တစ်လုံးအလို အခြေအနေမှာ ကျွန်တော် ဝင်ထိန်းသိမ်းသင်ပြီလို့ ထင်ပါတယ်''
''နို့..မင်းက ဘယ်သူတုန်း''
''ကျွန်တော် အစိမ်းပါ''
အစိမ်းက စကားပြောရင်း သူ့ခါးတွင်ချိတ်ထားသော တစ်စုံတစ်ရာကို ပုတ်ပြလိုက်သည်။
''ဟေ့ဟေ့..လူတွေဆီမှာပဲ အာဏာသိမ်းတာရှိတာကွ..ငါတို့ အရောင်တွေလောကမှာ အာဏာသိမ်းတာ မရှိဘူး..အစဉ်အလာမဖျက်ချင်စမ်းပါနဲ့..ပြန်ထိုင်ပါ..မောင်မင်းကြီးသားရယ်..ရှိကြီးခိုးပါတယ်''
''ဟုတ်ပါတယ်..သဘာပတိကြီး..အခုလို ခေတ်မှာ အာဏာသိမ်းဖို့ မလိုပေမယ့်..တိုင်းပြည်ရဲ့ အကွဲကွဲအပြားပြား ဖြစ်နေတဲ့ အခြေအနေကို ထိန်းသိမ်းဖို့ရာဆိုတာ ကျွန်တော်တို့ အတွေ့အကြုံရှိတဲ့ အစိမ်းတွေလိုပါတယ်''
ယခုတစ်ဖန် ထလာသူက နောက်ထပ် အစိမ်း တစ်စိမ်း။
သဘာပတိကြီး မျက်လုံးပြူးသွားလေပြီ။
''ဟေ့..အစိမ်းကလည်း နှစ်စိမ်းတောင်ပါလားဟ''
''ဟုတ်ပါတယ်..သူက အာမီစိမ်းပါ..ကျွန်တော်က သူ့ဆီက အသွင်ပြောင်းလာတဲ့ ပါတီစိမ်းပါ''
''ဟာ ရှုပ်နေတာပဲဟ…ကဲ..နောက် ဘယ်လို အရောင်တွေရှိသေးတာလဲ''
''ရှိပါတယ်..သဘာပတိကြီး..ခုန ဟိုအဝါရောင်အိုကြီးပြောသွားတဲ့ သန့်ရှင်းအဝါ က သက်သက်ပါ..ကျွန်တော်တို့က ပြည်ထောင်စုအကျိုးဆောင်အဝါရောင်ပါ..အခုခေတ်ပေါ် အဝါပါ..မယုံရင် ဟို လူကြမ်းမင်းသားကြီးကိုမေးကြည့်ပါ..သူ့ရဲ့ အဝါပါ''
''ဟေ့ဟေ့..ခဏနေကြပါဦး..ကျွန်တော်တို့ အဝါလည်း ရှိပါသေးတယ်..ကျွန်တော်တို့က ပြည်သူ့အဝါရောင်ပါ.. ကျောင်းသားခေါင်းဆောင်ဟောင်းကြီးကိုယ်တိုင်ထူထောင်တဲ့ ပြည်သူ့အဝါ…ပီးပဲရဲလိုး.ပါ''
''ဟေ့ရောင်..ငါတို့လည်း..ပြည်ထောင်စုအဝါ..ယူနီယံရဲလိုးကွ''
''နောက်မှပေါက်တဲ့အကောင်တွေ နေစမ်း..ငါကမှ မူလလက်ဟောင်း သန့်ရှင်းတဲ့အဝါ..ကလင်းရဲလိုးအစစ်''
အရောင်ကုန်တန် အရောင်ကြီးသုံးရောင်တိုက်ပွဲကို ကျန်သည့် မျက်နှာမွဲအရောင်လေးများက ပေကလပ် ပေကလပ် ကြည့်နေကြလေတော့သည်။
သဘာပတိကြီး ခမြာ တူကို တဒုန်းဒုန်းထုရင်း စိတ်ပျက်လက်ပျက်ဖြစ်သွားလေသည်။
''ကဲ..ကဲ..မင်းတို့ဟာကလည်း တစ်ရောင်ဆိုလည်း တစ်ရောင်တည်းလုပ်ကြလေကွာ…အခုဟာက ဘာတွေတုန်း..လက်ဝဲနီ၊ မေမေ့နီ၊ အာမီစိမ်း၊ ပါတီစိမ်း၊ ရဲလိုးပေါင်းစုံနဲ့ ငါက ဘယ်အရောင်ကို ဘယ်လို ဆုံးဖြတ်ပေးရမှာတုန်း''
''ဒီမှာ သဘာပတိကြယ်ဖြူကြီး ခင်ဗျား မဆုံးဖြတ်နိုင်ရင် မဆုံးဖြတ်နဲ့ပေါ့ဗျာ..ဒီမယ်..အခုအလံမှာသာ ခင်ဗျားက တစ်လုံးတည်းပါတာ..ဟိုးအရင်ကျုပ်တို့ခေတ်ကောင်းစဉ်က ဆယ့်လေးလုံးဗျ..အဲ့ဒီ ကြယ်ဆယ့်လေးလုံးကို ခေါ်လိုက်မယ်'' ဟု အစိမ်းနှင့် အပြာက တစ်ပြိုင်တည်းဆိုကြသည်။
သန့်ရှင်းအဝါကလည်း အားကျမခံ ဖဆပလအလံမှ ကြယ်ငါးလုံးကို ခေါ်ပြီး သဘာပတိခန့်မည်ဟု ပြန်ပက်သည်။
''ဟေ့.ဘာရမလဲကွ..ငါက ကြယ်ဖြူတွေထဲမှာ အကိတ်ဆုံး၊ အကြီးဆုံးပဲ..ဟိုအကောင်ကြယ်လေးတွေက သေးတယ်..ငါ့သဘာပတိထိုင်ခုံတော့ မဖယ်ပေးနိုင်ပေါင်..ငါ့နေရာတော့ မပေးနိုင်ပေါင်''
''ဟေ့..တောင်းယူလို့ မရရင်..တိုက်ယူတယ်ကွာ''
လက်ဝဲနီက ကြွေးကျော်သံပေးပြီးနောက် အရောင်များအားလုံး သဘာပတိစင်ပေါ် တက်ချသွားသည်။
''သင်္ဂါယနာထပ်တင်မယ်..ဗလိနတ်စာကျွေးမယ့်..ဘုရားဒကာ နတ်တကာကွ'' ဟုဆိုကာ
သာသနာ့ဒါယိကာဖြစ်ခဲ့ဖူးသူ သန့်ရှင်းအဝါက လည်း သဘာပတိ ထိုင်ခုံနောက်မှီပေါ် အတင်းခွတက်သည်။
''အရေးကြီးပြီ ညီနောင်အပေါင်းတို့'' ဟူသော မွေးစားသီချင်းကိုဆိုကာ မေမေ့နီက လက်သန်းနှင့် ပြေးထိုးသည်။
ကြယ်ဖြူကြီး ကုလားထိုင်ပေါ်မှ ကျခါနီးဆဲဆဲတွင်
''ပြုတ်ကျရန် လက်တစ်လုံးအလိုမှာ..ကိုယ်မပါရင်လေ ဘာတွေများရှေ့ဆက်ဖြစ်ကြမလဲ'' ဟုဆိုကာ အာမီစိမ်းက ခုံဝင်လုသည်။
ပါတီစိမ်းကလည်း ''သွေးအေးလို့ မနေသင့်ပြီ..သွေးအေးလို့ မနေသင့်ပြီ'' ဆိုကာ ခုံကို မရမက ဆွဲထား၏။
အပြာကလည်း ''မဆလာတစ်ခေတ် ပြန်ဖြစ်ရမည်'' ဟု ကြွေးကြော်ကာ ထိုင်ခုံခြေထောက်ကို နားရွက်တစ်ဖက် ပျောက်သည်အထိ ပူးကပ်ပြီး ဖက်ထားလေတော့သည်။
ပီးပဲရဲလိုးနှင့် ယူနီယံရဲလိုး နှစ်ရောင်ကတော့ ဂျူနီယားများပီပီ ထိုင်ခုံလုရန် အခြေအနေမပေးသဖြင့် သဘာပတိ ရှေ့မှ အလှူခံဖလားကို ဝိုင်းဆွဲကြလေသည်။
သို့သော် အလှူခံဖလားကိုကား ပြည်သူ့ရှေ့တွင် စောင်းနေသော ပူပူနွေးနွေးအပြာလက်သစ်ကလေး က ဦးထားချေပြီ။
သို့နှင့် သို့နှင့် အရောင်တူ အရောင်ကွဲ၊ အရောင်စုံတို့၏ တက္ကနီကာလာ ညီလာခံကြီးကား ထိုင်ခုံလုကြရင်း နိတ္ထိတန်သွားလေတော့သတည်း။
ဗြိတိသျှကိုကိုမောင်
ဇန်နဝါရီ - ၂၆
( Zawgyi )
ေရာင္စုံညီလာခံႀကီး က်င္းပေလၿပီ။
ညီလာခံဟူေသာ အသံၾကားသျဖင့္ လန႔္ေတာ့မသြားၾကေစလို။
ယခုညီလာခံကား အဝွာညီလာခံလို ဟိုဘုတ္အုတ္စိမ္းႀကီးေရးၿပီး တိုင္းျပည္ကို မသာခ်သည့္ ေၾကးစည္လို ဒူေဝေဝလည္ေနေအာင္လုပ္မည့္ ညီလာခံမ်ိဳးေတာ့မဟုတ္။
သိုးေဆာင္း ၿဗိတိသွ်အဂၤလိပ္ဘာသာျဖင့္ တကၠနီကာလာကြန္းဖရင့္၊ သက်သာကီဘာမထီ မ်ိဳးခ်စ္ဒီမိုကရက္တစ္ ေက်းဇူးေတာ္ရွင္ ေ႐ႊျပည္ေတာ္ႀကီး၏ ဘာသာစကား အလိုအားျဖင့္ ေရာင္စုံညီလာခံဟု အမည္တြင္သည့္ ညီလာခံေပ။
ထိုျပင္တဝ လူတစ္ေယာက္မွ မပါေသာ ညီလာခံလည္း ျဖစ္ေပသည္။
ညီလာခံေခါင္းစဥ္အတိုင္း ဝါ၊ စိမ္း၊ နီ၊ျပာ၊ ခရမ္း၊ လိေမၼာ္၊ အညိဳ၊ အနက္၊ အျဖဴတည္းဟူေသာ အေရာင္မ်ားသာ တက္ေရာက္ေသာ ညီလာခံေပတည္း။
ယခုလို တကၠနီကာလာ ညီလာခံႀကီး စတင္ျဖစ္လာရန္ ဘယ္နည္းဘယ္ပုံျဖင့္ အေျခခံလာရသနည္းဟု ဆိုရလွ်င္..။
သက်သာကီဘာမထီ မ်ိဳးခ်စ္ဒီမိုကရက္တစ္ ေက်းဇူးေတာ္ရွင္ ေ႐ႊျပည္ေတာ္ႀကီးတြင္ ေခတ္အဆက္ဆက္ ဖားစားၿပီး ေပါင္းလုပ္ရသည့္ ဖဆပလေခတ္၊ ေတာ္ေတာ္ေလးလွန္သြားသည့္ ေတာ္လွန္ေရးေကာင္စီေခတ္၊ မဆလာႀကိတ္သလို အႀကိတ္ခံရသည့္ လမ္းစဥ္ပါတီေခတ္၊ စစ္ေစတနာရွင္အစိုးရေခတ္၊ ေနာက္တစ္ျပန္ ေဘာင္းဘီခြၽတ္ဒီမိုကေရစီေခတ္၊ ယခုအခါ ကနခိုစိမ္းအစိတ္သား ၿမိဳထားမိသည့္ ဒီမိုခ်န္းပီးေခတ္ သို႔တိုင္ အစိုးရမ်ားေျပာင္းခဲ့ေလၿပီ။
ထိုအစိုးရတို႔ ကာလတစ္ေလွ်ာက္ ဘာပါတီ၊ ညာပါတီ၊ ဘာအဖြဲ႕၊ ညာအဖြဲ႕မ်ားက ကိုယ္စားျပဳအေရာင္မ်ား သတ္မွတ္ခဲ့ၾကသည္ေကာ။
သူ႔ပါတီ၊ ကိုယ့္ပါတီ၊ သူ႔အေရာင္၊ ကိုယ့္အေရာင္ ခြဲၾကရာမွ ျမန္မာျပည္ရွိ အေရာင္ေလာကတြင္လည္း လူတို႔ကဲ့သို႔ ေသြးကြဲျခင္း စတင္ေပၚလာေပေတာ့သည္။
ေက်းဇူးေတာ္ရွင္ ေ႐ႊႏိုင္ငံေတာ္ႀကီးတြင္ မည္သည့္အေရာင္က အေတာ္ဆုံးျဖစ္မည္နည္းဟု အဝါေရာင္၊ အနီေရာင္ႏွင့္ အစိမ္းေရာင္တို႔ စတင္ျငင္းခုန္ၾကေလသည္။
သူတို႔ သုံးေရာင္ကား ႏိုင္ငံေတာ္အလံတြင္ ပါဝင္ေသာ အေရာင္မ်ားျဖစ္သျဖင့္ အေရာင္မ်ားထဲတြင္ ဆရာက်ေသာ အေရာင္မ်ားေပ။သူတို႔သုံးေယာက္ကို ကားယားခြထားသည့္ ၾကယ္ျဖဴႀကီးကေတာ့ ဘာမွဝင္မေျပာ။ဝင္ေျပာသည္က အျပာ။
အျပာသည္ နန္းက်အေရာင္ျဖစ္သည္။အရင္ႏိုင္ငံေတာ္အလံတုန္းက သူက အနီ၏ အထက္ဘက္က်က်မွာ ဆရာက်က် ျပာေနသည့္ ငတိေပပဲ။အခုေတာ့ တစ္ခ်ိန္က အတူရွိခဲ့သည့္ အနီက သူ႔ကို အဖက္မလုပ္သလို၊ မေန႔တစ္ေန႔ကမွ ေပၚလာသည့္ အဝါႏွင့္ အစိမ္းကလည္း သူ႔ကို ရွိသည္ဟုပင္မမွတ္။ဒီေတာ့ အျပာႀကီးကလည္း ႏွစ္ေပါင္းသုံးေလးဆယ္ၾကာ အလံေပၚတြင္ လႊမ္းထားေသာ သူက ဆရာအက်ဆုံးဟု ထေအာ္ေတာ့သည္။
သို႔ႏွင့္ အျခားေသာ အေရာင္မ်ားလည္း ပါဝင္လာၿပီး ေက်းဇူးေတာ္ရွင္ႏိုင္ငံေတာ္တြင္ မည္သည့္ကာလာက မာစတာက်သည္ကို ေ႐ြးခ်ယ္ဖို႔ရာ ညီလာခံျဖစ္လာခ်င္းေပတည္း။
ညီလာခံ သဘာပတိအျဖစ္ တစ္လုံးတည္းရွိေသာ ၾကယ္ျဖဴႀကီးကို ခန႔္အပ္လိုက္ၾကသည္။
ညီလာခံ ရွိလွ်င္ ညီလာခံ သီခ်င္းရွိရေပမည္။
ညီလာခံ သီခ်င္းအတြက္ ပထမဆုံး တင္သြင္းလိုက္သူက အဝါ။
''ေ႐ႊဝါေရာင္ သန႔္ရွင္းကို လူထုက မဲေပးၾကသည္…ေကြၽးတာကိုစား၊ ေပးတာယူထား…ဖက္ဆစ္နဲ႔ ဒီမိုကေရစီ..အားလုံးသိသည္။မဲေပးမမွားဖို႔ ႏႈိးေဆာ္သည္…ၿခိမ္းေျခာက္တာ တို႔မေၾကာက္သည္။ရဲရဲဝံ့ဝံ့ ရင္ဆိုင္သည့္ သန႔္ရွင္းေပးမယ့္ သန႔္ရွင္းလာၿပီ''
''ဟိတ္ေကာင္..အဝါေကာင္..တိတ္စမ္း..ရွင္ျပဳတုန္းက ေ႐ႊထီးေဆာင္းခဲ့တာေတြ လာေအာ္ဆိုမေနစမ္းနဲ႔''
အစိမ္း၏ ေအာ္သံေၾကာင့္ အဝါက ဆိုလက္စ သီခ်င္းကို ရပ္လိုက္သည္။
''ေဟ့..အစိမ္းေကာင္..ဒီသီခ်င္းကို နယ္နယ္ရရ မမွတ္နဲ႔ကြ…ဟိုး ၅၀ ျပည့္ႏွစ္မ်ားဆီက ငါတို႔ အဝါေရာင္ ဘုန္းမီးေတာက္စဥ္မွာ တစ္ႏိုင္ငံလုံးဝါထိန္ခဲ့ၾကတဲ့ သန႔္ရွင္းဖဆပလမဲဆြယ္သီခ်င္းကြ.. မင္းတို႔ အစိမ္းလို တီဗြီမွာ အဆိုေတာ္ေတြ တစ္ခ်ိန္လုံးလႊင့္ျပတာေတာင္ လူတစ္ေယာက္ အလြတ္မရတဲ့ ဟသၤာတဖားခုံညႇင္းရဲ႕သီခ်င္းမ်ိဳး မဟုတ္ဘူးကြ''
ထိုအခ်ိန္တြင္ အျပာက မတ္တပ္ထရပ္ၿပီး သီခ်င္းတစ္ပုဒ္ေကာက္ေအာ္လိုက္သည္။
''အနီခံမွာ အျပာဆင့္
စပါးႏွံ စက္သြားႏွင့္
တို႔ျပည္ေထာင္စု အလံေတာ္သည္ တလူလူလႊင့္လို႔ ခ်ီလာၿပီ ျပည္သူအေပါင္းတို႔ ေပ်ာ္႐ႊင္သည္''
အျပာက သူေခတ္ေကာင္းစဥ္ လမ္းစဥ္ပါတီေခတ္က အလံသီခ်င္းကို ဆိုလိုက္ျခင္းပင္။
သူဆိုဆိုျခင္းပင္ ထိုင္ေနၾကေသာအေရာင္မ်ားထံမွ အသံတစ္ခု ထြက္လာသည္။
''အနီခံမွာ အျပာဆင့္
စပါးႏွံ စက္သြားႏွင့္
တို႔ျပည္ေထာင္စု အလံေတာ္သည္ ဗိုလ္ခ်ဳပ္ေစ်းက ဝယ္လာသည္
တစ္ထည္ ၅ က်ပ္တန္ပါသည္ ..
ေဆးဆိုးပန္း႐ိုက္ ျဖစ္ပါသည္..''
ေရာင္စုံညီလာခံတစ္ခုလုံး တဟားဟားေအာ္ရယ္ၾကသျဖင့္ အျပာသည္ ရွက္ကိုးရွက္ကန္းျဖင့္ ျပန္ထိုင္သြားေလ၏။
သဘာပတိႀကီး ၾကယ္ျဖဴက စားပြဲကို တူျဖင့္ထုၿပီး ၿငိမ္ရန္အခ်က္ေပးလိုက္သည္။
''ကဲ..သီခ်င္းကိစၥ ခဏထားၾကမယ္…အခု လိုရင္းကိုသြားၾကစို႔..အေရာင္ကိုယ္စားလွယ္မ်ား အခ်က္အလက္မ်ား တင္ျပၾကပါ''
သီခ်င္းကိစၥတုန္းကလိုပင္ ပထမဆုံး စတင္သူက အဝါ။
''ခုနက ကြၽန္ေတာ္ဆိုတဲ့ သီခ်င္းလိုပဲ..လြတ္လပ္ၿပီးစ ျမန္မာႏိုင္ငံ ရဲ႕ ပထမဆုံးဝန္ႀကီးခ်ဳပ္ဦးေဆာင္တဲ့ ပါတီရဲ႕ ကိုယ္စားျပဳအေရာင္ဟာ ကြၽန္ေတာ္တို႔အဝါပါ..အဲ့ဒီကာလက တစ္တိုင္းျပည္လုံး အဝါ..မွ အဝါ..''
''ကန႔္ကြက္ပါတယ္.သဘာပတိႀကီးခင္ဗ်ား..ကန႔္ကြက္ပါတယ္''
လက္သီးလက္ေမာင္းတန္းၿပီး ထလာသူ အနီ။
''ကဲ..ေမာင္နီ..ေမာင္ဝါေျပာတာကို ဘာေၾကာင့္ ကန႔္ကြက္တာလဲ''
''ဒီလိုပါ ဥကၠဌႀကီး..အဲ့ဒီတုန္းက တစ္တိုင္းျပည္လုံး အဝါဆိုတာ ဒီအေမရိကန္လက္ေဝခံအရင္းရွင္အစိုးရ ရဲ႕ ဝါဒျဖန႔္မႈပါ။ တကယ္က အေျခခံက်တဲ့ ေက်းလက္ေတြနဲ႔ တိုးတက္တဲ့ တကၠသိုလ္ေက်ာင္းသားေတြ ၾကားမွာ က်ဳပ္တို႔ အနီ ဟာ လႊမ္းမိုးထားခဲ့ပါတယ္။ ေက်ာင္းသားနီေတြ၊ လယ္သမားနီေတြ၊ အလုပ္သမားနီ၊ ေတာ္လွန္နီ၊ အေလးနီ၊ နီရမည္၊ ခြၽန္ရမည္..အို..အေရွ႕တခြင္လုံးနီ…''
''ဟိုးထား..ဟိုးထား…''
လက္သီးလက္ေမာင္းတန္းကာ အနီတရားေဟာေနေသာ အနီ ကို တားျမစ္ၿပီး ေနာက္ထပ္ ထလာသူမွာလည္း အနီပင္။
''ဟ..ဒီတစ္ေယာက္ကလည္း အနီပဲလား..မင္းတို႔အနီခ်င္း..ဘယ္လိုကြာတာလဲဟ''
''အနီခ်င္း တူေပမယ့္..အနီခ်င္း မတူပါဘူး..သဘာပတိႀကီးခင္ဗ်ား..သူက လက္ဝဲနီ ပါ.. ကြၽန္ေတာ္က အခု ေခတ္သစ္အပ္ဒိတ္ အနီ..ကြန္တန္ပိုရရီအနီ..…လက္ရွိအာဏာရအနီ.လူထုမဲနဲ႔ တက္လာတဲ့အနီပါ…လက္သန္းေလးေတြရဲ႕ အနီပါ…ေမေမ့ရဲ႕ အနီေရာင္ပါ…ဒီဘဲႀကီးလို အိုးေမာ္ဒယ္လ္ လက္ဝဲ တ႐ုတ္နီ မဟုတ္ပါဘူး…အနီေဟာင္းႀကီးေတြကို အတိတ္မွာပဲ အိပ္ခိုင္းလိုက္ပါေတာ့''
''ဘာကြ..ကိုးဆယ္ခုႏွစ္မွ ေပၚလာတဲ့ မေလာက္ေလးမေလာက္စားအနီေရာင္ကမ်ား ငါ့တို႔လို မူလလက္ေဟာင္းအနီကို ေစာ္ေစာ္ကားကား တ႐ုတ္နီတဲ့ ဟုတ္လား…ေဟ့ေကာင္.. မင္းတို႔ကမွ…ဂမ္ဘီယာနီ..အာဂ်င္တီးနားနီကြ''
လက္ဝဲနီ ႏွင့္ ေမေမနီ တို႔ တစ္ေယာက္ႏွင့္ တစ္ေယာက္ရန္ေစာင္ေနၾကသျဖင့္ သဘာပတိက ခုံကို တူျဖင့္ ခပ္က်ယ္က်ယ္ထုလိုက္ရေတာ့သည္။
''သဘာပတိႀကီး ကြၽန္ေတာ္ တင္ျပပါရေစ..အခု အနီ ႏွစ္နီ သတ္ေနၾကတာဟာ ျပည္ေထာင္စုႀကီး မစည္းလုံးတာပါပဲ..ဒီေတာ့ ဒီလို ေခ်ာက္ထဲ က်ခါနီး လက္တစ္လုံးအလို အေျခအေနမွာ ကြၽန္ေတာ္ ဝင္ထိန္းသိမ္းသင္ၿပီလို႔ ထင္ပါတယ္''
''ႏို႔..မင္းက ဘယ္သူတုန္း''
''ကြၽန္ေတာ္ အစိမ္းပါ''
အစိမ္းက စကားေျပာရင္း သူ႔ခါးတြင္ခ်ိတ္ထားေသာ တစ္စုံတစ္ရာကို ပုတ္ျပလိုက္သည္။
''ေဟ့ေဟ့..လူေတြဆီမွာပဲ အာဏာသိမ္းတာရွိတာကြ..ငါတို႔ အေရာင္ေတြေလာကမွာ အာဏာသိမ္းတာ မရွိဘူး..အစဥ္အလာမဖ်က္ခ်င္စမ္းပါနဲ႔..ျပန္ထိုင္ပါ..ေမာင္မင္းႀကီးသားရယ္..ရွိႀကီးခိုးပါတယ္''
''ဟုတ္ပါတယ္..သဘာပတိႀကီး..အခုလို ေခတ္မွာ အာဏာသိမ္းဖို႔ မလိုေပမယ့္..တိုင္းျပည္ရဲ႕ အကြဲကြဲအျပားျပား ျဖစ္ေနတဲ့ အေျခအေနကို ထိန္းသိမ္းဖို႔ရာဆိုတာ ကြၽန္ေတာ္တို႔ အေတြ႕အႀကဳံရွိတဲ့ အစိမ္းေတြလိုပါတယ္''
ယခုတစ္ဖန္ ထလာသူက ေနာက္ထပ္ အစိမ္း တစ္စိမ္း။
သဘာပတိႀကီး မ်က္လုံးျပဴးသြားေလၿပီ။
''ေဟ့..အစိမ္းကလည္း ႏွစ္စိမ္းေတာင္ပါလားဟ''
''ဟုတ္ပါတယ္..သူက အာမီစိမ္းပါ..ကြၽန္ေတာ္က သူ႔ဆီက အသြင္ေျပာင္းလာတဲ့ ပါတီစိမ္းပါ''
''ဟာ ရႈပ္ေနတာပဲဟ…ကဲ..ေနာက္ ဘယ္လို အေရာင္ေတြရွိေသးတာလဲ''
''ရွိပါတယ္..သဘာပတိႀကီး..ခုန ဟိုအဝါေရာင္အိုႀကီးေျပာသြားတဲ့ သန႔္ရွင္းအဝါ က သက္သက္ပါ..ကြၽန္ေတာ္တို႔က ျပည္ေထာင္စုအက်ိဳးေဆာင္အဝါေရာင္ပါ..အခုေခတ္ေပၚ အဝါပါ..မယုံရင္ ဟို လူၾကမ္းမင္းသားႀကီးကိုေမးၾကည့္ပါ..သူ႔ရဲ႕ အဝါပါ''
''ေဟ့ေဟ့..ခဏေနၾကပါဦး..ကြၽန္ေတာ္တို႔ အဝါလည္း ရွိပါေသးတယ္..ကြၽန္ေတာ္တို႔က ျပည္သူ႔အဝါေရာင္ပါ.. ေက်ာင္းသားေခါင္းေဆာင္ေဟာင္းႀကီးကိုယ္တိုင္ထူေထာင္တဲ့ ျပည္သူ႔အဝါ…ပီးပဲရဲလိုး.ပါ''
''ေဟ့ေရာင္..ငါတို႔လည္း..ျပည္ေထာင္စုအဝါ..ယူနီယံရဲလိုးကြ''
''ေနာက္မွေပါက္တဲ့အေကာင္ေတြ ေနစမ္း..ငါကမွ မူလလက္ေဟာင္း သန႔္ရွင္းတဲ့အဝါ..ကလင္းရဲလိုးအစစ္''
အေရာင္ကုန္တန္ အေရာင္ႀကီးသုံးေရာင္တိုက္ပြဲကို က်န္သည့္ မ်က္ႏွာမြဲအေရာင္ေလးမ်ားက ေပကလပ္ ေပကလပ္ ၾကည့္ေနၾကေလေတာ့သည္။
သဘာပတိႀကီး ချမာ တူကို တဒုန္းဒုန္းထုရင္း စိတ္ပ်က္လက္ပ်က္ျဖစ္သြားေလသည္။
''ကဲ..ကဲ..မင္းတို႔ဟာကလည္း တစ္ေရာင္ဆိုလည္း တစ္ေရာင္တည္းလုပ္ၾကေလကြာ…အခုဟာက ဘာေတြတုန္း..လက္ဝဲနီ၊ ေမေမ့နီ၊ အာမီစိမ္း၊ ပါတီစိမ္း၊ ရဲလိုးေပါင္းစုံနဲ႔ ငါက ဘယ္အေရာင္ကို ဘယ္လို ဆုံးျဖတ္ေပးရမွာတုန္း''
''ဒီမွာ သဘာပတိၾကယ္ျဖဴႀကီး ခင္ဗ်ား မဆုံးျဖတ္ႏိုင္ရင္ မဆုံးျဖတ္နဲ႔ေပါ့ဗ်ာ..ဒီမယ္..အခုအလံမွာသာ ခင္ဗ်ားက တစ္လုံးတည္းပါတာ..ဟိုးအရင္က်ဳပ္တို႔ေခတ္ေကာင္းစဥ္က ဆယ့္ေလးလုံးဗ်..အဲ့ဒီ ၾကယ္ဆယ့္ေလးလုံးကို ေခၚလိုက္မယ္'' ဟု အစိမ္းႏွင့္ အျပာက တစ္ၿပိဳင္တည္းဆိုၾကသည္။
သန႔္ရွင္းအဝါကလည္း အားက်မခံ ဖဆပလအလံမွ ၾကယ္ငါးလုံးကို ေခၚၿပီး သဘာပတိခန႔္မည္ဟု ျပန္ပက္သည္။
''ေဟ့.ဘာရမလဲကြ..ငါက ၾကယ္ျဖဴေတြထဲမွာ အကိတ္ဆုံး၊ အႀကီးဆုံးပဲ..ဟိုအေကာင္ၾကယ္ေလးေတြက ေသးတယ္..ငါ့သဘာပတိထိုင္ခုံေတာ့ မဖယ္ေပးႏိုင္ေပါင္..ငါ့ေနရာေတာ့ မေပးႏိုင္ေပါင္''
''ေဟ့..ေတာင္းယူလို႔ မရရင္..တိုက္ယူတယ္ကြာ''
လက္ဝဲနီက ေႂကြးေက်ာ္သံေပးၿပီးေနာက္ အေရာင္မ်ားအားလုံး သဘာပတိစင္ေပၚ တက္ခ်သြားသည္။
''သဂၤါယနာထပ္တင္မယ္..ဗလိနတ္စာေကြၽးမယ့္..ဘုရားဒကာ နတ္တကာကြ'' ဟုဆိုကာ
သာသနာ့ဒါယိကာျဖစ္ခဲ့ဖူးသူ သန႔္ရွင္းအဝါက လည္း သဘာပတိ ထိုင္ခုံေနာက္မွီေပၚ အတင္းခြတက္သည္။
''အေရးႀကီးၿပီ ညီေနာင္အေပါင္းတို႔'' ဟူေသာ ေမြးစားသီခ်င္းကိုဆိုကာ ေမေမ့နီက လက္သန္းႏွင့္ ေျပးထိုးသည္။
ၾကယ္ျဖဴႀကီး ကုလားထိုင္ေပၚမွ က်ခါနီးဆဲဆဲတြင္
''ျပဳတ္က်ရန္ လက္တစ္လုံးအလိုမွာ..ကိုယ္မပါရင္ေလ ဘာေတြမ်ားေရွ႕ဆက္ျဖစ္ၾကမလဲ'' ဟုဆိုကာ အာမီစိမ္းက ခုံဝင္လုသည္။
ပါတီစိမ္းကလည္း ''ေသြးေအးလို႔ မေနသင့္ၿပီ..ေသြးေအးလို႔ မေနသင့္ၿပီ'' ဆိုကာ ခုံကို မရမက ဆြဲထား၏။
အျပာကလည္း ''မဆလာတစ္ေခတ္ ျပန္ျဖစ္ရမည္'' ဟု ေႂကြးေၾကာ္ကာ ထိုင္ခုံေျခေထာက္ကို နား႐ြက္တစ္ဖက္ ေပ်ာက္သည္အထိ ပူးကပ္ၿပီး ဖက္ထားေလေတာ့သည္။
ပီးပဲရဲလိုးႏွင့္ ယူနီယံရဲလိုး ႏွစ္ေရာင္ကေတာ့ ဂ်ဴနီယားမ်ားပီပီ ထိုင္ခုံလုရန္ အေျခအေနမေပးသျဖင့္ သဘာပတိ ေရွ႕မွ အလႉခံဖလားကို ဝိုင္းဆြဲၾကေလသည္။
သို႔ေသာ္ အလႉခံဖလားကိုကား ျပည္သူ႔ေရွ႕တြင္ ေစာင္းေနေသာ ပူပူေႏြးေႏြးအျပာလက္သစ္ကေလး က ဦးထားေခ်ၿပီ။
သို႔ႏွင့္ သို႔ႏွင့္ အေရာင္တူ အေရာင္ကြဲ၊ အေရာင္စုံတို႔၏ တကၠနီကာလာ ညီလာခံႀကီးကား ထိုင္ခုံလုၾကရင္း နိတၳိတန္သြားေလေတာ့သတည္း။
ၿဗိတိသွ်ကိုကိုေမာင္
ဇန္နဝါရီ - ၂၆