【 အားကစား 】 ICC ဖလားမှာ အာဆင်နယ် ရီးရဲလ်ကို အနိုင်ယူနိုင် မလား

  【  အားကစား  】 ICC ဖလားမှာ အာဆင်နယ် ရီးရဲလ်ကို အနိုင်ယူနိုင် မလား

စင်္ကာပူနိုင်ငံမှာကျင်းပနေတဲ့ နိိုုင်ငံတကာချန်ပီယံများဖလားပွဲစဉ်အဖြစ် အာဆင်နယ် အသင်း နဲ့ ရီးရဲလ်အသင်းတို့ နံနက် ၅ နာရီခွဲ ၆ အချိန်မှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။

အသင်း ၁၃ သင်းပါဝင်ယှဉ်ပြိုင်နေ တဲ့နိုင်ငံတကာ ချန်ပီယံများ ဖလားပွဲ စဉ်မှာ အာဆင်နယ်အသင်းအနေနဲ့ ဘိုင်ယန်မြူးနစ် နဲ့ ဖီအိုရင်တီးနား အသင်းတွေကို အနိုင်ရရှိခဲ့ပြီး ဇယားထိပ်မှာ ဦးဆောင်လျှက်ရှိပြီး ရီးရဲလ် အသင်းအနေနဲ့ ပွဲဦးထွက်ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းကို ရှုံးနိမ့် ခဲ့ပါတယ်။

နည်းပြအူနိုင်းအမ်မရီရဲ့ အဆင်နယ်အသင်းဟာ မာတင်နယ်လီကို ခေါ်ယူ ထားပြီး ICC ပထမပွဲစဉ်အဖြစ်ကစားခဲ့တဲ့ဘိုင်ယန်မြူးနစ်အသင်း နဲ့ ပွဲစဉ်မှာ ကစားသမား ၈ ဦးအထိ အလဲအလှယ်ပြုလုပ် ခဲ့ပါ တယ်။ ဖီအိုရင်တီးနားအသင်းနဲ့ ပွဲစဉ်မှာတော့ ၁၃ ဦးအထိလူစားလဲလှယ်ခဲ့ပြီး ကစားကွက်နဲ့ အသင်းကို စမ်းသပ် ပြင်ဆင်မှုတွေပြုလုပ်ခဲ့ပါတယ်။

ရီးရဲလ်အသင်းနည်းပြ ဇီဒန်းက အသင်းအတွက် မန်ဒီ၊မီလီတို၊ ဟာဇက်၊ ရိုဒရီဂို၊ယိုဗစ် တို့ကိုခေါ်ယူထားပြီး ပထမဆုံးပွဲစဉ်မှာ ဘိုင်ယန်မြူးနစ် အသင်းကို ၃-၁ ဂိုးနဲ့ရှုံးနိမ့်ခဲ့ပါတယ်။အဲ့ဒီပွဲစဉ်မှာ ကစားသမား ၁၁ ဦး အထိ အပြောင်း အလဲပြုလုပ်ခဲ့ပြီး ကစားကွက် နဲ့ လူအခင်းအကျင်းကို စမ်းသပ်ခဲ့ပါတယ်။

အခုပွဲကိုဘွတ်ကီဒိုင်တွေက ရီးရဲလ်အသင်းဘက်မှ သရေ ၈၅ အရှုံး ဖွင့် လှစ် ထားပြီး ဂိုးပေါင်း ၃ လုံး ၅၅ပြား အရှုံးဖွင့်လှစ်ထားပါတယ်။ ရီးရဲလ် အသင်းအနေနဲ့ ICC ပြိုင်ပွဲ ၇ ကြိမ်စလုံးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အာဆင် နယ်အသင်းအနေနဲ့ ၃ ကြိမ်မြောက်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပါတယ်။

ICC ပြိုင်ပွဲတလျှေက် အာဆင်နယ်အသင်းနဲ့ ရီးရဲလ်အသင်းတို့ တွေ့ဆုံ ခဲ့ခြင်းမရှိဘဲ ပထမဆုံးအကြိမ် ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။အာဆင်နယ် အသင်းအနေနဲ့ အခုယှဉ်ပြိုင်နေတဲ့ ပွဲစဉ်တွေမှာ မထင်မှတ် ဘဲ ၂ ပွဲစလုံးအနိုင်ရရှိခဲ့ပြီး ရီးရဲလ် အသင်းအနေနဲ့ ရှုံးပွဲကြုံတွေ့ထား တဲ့ အတွက် ထပ်မံရှုံးနိမ့်ပါက ဖိအားတွေရှိလာမှာဖြစ်ပါတယ်။

ရာသီသစ်အတွက် ယုံကြည်မှုတွေရရှိဖို့ နဲ့ ဖိအားတွေ မဖြစ်စေဖို့ အခု ပွဲစဉ် ကို မဖြစ်မနေအနိုင်ကစားလာနိုင်တဲ့ ရီးရဲလ်အသင်း နဲ့ သာ လက်တွဲ သင့်ပါကြောင်း------

KON(SPORT)

(  Zawgyi  )

 စင်္ကာပူနိုင်ငံမှာကျင်းပနေတဲ့ နိုင်ငံတကာချန်ပီယံများဖလားပွဲစဉ်အဖြစ် အာဆင်နယ် အသင်း နဲ့ ရီးရဲလ်အသင်းတို့ နံနက် ၅ နာရီခွဲ ၆ အချိန်မှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။







KON(SPORT)