【 ပြည်တွင်း 】 လက်ရှိဘဏ္ဍာနှစ် ၁၀ လအတွင်း ထိုင်း-မြန်မာ ကုန်သွယ်မှု ကန်ဒေါ်လာ သန်း ၄၄၀၀ ကျော်ရှိ

【 ပြည်တွင်း 】 လက်ရှိဘဏ္ဍာနှစ် ၁၀ လအတွင်း ထိုင်း-မြန်မာ ကုန်သွယ်မှု ကန်ဒေါ်လာ သန်း ၄၄၀၀ ကျော်ရှိ

ရန်ကုန်၊ မတ် - ၁၉

လက်ရှိဘဏ္ဍာနှစ် ၁၀ လအတွင်း ထိုင်း-မြန်မာ နှစ်နိုင်ငံကြား ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်း ၄၄၀၀ ကျော်ရှိကြောင်း စီးပွားကူးသန်းရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ ဇန်နဝါရီလအထိ ၁၀ လအတွင်းမှာ ထိုင်းနိုင်ငံသို့ ပို့ကုန် ကန်ဒေါ်လာ ၂၉၁၅.၁၁၇ သန်း တင်ပို့ခဲ့ပြီး သွင်းကုန်အနေဖြင့် ကန်ဒေါ်လာ ၁၅၂၁.၀၉၇ သန်း တန်ဖိုး တင်သွင်းခဲ့ပြီး စုစုပေါင်းကုန်သွယ်မှုပမာဏဟာ ဒေါ်လာ ၄၄၃၆.၂၁၄ သန်းရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်းကလည်း ထိုင်း-မြန်မာ နှစ်နိုင်ငံကြား ကုန်သွယ်မှုတန်ဖိုးဟာ ကန်ဒေါ်လာ သန်း ၆၀၀၀ နီးပါးရှိခဲ့ကြောင်း သိရပါတယ်။

လက်ရှိဘဏ္ဍာနှစ် ၁၀ လအတွင်း ထိုင်းနိုင်ငံအပါအဝင် ပြည်ပနိုင်ငံများသို့ ပို့ကုန် ကန်ဒေါ်လာ ၁၂၀၅၉.၉၉၅ သန်း တန်ဖိုး တင်ပို့ခဲ့ပြီး၊ သွင်းကုန်အနေဖြင့် ကန်ဒေါ်လာ  ၁၃၂၅၈.၀၇၂ သန်း တန်ဖိုး တင်သွင်းထားကြောင်းလည်း ထုတ်ပြန်ချက်စာရင်းတွေအရ သိရပါတယ်။

လင်းလင်း